လောက်ကိုင်ပြီးတော့ ဟိုပန်အလှည့်လာပြီဝေ့😍😍😊✊👇
ဟိုပန်မြို့ ရှိစစ်ကောင်စီတပ်စခန်းများကို ညီ​နောင်မဟာမိတ်သုံးဖွဲ့တိုက်ခိုက်နေ
People’s Spring
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်‌​သော ဟိုပန်မြို့မှ အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအပါအဝင် စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကယနေ့တိုက်ခိုက်နေသည်။
“မနက် အစောကြီးကတည်းက တိုက်ပွဲဖြစ်နေတာပါ။ စစ် တပ်အတိုက်ခံနေရတာပါ” ဟု ဟိုပန်မြို့ခံတဦးပြောသည်။
ဟိုပန်မြို့သည် ချင်းရွှေဟော်၊ကွမ်းလုံမြို့တို့နှင့် ထိစပ်နေပြီး မြောက်ပိုင်းညီ​နောင်မဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားသည့် အဆိုပါမြို့နယ်နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ လာရောက် ရှောင်တိမ်းနေသောနေရာဖြစ်​ကြောင်းသိရသည်
ယနေ့ နံနက် ၁၀ နာရီ၌ ရရှိသော သတင်းအရ ဟိုပန် မြို့နယ်မှ စစ်ကောင်စီစခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိုးစစ်စင်တိုက်ခိုက်နေပြီး ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံများကပြောသည်။
တိုက်ပွဲများ​ကြောင့် လမ်း​ပေါ်တွင် လူသွားလူလာမရှိ​တော့​ကြောင်း လည်းသိရသည်။
(ဟိုပန်မြို့ ယ​နေ့နံနက် မြင်ကွင်း။ဓါတ်ပုံ-CJ )
People’s Spring
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *