လောက်ကိုင်ပြီးတော့ ပလက်ဝတဲ့ အမျိုးတို့ရေ

လောက်ကိုင် ဒကစနှင့် ရက္ခိုင်၊ပလက်ဝ ရှိတပ်မဌာနချုပ်၊ ဗျူဟာကုန်းများကို စစ်ကောင်းစီ လက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာဟုညီနောင် ၃ဖွဲ့ ထုတ်ပြန်

လေကြောင်း၊ လက်နက်ကြီးရန်တို့မှ အန္တရာယ်ကင်းစေရေး ပြည်သူများစစ်ရေး သတိရှိရှိ နေထိုင်ရန် အသိပေး

People’s Spring

ကိုးကန့်ဒေသအတွင်း ရန်သူ၏ လောက်ကိုင် (ဒကစ) အား အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသကဲ့သို့ ရက္ခိုင်၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ ဗျူဟာကုန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ကြိုးစားလျက်ရှိ ပြီး တအာင်းဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူများကို အများအပြားသုံးပြီး ခုခံနေသော်လည်း အဆိုပါစခန်းများအားလုံးမှာ တစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဇန်နဝါရီ ၄ ရက် ညသန်း​ခေါင်တွင် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

​လောက်ကိုင်မြို့ရှိ စစ်​ကောင်စီ၏ ​ဒေသကွတ်ကဲမှု စစ်ဌာန ချုပ် -ဒကစ မှူး ကိုယ်တိုင်လက်နက်ချ၍ ဒကစနှင့် ​လောက်ကိုင်မြို့ကို MNDAA နှင့် ညီ​နောင်မဟာမိတ် တပ်ဖွဲ့များက ဇန်နဝါရီ ၄ ရက်တွင်သိမ်းပိုက်လိုက်​ကြောင်း စုံစမ်းသိရ​သော်လည်း ညီ​နောင်မဟာမိတ် ၃ ဖွဲ့က မထုတ်ပြန်​သေး​ပေ။

၁၀၂၇ စစ်ဆင်ရေး ရက် ၇၀ ပြည့်နေ့ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်များ၏နယ်မြေ
များအသီးသီးရှိ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်ခဲ့သည်ဟု အသိ​ပေးသည်။

၂၀၂၄ ခုနှစ်အတွင်း ညီနောင်မဟာမိတ် များဘက်မှ ထိုးစစ်နှင့် ရန်သူ့ဘက်မှ ခံစစ်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အပြင်းထန်ဆုံးရက်တစ်ရက် ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

ရှုံးမဲမဲနေသော စစ်ကောင်စီသည် ၎င်းတို့၏ အကျင့်ဝသီအတိုင်း မိမိတို့ ရပ်ရွာများနှင့် ပြည်သူများကို အဓိကပစ်မှတ်ထားကာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမျိုးကို အဓိကထား ပြုလုပ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်တို့မှ အန္တရာယ်ကင်းစေရန် စစ်ရေး သတိရှိရှိဖြင့် နေထိုင်ကြပါရန် အထူးသတိပေးသည်။

အထူးသဖြင့် ရက္ခိုင်ဒေသ၊ စစ်တွေမြို့ပတ်ဝန်းကျင်မှ ကျေး ရွာများထဲမှ ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသောရွာများအပါအဝင် အခြားသောကျေးရွာများမှ ရွာသူ၊ရွာသားများအား အထူးသတိပေးထားသည်။

ထိုသို့ အထူးသတိပေးရခြင်းမှာ စစ်ကောင်စီသည် အဆိုပါကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်
ဖန်များစွာ ခြိမ်းခြောက်ထားသောကြောင့် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ေလာက္ကိုင္ ဒကစႏွင့္ ရကၡိဳင္၊ပလက္ဝ ရွိတပ္မဌာနခ်ဳပ္၊ ဗ်ဴဟာကုန္းမ်ားကို စစ္ေကာင္းစီ လက္လြတ္ဆုံးရႈံးရန္ ရာႏႈန္းျပည့္ေသခ်ာဟုညီေနာင္ ၃ဖြဲ႕ ထုတ္ျပန္

ေလေၾကာင္း၊ လက္နက္ႀကီးရန္တို႔မွ အႏၲရာယ္ကင္းေစေရး ျပည္သူမ်ားစစ္ေရး သတိရွိရွိ ေနထိုင္ရန္ အသိေပး

People’s Spring

ကိုးကန႔္ေဒသအတြင္း ရန္သူ၏ ေလာက္ကိုင္ (ဒကစ) အား အၿပီးသတ္သိမ္းပိုက္နိုင္ရန္ ႀကိဳးစားေနသကဲ့သို႔ ရကၡိဳင္၊ ပလက္ဝေဒသအတြင္း စစ္ေကာင္စီ၏ တပ္မဌာနခ်ဳပ္၊ ဗ်ဴဟာကုန္းမ်ားကိုလည္း အၿပီးသတ္သိမ္းပိုက္ရယူနိုင္ရန္ ႀကိဳးစားလ်က္ရွိ ၿပီး တအာင္းေဒသအတြင္း၌လည္း တိုက္ပြဲမ်ားဆက္လက္ျပင္းထန္ေနေၾကာင္း ညီေနာင္မဟာမိတ္ သုံးဖြဲ႕က ထုတ္ျပန္သည္။

စစ္ေကာင္စီအေနျဖင့္ ေလေၾကာင္း၊ လက္နက္ႀကီးပစ္ကူမ်ားကို အမ်ားအျပားသုံးၿပီး ခုခံေနေသာ္လည္း အဆိုပါစခန္းမ်ားအားလုံးမွာ တစ္ခုၿပီး တစ္ခု လက္လြတ္ဆုံးရႈံးရန္ ရာႏႈန္းျပည့္ေသခ်ာသည့္အေနအထားသို႔ ေရာက္ရွိေနၿပီျဖစ္သည္ဟု ဇန္နဝါရီ ၄ ရက္ ညသန္း​ေခါင္တြင္ ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

​ေလာက္ကိုင္ၿမိဳ႕ရွိ စစ္​ေကာင္စီ၏ ​ေဒသကြတ္ကဲမႈ စစ္ဌာန ခ်ဳပ္ -ဒကစ မႉး ကိုယ္တိုင္လက္နက္ခ်၍ ဒကစႏွင့္ ​ေလာက္ကိုင္ၿမိဳ႕ကို MNDAA ႏွင့္ ညီ​ေနာင္မဟာမိတ္ တပ္ဖြဲ႕မ်ားက ဇန္နဝါရီ ၄ ရက္တြင္သိမ္းပိုက္လိုက္​ေၾကာင္း စုံစမ္းသိရ​ေသာ္လည္း ညီ​ေနာင္မဟာမိတ္ ၃ ဖြဲ႕က မထုတ္ျပန္​ေသး​ေပ။

၁၀၂၇ စစ္ဆင္ေရး ရက္ ၇၀ ျပည့္ေန႔ ဇန္နဝါရီလ (၄) ရက္ေန႔တြင္ကိုးကန႔္၊ တအာင္းႏွင့္ ရခိုင္တပ္မ်ား၏နယ္ေျမ
မ်ားအသီးသီးရွိ တိုက္ပြဲမ်ားမွာ ဆက္လက္ျပင္းထန္ခဲ့သည္ဟု အသိ​ေပးသည္။

၂၀၂၄ ခုႏွစ္အတြင္း ညီေနာင္မဟာမိတ္ မ်ားဘက္မွ ထိုးစစ္ႏွင့္ ရန္သူ႔ဘက္မွ ခံစစ္တို႔အၾကား အျပန္အလွန္တိုက္ခိုက္မႈမ်ားေၾကာင့္ အျပင္းထန္ဆုံးရက္တစ္ရက္ ျဖစ္ခဲ့သည္ဟု ေဖာ္ျပသည္။

ရႈံးမဲမဲေနေသာ စစ္ေကာင္စီသည္ ၎တို႔၏ အက်င့္ဝသီအတိုင္း မိမိတို႔ ရပ္ရြာမ်ားႏွင့္ ျပည္သူမ်ားကို အဓိကပစ္မွတ္ထားကာ ေလေၾကာင္း၊ ေရေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ိဳးကို အဓိကထား ျပဳလုပ္နိုင္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေလေၾကာင္းရန္၊ လက္နက္ႀကီးရန္တို႔မွ အႏၲရာယ္ကင္းေစရန္ စစ္ေရး သတိရွိရွိျဖင့္ ေနထိုင္ၾကပါရန္ အထူးသတိေပးသည္။

အထူးသျဖင့္ ရကၡိဳင္ေဒသ၊ စစ္ေတြၿမိဳ႕ပတ္ဝန္းက်င္မွ ေက်း ရြာမ်ားထဲမွ ဝါဘို၊ စပါးထား၊ ညိဳေရာင္ေခ်ာင္း၊ ကြမ္းေတာင္၊ အိုင္ဒင္ အစရွိေသာရြာမ်ားအပါအဝင္ အျခားေသာေက်းရြာမ်ားမွ ရြာသူ၊ရြာသားမ်ားအား အထူးသတိေပးထားသည္။

ထိုသို႔ အထူးသတိေပးရျခင္းမွာ စစ္ေကာင္စီသည္ အဆိုပါေက်းရြာမ်ားအား လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္း၊ ရြာလုံးကၽြတ္မီးရွို႔ဖ်က္ဆီးျခင္းတို႔ကို ျပဳလုပ္မည္ဟု ႀကိမ္
ဖန္မ်ားစြာ ၿခိမ္းေျခာက္ထားေသာေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ျပန္သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *