လက်သံပြောင်ချက်ကွာ 🐕အကောင် ၂၀တောင် ဒွမ်တယ်
ကညွတ်ကွင်း၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော် လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး
ဇန်နဝါရီ ၄
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံးကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၃ နာရီအချိန် ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ
တော်ဝင်ဒေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများမှ စစ်သားများ ကိုယ်လွတ်ရုန်း ထွက်ပြေးကာ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်
ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကညွတ်ကွင်းမြို့နှင့်ကပ်လျက် ၁၄၂ မိုင် သံတား ကျိုးကျသွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ကညွတ်ကွင်းမြို့နဲ့၂မိုင်အကွာ တောင်ဂုံးတဲ့ရွာမှာမနက်၃နာရီလောက်တိုက်ပွဲဖြစ်တယ်။ ပြည်သူတစ်ဦးသေတယ်။ နာမည်က ဒေါ်ရီမြင့်။ တိုက်ပွဲဖြစ်တဲ့အနားက သံတံတားကြီဆိုတဲ့သံတံတားကျိုးသွားတယ်။ ကညွတ်ကွင်းမြို့ဆိုင်းဘုတ်အဝင်ကပ်လျက်ပဲ။
တံတားက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ ၁၄၂ မိုင်တံတားလို့လည်း ခေါ်တယ်။ ဖြူးမြို့နယ် နဲ့ကျောက်တံခါးမြို့နယ်အကြားက တံတားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီ ၎
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *