ကာကင်းတွေ အကုန် ဆို့အောက် စမိုင်းလင်း

ကညွတ်ကွင်းမြို့အနီးရှိ စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ်အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်း

ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း များ နှင့် စစ်တပ် အတွက် အရေးကြီးသော တံတား ၁ ခုကို KNLA က ဦးဆောင် ချေမှုန်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီခွဲမှ ၅ နာရီခွဲအထိ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ရထားလမ်းနှင့် အကြမ်းဖက် စစ်တပ်၏ စခန်းအနီးအနားတွင် လုံခြုံရေးယူထားသော ကာကင်းစခန်း ၈ ခုနှင့်

စစ်တပ်အတွက် ရိက္ခာသယ်ယူ ပို့ဆောင်ရေး အရေးကြီးသည့် တံတား ၁ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ၁ နာရီကြာ အတွင်း တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း သိရသည်

ကညွတ်ကွင်းမြို့အနီး၊ တောင်ဂုန်းတဲရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်း ၈ ခု ဖြစ်သည့် သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊

လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း နှင့် ကညွတ်ကွင်းနှင့် တောကျွဲအင်းကြားရှိ တံတားကင်းစခန်းနှင့် တံတားကို တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ပြီး

လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကာအကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုစာရင်းများကို စစ်ဆေးအတည်ပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ကညြတ္ကြင္းၿမိဳ႕အနီးရွိ စစ္တပ္၏ ကာကင္းစခန္း မ်ား ႏွင့္ စစ္တပ္အတြက္ အေရးႀကီးေသာ တံတား ၁ ခုကို KNLA က ဦးေဆာင္ ေခ်မႈန္း

ဇန္နဝါရီ ၄

ပဲခူးတိုင္း၊ ကညြတ္ကြင္းၿမိဳ႕အနီးရွိ အၾကမ္းဖက္ စစ္တပ္၏ ကာကင္းစခန္း မ်ား ႏွင့္ စစ္တပ္ အတြက္ အေရးႀကီးေသာ တံတား ၁ ခုကို KNLA က ဦးေဆာင္ ေခ်မႈန္းခဲ့ေၾကာင္း KNU ဗဟိုက ထုတ္ျပန္ထားသည္။

ဇန္နဝါရီလ ၄ ရက္ေန႔ နံနက္ ၄ နာရီခြဲမွ ၅ နာရီခြဲအထိ ရန္ကုန္-မႏၲေလး လမ္းေဟာင္းရွိ ရထားလမ္းႏွင့္ အၾကမ္းဖက္ စစ္တပ္၏ စခန္းအနီးအနားတြင္ လုံျခဳံေရးယူထားေသာ ကာကင္းစခန္း ၈ ခုႏွင့္

စစ္တပ္အတြက္ ရိကၡာသယ္ယူ ပို႔ေဆာင္ေရး အေရးႀကီးသည့္ တံတား ၁ ခုကို ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (K.N.L.A) က ဦးေဆာင္ၿပီး လက္ေအာက္ခံတပ္ရင္း၊ တပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္း၍ ၁ နာရီၾကာ အတြင္း တိုက္ခိုက္ေခ်မႈန္း ရွင္းလင္းခဲ့ေၾကာင္း သိရသည္

ကညြတ္ကြင္းၿမိဳ႕အနီး၊ ေတာင္ဂုန္းတဲရြာအနီးရွိ အၾကမ္းဖက္ စစ္တပ္၏ ကာကင္းစခန္း ၈ ခု ျဖစ္သည့္ သံလမ္းတံတားကင္း၊ စာသင္ေက်ာင္းကင္း၊ ဘုန္းႀကီးေက်ာင္းကင္း၊ နတ္စင္ကင္း၊ အုတ္ဖိုကင္း၊

လင္းေယာခင္ရြာကင္း၊ ေအာင္မဂၤလာ ဘုန္းႀကီးေက်ာင္းကင္း ႏွင့္ ကညြတ္ကြင္းႏွင့္ ေတာကၽြဲအင္းၾကားရွိ တံတားကင္းစခန္းႏွင့္ တံတားကို တိုက္ခိုက္ေခ်မႈန္း ရွင္းလင္းခဲ့ၿပီး

လက္နက္ခဲယမ္းမ်ားလည္း သိမ္းဆည္းရမိခဲ့ကာအၾကမ္းဖက္ စစ္ေကာင္စီတပ္သားမ်ား ထိခိုက္ေသဆုံးမႈစာရင္းမ်ားကို စစ္ေဆးအတည္ျပဳေနဆဲ ျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *