ပေါက်ဖော်ဘက် ကျော်ကျ ပြန်ပီ အမျိုးတို့ ပွဲလှပြီ

လောင်ကိုင်မှ ပစ်သည့် အမြောက်ဆန် နယ်ကျော်ကျသဖြင့် တရုတ်ဒေါသူပုန်ထ

တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး လိုအပ်သလို ဆောင်ရွက်သွားမည်ဟု တရုတ်အစိုးရတာဝန်ရှိသူက အတိအလင်း သတိပေးသည်။

လောက်ကိုင်ဘက်မှ ပစ်ခတ်သည့် အမြောက်ဆန် ကျရောက်ပေါက်ကွဲသည့်နေရာမှာ ယူနန်ပြည်နယ် တောင်ဘက်ခြမ်း

ကျိန်းခမ်းခရိုင် နမ်ဆန်းမြို့အတွင်းဖြစ်ပြီး တရုတ်နိုင်ငံသား ၅ ဦးထက်မနည်း

ထိခိုက်ဒဏ်ရာရသည်ဟု တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားသည်။

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်အမှုထမ်းများ ဘေးကင်းလုံခြုံရေးအတွက် အကာအကွယ်ပေးရန် တရုတ်အစိုးရက ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက သတိပေးပြောဆိုထားသည်

လွန်ခဲ့သည့် ၉ နှစ် သမ္မတဦးသိန်းစိန်အုပ်ချုပ်စဉ်ကလည်း ကိုးကန့်တိုက်ပွဲအတွင်း မြန်မာစစ်တပ်က တရုတ်ဘက်ခြမ်းကို ဗုံးကြဲမိသဖြင့် တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရသည်

ထိုဖြစ်ရပ်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်တို့ တောင်းပန်ခဲ့ရသည့်အပြင် သေဆုံး တရုတ်နိုင်ငံသားများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်နှင့် ညီမျှသည့် လျော်ကြေးငွေ ပေးခဲ့ရသည်

နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ပစ်လိုက်သည့် လက်နက်ကျည် ၎င်းတို့မြေထဲ ကျရောက်ပေါက်ကွဲခြင်းကြောင့် တရုတ်ပြည်သူတို့၏ ဖိအားကို ရင်ဆိုင်နေရသည်ဟု တရုတ်သံအမတ်က နေပြည်တော်ထိ သွားရောက်သတိပေးခဲ့ဖူးသည်










Author: admin

Leave a Reply

Your email address will not be published. Required fields are marked *