ရခိုင်မုန့်တီ ၅ ပွဲဗျာ မြိန်ချက်ဘဲ

မင်းပြားတွင် ရိက္ခာလာယူသည့် စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးထက် မနည်း သေဆုံး

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်း တောင်ပေါ်တွင်တပ်စွဲအခြေချနေထိုင်သည့် စစ်ကောင်စီတပ်သည် တောင်အောက်သို့ ရိက္ခာ လာယူစဉ် ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း AA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်းတောင်အနီး မင်းရွာနှင့် ဖားပြိုရွာကြား ရန်ကုန် – စစ်တွေ ကားလမ်းနံဘေးရှိ သလုံးတော်ဘုန်းကြီးကျောင်း အနီးတွင် ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်က AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်

AA သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က တောင်ပေါ်မှာ တပ်စွဲထားတာ အဲ့ဒီမှာ ဒီကနေ့ နံနက်ပိုင်းက တောင်အောက်ကို ရိက္ခာလာယူတယ်လို့ ယူဆတယ်။ ဆင်းလာတဲ့ စစ်ကောင်စီအရေအတွက် ၂၀ ကျော်လောက်ရှိမယ်။ ကားလမ်းနံဘေးလေးရောက်တော့ မိုင်းဆွဲလိုက်တာ

မျက်မြင်ကတော့ ၅ယောက်သေတယ်။ တစ်ချို့ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပစ်ခတ်မှုအနည်းငယ်ဖြစ်တယ်။ အလောင်းတွေကိုတော့ ယူသွားတာတွေ့တယ်”ဟု ပြောသည်

စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မင်းပြားတပ်ရင်းနှင့် ရာမောင်တံတားအနီးရှိ စစ်ကောင်စီက တပ်ရင်းများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့ကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်

“ပေါက်ကွဲသံနှစ်ချက်လောက် ကြားလိုက်ရတယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ သိပ်တော့မကြာလိုက်ဘူး။ ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကိုကြားလိုက်ရတယ်

ဘယ်ဖက်ကို လှမ်းပစ်တယ်ဆိုတာကိုတော့ မသိရဘူး။ ရွာဖက်တွေကိုပစ်တယ်လို့ပဲ ယူဆပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ အခုထိ မကြားရသေးဘူး “ဟုပြောသည်

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသော်လည်း အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြု၍ မရရှိနိုင်သေးပေ

၂၀၁၉ ခုနှစ်မှစ၍ င/စိုင်ရိုင်းချောင်းတောင်ပေါ်တွင် စစ်ကောင်စီက တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါနေရာများတွင်လည်း ရက္ခိုင့်တပ်တော် AAကလည်း တပ်စွဲနေရာချထားမှုများရှိကာ မကြာခဏ နှစ်ဖက်တပ်များ တင်းမာမှုများ ရှိကြသည်

ပုံစာ- ရခိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း မိုင်းဆွဲခံထားရသည့် စစ်ကောင်စီ စစ်ကား များအား တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

မင္းျပားတြင္ ရိကၡာလာယူသည့္ စစ္ေၾကာင္းကို AA က မိုင္းဆြဲတိုက္ခိုက္မႈ စစ္သား ၅ ဦးထက္ မနည္း ေသဆုံး

ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္ ငစရိုင္းေခ်ာင္း ေတာင္ေပၚတြင္တပ္စြဲအေျခခ်ေနထိုင္သည့္ စစ္ေကာင္စီတပ္သည္ ေတာင္ေအာက္သို႔ ရိကၡာ လာယူစဥ္ ရကၡိဳင့္တပ္ေတာ္ AA က မိုင္းဆြဲတိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၅ ဦးထက္မနည္း ေသဆုံးသြားေၾကာင္း AA သတင္းရင္းျမစ္တခ်ိဳ႕က ေျပာဆိုသည္။

ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္ ငစရိုင္းေခ်ာင္းေတာင္အနီး မင္းရြာႏွင့္ ဖားၿပိဳရြာၾကား ရန္ကုန္ – စစ္ေတြ ကားလမ္းနံေဘးရွိ သလုံးေတာ္ဘုန္းႀကီးေက်ာင္း အနီးတြင္ ယမန္ေန႔ ဇန္နဝါရီ ၄ ရက္ေန႔ နံနက္ပိုင္း ၁၀ နာရီခြဲခန႔္က AA က မိုင္းဆြဲ တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္

AA သတင္းရင္းျမစ္တစ္ဦးက “စစ္တပ္က ေတာင္ေပၚမွာ တပ္စြဲထားတာ အဲ့ဒီမွာ ဒီကေန႔ နံနက္ပိုင္းက ေတာင္ေအာက္ကို ရိကၡာလာယူတယ္လို႔ ယူဆတယ္။ ဆင္းလာတဲ့ စစ္ေကာင္စီအေရအတြက္ ၂၀ ေက်ာ္ေလာက္ရွိမယ္။ ကားလမ္းနံေဘးေလးေရာက္ေတာ့ မိုင္းဆြဲလိုက္တာ

မ်က္ျမင္ကေတာ့ ၅ေယာက္ေသတယ္။ တစ္ခ်ိဳ႕ကေတာ့ ထိခိုက္ဒဏ္ရာရတယ္။ ပစ္ခတ္မႈအနည္းငယ္ျဖစ္တယ္။ အေလာင္းေတြကိုေတာ့ ယူသြားတာေတြ႕တယ္”ဟု ေျပာသည္

စစ္ေကာင္စီတပ္သားမ်ား မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ မင္းျပားတပ္ရင္းႏွင့္ ရာေမာင္တံတားအနီးရွိ စစ္ေကာင္စီက တပ္ရင္းမ်ားက လက္နက္ႀကီးမ်ားျဖင့္ အနီးအနားရွိ ေက်းရြာမ်ားသို႔ ပစ္ခတ္ခဲ့ေၾကာင္း မင္းျပားၿမိဳ႕နယ္ ေဒသခံတစ္ဦးက ေျပာဆိုသည္

“ေပါက္ကြဲသံႏွစ္ခ်က္ေလာက္ ၾကားလိုက္ရတယ္။ ၿပီးေတာ့ ပစ္ခတ္မႈေတြ ျဖစ္ၾကတယ္။ သိပ္ေတာ့မၾကာလိုက္ဘူး။ ၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ လွမ္းပစ္တာကိုၾကားလိုက္ရတယ္

ဘယ္ဖက္ကို လွမ္းပစ္တယ္ဆိုတာကိုေတာ့ မသိရဘူး။ ရြာဖက္ေတြကိုပစ္တယ္လို႔ပဲ ယူဆပါတယ္။ ထိခိုက္ဒဏ္ရာ ရရွိမႈကိုေတာ့ အခုထိ မၾကားရေသးဘူး “ဟုေျပာသည္

မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္သား ၅ဦးထက္မနည္း ေသဆုံးသြားေၾကာင္း သိရေသာ္လည္း အဆိုပါ ေသဆုံးမႈႏွင့္ ပတ္သက္၍ သီးျခားအတည္ျပဳ၍ မရရွိနိုင္ေသးေပ

၂၀၁၉ ခုႏွစ္မွစ၍ င/စိုင္ရိုင္းေခ်ာင္းေတာင္ေပၚတြင္ စစ္ေကာင္စီက တပ္စြဲထားျခင္းျဖစ္ၿပီး အဆိုပါေနရာမ်ားတြင္လည္း ရကၡိဳင့္တပ္ေတာ္ AAကလည္း တပ္စြဲေနရာခ်ထားမႈမ်ားရွိကာ မၾကာခဏ ႏွစ္ဖက္တပ္မ်ား တင္းမာမႈမ်ား ရွိၾကသည္

ပုံစာ- ရခိုင္တြင္ ၂၀၂၃ ခုႏွစ္အတြင္း မိုင္းဆြဲခံထားရသည့္ စစ္ေကာင္စီ စစ္ကား မ်ားအား ေတြ႕ရစဥ္။ (ပုံအေဟာင္းျဖစ္ပါသည္)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *