အဲ့တာကြောင့်ဟိုဖမ်းခံရတဲ့ဒုဗိုလ်မှူးကြီးပြုံးနေတာကိုး 😜

MNDAA ထံတွင် လက်နက်ချ အညံ့ခံသော လောက်ကိုင်ဒကစမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီက ပြန်လည် လက်ခံမည်ဖြစ်သော်လည်း အရေး ယူ၊ မယူ ရှင်းရှင်း လင်းလင်း မသိရသေး

ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် လက်နက်ချ အညံ့ခံလိုက်ကြသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က ပြန်လည် လက်ခံမည်ဖြစ်သော်လည်း အရေးယူမည်၊ မယူမည်ကို မသိရှိရသေးကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လောက်ကိုင်ဒကစမှ လက်နက်ချ အညံ့ခံလိုက်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့စစ်များကို အနီးစပ်ဆုံး တိုင်းစစ်ဌာနချုပ်က လက်ခံထားရန် အမိန့် ညွှန်ကြားမှုများ ရှိနေပြီး ထိုသို့ လက်နက်ချ ၍ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူမည်၊ အရေးမယူ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဟု သိရှိရသည်။

“တပ်ကို စွန့်ခွာပြီဆိုကလည်းက လက်နက်တွေ ခဲယမ်းတွေ၊ အမြောက်တွေ အကုန် ထားပစ်ခဲ့ရတာဖြစ်တော့ ဥပဒေအရတော့ အရေးယူလို့ရနေပြီ။ ဒါပေမယ့် အရေးယူမှာလား၊ အရေးမယူဘူးလား အဲဒါတော့ ဘာမှ တိတိကျကျ မသိရသေးဘူး။ ထိပ်ပိုင်းတွေတော့ အရေးယူခံရမယ်ထင်ပါတယ်။ ရဲဘော်တွေတော့ အရေးယူခံရမယ့် အထဲ မပါလောက်ဘူးထင်ပါတယ်။ ဆုတ်ခွာလာတဲ့သူတွေကို ပြန်လက်ခံဖို့ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်တွေက လက်ခံဖို့ ရှိတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ စစ်တပ် အင်အားရာပေါင်းများစွာ စုစည်းထားသော လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) သည် ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လိုရာခရီးသွားခွင့်ပြုတောင်းလိုက်သဖြင့် လောက်ကိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့်MNDAA က သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း နေပြည် တော် စစ်တပ်သတင်းရင်းမြစ်၊ တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်များက အတည်ပြုထားသည်။

“လောက်ကိုင်ဒကစ စစ်သည်၊ မိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ ဆုတ်ခွာလာမယ်ဆိုတဲ့ သတင်းရထားပါပြီ။ အနီးစပ်ဆုံး တိုင်းစစ်ဌာနချုပ်ရှိတဲ့နေရာဆိုတော့ လားရှိုးဖြစ်ဖို့များပါတယ်။ ဆုတ်ခွာမယ့် လူအင်အားက ဌာနဆိုင်ရာ ဝန်ထမ်းတွေ ၊ မိသားစုတွေ၊ စစ်သည် အရာရှိတွေပါဆိုရင် အင်အား ရာချီ( ၁၀၀၀ နီးပါး) ရှိမယ်။ ညှိတာကတော့ တိုင်းစစ်ဌာနချုပ်ဆီက ခွင့်ပြုချက်ပေးတယ်လို့ သိရတယ်။ဘယ်လိုဖြစ်ကြလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

လောက်ကိုင်ဒကစတွင် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မ ၅၅ မှ စစ်ကူပို့ထားသော တပ်ဖွဲ့ဝင်များ၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မှ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံ ဖြင့် ခုခံစစ် ပြင်ရန် စစ်ကောင်စီက ပြင်ဆင်ခဲ့သော်လည်း လက်တွေ့ နောက်ဆုံးတွင် အားလုံး လက်နက်ချ အညံ့ခံခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရုတ်လူမှုကွန်ရက်တွေမှာ တက်လာတဲ့ ဗီဒီယိုတွေအရတော့ အကုန်လက်နက်ချတာ။ MNDAA ဆီမှာ လက်နက်တွေ အပ်ပြီး စစ်ကားတွေ၊ ထရပ်ကားတွေနဲ့ ရွှေ့ပြောင်းပေးဖို့ ပြင်တာတွေကို တွေ့ရတယ်။ လောက်ကိုင်ဒကစ ဆိုတာတော့ သေချာပါတယ်” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက MNDAA ပြောခွင့်ရ လီကျားဝင်းထံသို့ လောက်ကိုင်ဒကစကို သိမ်းပိုက်ရရှိခြင်း ရှိ၊ မရှိ၊ လောက်ကိုင်ဒကစမှ စစ်သည်နှင့်အရာရှိများ လက်နက်ချ အညံ့ခံမှု အခြေအနေများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန် ဖြေဆိုခြင်းမရှိသေးပေ။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ သတင်းရင်းမြစ်တစ်ခုက လောက်ကိုင် ဒကစ တွင် သံချပ်ကာနှင့် တင့်ကားများ၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ဟောင်ဝစ်ဇာ အမြောက်များ၊ အတွဲလိုက်ဒုံးပစ်ကားများ၊ လက်နက်ခဲယမ်းများကိုခုခံစစ်အတွက် အပြည့်အစုံ ဖြည့်တင်း ထားရှိထားကြောင်း၊ လောက်ကိုင်ဒကစ အညံ့ခံသည်ဆိုပါက MNDAA အနေဖြင့် လက်နက်ခဲယမ်းများ အလွန်မြောက်များစွာ သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“လောက်ကိုင် ဒကစ ခုခံစစ်အတွက် ရမခကနေ လက်နက်ကြီးတွေ၊ ခဲယမ်းတွေ၊ ရိက္ခာတွေ ရဟတ်ယာဉ်တွေနဲ့ နေ့တိုင်း ဖြည့်တင်းထားတာ။ တကယ်လို့သာ လောက်ကိုင် ဒကစက အညံ့ခံတယ်ဆိုရင်ဆုံးရှုံးမယ့် လက်နက်ခဲယမ်းနဲ့ အမြှောက်တွေက အတော်ကိုများတယ်” ဟု ရမခ သတင်းရင်းမြစ်က ဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် လောက်ကိုင် ဒကစကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

MNDAA ထံတြင္ လက္နက္ခ် အညံ့ခံေသာ ေလာက္ကိုင္ဒကစမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို စစ္ေကာင္စီက ျပန္လည္ လက္ခံမည္ျဖစ္ေသာ္လည္း အေရး ယူ၊ မယူ ရွင္းရွင္း လင္းလင္း မသိရေသး

ဇန္နဝါရီ ၅

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕တြင္ လက္နက္ခ် အညံ့ခံလိုက္ၾကေသာ ေလာက္ကိုင္ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ဒကစ)မွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္က ျပန္လည္ လက္ခံမည္ျဖစ္ေသာ္လည္း အေရးယူမည္၊ မယူမည္ကို မသိရွိရေသးေၾကာင္း စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

ေလာက္ကိုင္ဒကစမွ လက္နက္ခ် အညံ့ခံလိုက္ေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား၊ ျပည္သူ႔စစ္မ်ားကို အနီးစပ္ဆုံး တိုင္းစစ္ဌာနခ်ဳပ္က လက္ခံထားရန္ အမိန႔္ ညႊန္ၾကားမႈမ်ား ရွိေနၿပီး ထိုသို႔ လက္နက္ခ် ၍ ဆုတ္ခြာလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို အေရးယူမည္၊ အေရးမယူ ဆိုသည္ကို ရွင္းရွင္းလင္းလင္း မသိရွိရေသးဟု သိရွိရသည္။

“တပ္ကို စြန႔္ခြာၿပီဆိုကလည္းက လက္နက္ေတြ ခဲယမ္းေတြ၊ အေျမာက္ေတြ အကုန္ ထားပစ္ခဲ့ရတာျဖစ္ေတာ့ ဥပေဒအရေတာ့ အေရးယူလို႔ရေနၿပီ။ ဒါေပမယ့္ အေရးယူမွာလား၊ အေရးမယူဘူးလား အဲဒါေတာ့ ဘာမွ တိတိက်က် မသိရေသးဘူး။ ထိပ္ပိုင္းေတြေတာ့ အေရးယူခံရမယ္ထင္ပါတယ္။ ရဲေဘာ္ေတြေတာ့ အေရးယူခံရမယ့္ အထဲ မပါေလာက္ဘူးထင္ပါတယ္။ ဆုတ္ခြာလာတဲ့သူေတြကို ျပန္လက္ခံဖို႔ နီးစပ္ရာ တိုင္းစစ္ဌာနခ်ဳပ္ေတြက လက္ခံဖို႔ ရွိတယ္” ဟု စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕ရွိ စစ္တပ္ အင္အားရာေပါင္းမ်ားစြာ စုစည္းထားေသာ ေလာက္ကိုင္ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္(ဒကစ) သည္ ဇန္နဝါရီလ ၄ ရက္ေန႔ ညပိုင္းတြင္ ကိုးကန႔္ MNDAA ထံတြင္ လက္နက္ခ် အညံ့ခံလိုက္ၿပီး လိုရာခရီးသြားခြင့္ျပဳေတာင္းလိုက္သျဖင့္ ေလာက္ကိုင္ၿမိဳ႕နယ္တစ္ခုလုံးကို ကိုးကန႔္MNDAA က သိမ္းပိုက္ရရွိၿပီျဖစ္ေၾကာင္း ေနျပည္ ေတာ္ စစ္တပ္သတင္းရင္းျမစ္၊ တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရး သတင္းရင္းျမစ္မ်ားက အတည္ျပဳထားသည္။

“ေလာက္ကိုင္ဒကစ စစ္သည္၊ မိသားစုေတြ၊ ဌာနဆိုင္ရာဝန္ထမ္းေတြ ဆုတ္ခြာလာမယ္ဆိုတဲ့ သတင္းရထားပါၿပီ။ အနီးစပ္ဆုံး တိုင္းစစ္ဌာနခ်ဳပ္ရွိတဲ့ေနရာဆိုေတာ့ လားရွိုးျဖစ္ဖို႔မ်ားပါတယ္။ ဆုတ္ခြာမယ့္ လူအင္အားက ဌာနဆိုင္ရာ ဝန္ထမ္းေတြ ၊ မိသားစုေတြ၊ စစ္သည္ အရာရွိေတြပါဆိုရင္ အင္အား ရာခ်ီ( ၁၀၀၀ နီးပါး) ရွိမယ္။ ညႇိတာကေတာ့ တိုင္းစစ္ဌာနခ်ဳပ္ဆီက ခြင့္ျပဳခ်က္ေပးတယ္လို႔ သိရတယ္။ဘယ္လိုျဖစ္ၾကလဲဆိုတာေတာ့ အေသးစိတ္ မသိရေသးဘူး” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္တစ္ခုက ေျပာဆိုသည္။

ေလာက္ကိုင္ဒကစတြင္ ကိုးကန႔္အုပ္ခ်ဳပ္ေရးအဖြဲ႕မွ ဌာနဆိုင္ရာ ဝန္ထမ္းမ်ား၊ မိသားစုဝင္မ်ား၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မ ၅၅ မွ စစ္ကူပို႔ထားေသာ တပ္ဖြဲ႕ဝင္မ်ား၊ စကခ ၁၂ ၊ စကခ ၁၆ ၊ စကခ ၁၄ မွ တပ္ဖြဲ႕ဝင္မ်ား လက္နက္အျပည့္အစုံ ျဖင့္ ခုခံစစ္ ျပင္ရန္ စစ္ေကာင္စီက ျပင္ဆင္ခဲ့ေသာ္လည္း လက္ေတြ႕ ေနာက္ဆုံးတြင္ အားလုံး လက္နက္ခ် အညံ့ခံျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“တ႐ုတ္လူမႈကြန္ရက္ေတြမွာ တက္လာတဲ့ ဗီဒီယိုေတြအရေတာ့ အကုန္လက္နက္ခ်တာ။ MNDAA ဆီမွာ လက္နက္ေတြ အပ္ၿပီး စစ္ကားေတြ၊ ထရပ္ကားေတြနဲ႔ ေရႊ႕ေျပာင္းေပးဖို႔ ျပင္တာေတြကို ေတြ႕ရတယ္။ ေလာက္ကိုင္ဒကစ ဆိုတာေတာ့ ေသခ်ာပါတယ္” ဟု တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရး သတင္းရင္းျမစ္က ဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက MNDAA ေျပာခြင့္ရ လီက်ားဝင္းထံသို႔ ေလာက္ကိုင္ဒကစကို သိမ္းပိုက္ရရွိျခင္း ရွိ၊ မရွိ၊ ေလာက္ကိုင္ဒကစမွ စစ္သည္ႏွင့္အရာရွိမ်ား လက္နက္ခ် အညံ့ခံမႈ အေျခအေနမ်ားႏွင့္ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းေသာ္လည္း တုံ႔ျပန္ ေျဖဆိုျခင္းမရွိေသးေပ။

လားရွိုးရွိ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(ရမခ)မွ သတင္းရင္းျမစ္တစ္ခုက ေလာက္ကိုင္ ဒကစ တြင္ သံခ်ပ္ကာႏွင့္ တင့္ကားမ်ား၊ ၁၂၀ မမ၊ ၁၀၅ မမ ၊ ေဟာင္ဝစ္ဇာ အေျမာက္မ်ား၊ အတြဲလိုက္ဒုံးပစ္ကားမ်ား၊ လက္နက္ခဲယမ္းမ်ားကိုခုခံစစ္အတြက္ အျပည့္အစုံ ျဖည့္တင္း ထားရွိထားေၾကာင္း၊ ေလာက္ကိုင္ဒကစ အညံ့ခံသည္ဆိုပါက MNDAA အေနျဖင့္ လက္နက္ခဲယမ္းမ်ား အလြန္ေျမာက္မ်ားစြာ သိမ္းပိုက္ရရွိမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

“ေလာက္ကိုင္ ဒကစ ခုခံစစ္အတြက္ ရမခကေန လက္နက္ႀကီးေတြ၊ ခဲယမ္းေတြ၊ ရိကၡာေတြ ရဟတ္ယာဥ္ေတြနဲ႔ ေန႔တိုင္း ျဖည့္တင္းထားတာ။ တကယ္လို႔သာ ေလာက္ကိုင္ ဒကစက အညံ့ခံတယ္ဆိုရင္ဆုံးရႈံးမယ့္ လက္နက္ခဲယမ္းနဲ႔ အေျမႇာက္ေတြက အေတာ္ကိုမ်ားတယ္” ဟု ရမခ သတင္းရင္းျမစ္က ဆိုသည္။

ဇန္နဝါရီလ ၃ ရက္ေန႔ ညပိုင္း ေျမာက္ပိုင္း ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေလာက္ကိုင္ ဒကစကို အၿပီးသတ္ သိမ္းပိုက္နိုင္ေရး ႀကိဳးပမ္းလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *