ဒကစ (လောက်ကိုင်) အားလုံး လက်နက်ချ လိုက်ပါပြီ

ဒကစ (လောက်ကိုင်) အားလုံး လက်နက်ချ လိုက်ပါပြီ

လောက်ကိုင် စစ်ကောင်စီတပ် ဒကစ ညှိနှိုင်း လက်နက်ချ၊ မြို့ကို ကိုးကန့်တပ် အလုံးစုံ သိမ်းပိုက်

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ ဇန်နဝါရီ ၄

သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၏ မြို့တော် လောက်ကိုင် အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ် စခန်း ဖြစ်သည့် စစ်ကောင်စီ၏ ဒစက တပ် ယနေ့ ညှိနှိုင်း လက်နက်ချလိုက်ပြီဟု ဒေသတွင်း သတင်းရင်းမြစ်က အတည်ပြုသည်။

ကိုးကန့်ဒေသတွင်း နောင်ဆုံး ကျန်ရှိနေသည့် အင်အားကြီးမားသည့် စစ်ကောင်စီ ဒစက တပ်စခန်းအား သိမ်းပိုက်နိုင်ရေး MNDAA လနှင့်ချီ တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ လက်နက်ချခဲ့ခြင်း ဖြစ်သည်။

“စခန်းက စစ်သားရော မိသားစုတွေရော အကုန်လုံး ကိုးကန့်တပ်က လားရှိုးကို ပို့ပေးမယ်ဆိုပြီး ညှိပြီး လက်နက်ချတယ်လို့ သိရတယ်။ အခုညနေ ဒစကတပ်က အားလုံး ထွက်လာပါပြီ။ ဒစကထဲက မိသားစုတွေ ကလေးတွေ အကုန်ပါတယ်” ဟု သတင်းရင်းမြစ်က အတည်ပြု ပြောသည်။

သို့သော် လက်နက်ခဲယမ်း အားလုံးကို MNDAA ထံ အပ်နှံခဲ့ရသည့်အတွက် ဒစကတပ် တာဝန်ရှိသူများ အရေးယူ ခံရနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ယခုကဲ့သို့ ကြီးမားလှသည့် ဒစက တပ်စခန်း သိမ်းပိုက်နိုင်မှုကြောင့် ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ် စခန်း မကျန်ရှိတော့ဘဲ လွတ်မြောက်နယ်မြေ ဖြစ်သွားပြီဟု သတင်းရင်းမြစ်က သုံးသပ်သည်။

လောက်ကိုင်ဒေသ ဒစက စခန်း သိမ်းပိုက်နိုင်မှုနှင့် တကွ နောက်ဆက်တွဲ အခြေအနေ အသေးစိတ်အား သျှမ်းသံတော်ဆင့်က စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။

SHANBurmese

ဒကစ (ေလာက္ကိုင္) အားလုံး လက္နက္ခ် လိုက္ပါၿပီ

ေလာက္ကိုင္ စစ္ေကာင္စီတပ္ ဒကစ ညႇိႏႈိင္း လက္နက္ခ်၊ ၿမိဳ႕ကို ကိုးကန႔္တပ္ အလုံးစုံ သိမ္းပိုက္

သွ်မ္းသံေတာ္ဆင့္၊ ၂၀၂၄ ဇန္နဝါရီ ၄

သွ်မ္းျပည္နယ္ ေျမာက္ပိုင္း၊ ကိုးကန႔္ေဒသ၏ ၿမိဳ႕ေတာ္ ေလာက္ကိုင္ အနီး က်န္ရွိေနသည့္ တစ္ခုတည္းေသာ စစ္တပ္ စခန္း ျဖစ္သည့္ စစ္ေကာင္စီ၏ ဒစက တပ္ ယေန႔ ညႇိႏႈိင္း လက္နက္ခ်လိုက္ၿပီဟု ေဒသတြင္း သတင္းရင္းျမစ္က အတည္ျပဳသည္။

ကိုးကန႔္ေဒသတြင္း ေနာင္ဆုံး က်န္ရွိေနသည့္ အင္အားႀကီးမားသည့္ စစ္ေကာင္စီ ဒစက တပ္စခန္းအား သိမ္းပိုက္ႏိုင္ေရး MNDAA လႏွင့္ခ်ီ တိုက္ခိုက္ၿပီးေနာက္ ယခုကဲ့သို႔ လက္နက္ခ်ခဲ့ျခင္း ျဖစ္သည္။

“စခန္းက စစ္သားေရာ မိသားစုေတြေရာ အကုန္လုံး ကိုးကန႔္တပ္က လားရႈိးကို ပို႔ေပးမယ္ဆိုၿပီး ညႇိၿပီး လက္နက္ခ်တယ္လို႔ သိရတယ္။ အခုညေန ဒစကတပ္က အားလုံး ထြက္လာပါၿပီ။ ဒစကထဲက မိသားစုေတြ ကေလးေတြ အကုန္ပါတယ္” ဟု သတင္းရင္းျမစ္က အတည္ျပဳ ေျပာသည္။

သို႔ေသာ္ လက္နက္ခဲယမ္း အားလုံးကို MNDAA ထံ အပ္ႏွံခဲ့ရသည့္အတြက္ ဒစကတပ္ တာဝန္ရွိသူမ်ား အေရးယူ ခံရႏိုင္သည္ဟု ၎ကသုံးသပ္သည္။

ယခုကဲ့သို႔ ႀကီးမားလွသည့္ ဒစက တပ္စခန္း သိမ္းပိုက္ႏိုင္မႈေၾကာင့္ ကိုးကန႔္ေဒသအတြင္း စစ္ေကာင္စီတပ္ စခန္း မက်န္ရွိေတာ့ဘဲ လြတ္ေျမာက္နယ္ေျမ ျဖစ္သြားၿပီဟု သတင္းရင္းျမစ္က သုံးသပ္သည္။

ေလာက္ကိုင္ေဒသ ဒစက စခန္း သိမ္းပိုက္ႏိုင္မႈႏွင့္ တကြ ေနာက္ဆက္တြဲ အေျခအေန အေသးစိတ္အား သွ်မ္းသံေတာ္ဆင့္က စုံစမ္း ေမးျမန္းေနဆဲ ျဖစ္သည္။

SHANBurmese

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *