သာလီစွပါလို့ 👏👏👏 ပလက်ဝက အလှူတော်မဂ်လာကြီး မတင်လိုက်ရလို့ ထပ်တင်လိုက်ပြီနော်😍

AA က စစ်တပ်၏ချင်းလက်ဝစခန်းကုန်းကိုထပ်မံသိမ်းပိုက်

▪︎လက်နက်ခဲယမ်းများစွာနှင့် စစ်သားအ​လောင်းများသိမ်းဆည်းရရှိဟုထုတ်ပြန်

-People’s Spring

ရက္ခိုင်တပ်​တော် (AA) က ယမန်​နေ့ (ဇန်နဝါရီလ ၃) တွင် ပလက်ဝမြို့နယ်ရှိ စစ်​ကောင်စီ၏ ချင်းလက်ဝစခန်းကုန်း အားသိမ်းဆည်းရရှိပြီး စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိ​ကြောင်း ထုတ်ပြန်သည်။

AA က ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ရခိုင်နှင့် ပလက်ဝဒေသအတွင်း၌ စစ်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီ ၂ ရက်တွင် ပလက်ဝမြို့နယ်၊ ခမောင်းဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်

ထို​နောက် ဇန်နဝါရီလ (၃) ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်​ကြောင်း AA က ယ​နေ့(ဇန်နဝါရီ ၃ ရက် )ည ၁၁ နာရီခွဲတွင်ထုတ်ပြန်သည်။

AA ကပလက်ဝမြို့နယ်ရှိ ချင်းလက်ဝစခန်း၊ မီးဝဗျူဟာကုန်းနှင့် ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာရှိ ပွိုင့် ၃၁၃ ကုန်း နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင်ဗျူဟာကုန်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၊

အခြားသော တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် စခန်းကုန်းများအားလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း ဇန်နဝါရီ ၂ ရက်က အသိပေးထားသည်

ထိုအပြင် AA က ပလက်ဝမြို့နယ်ရှိ တရွန်အိုင် ဗျူဟာကို ဒီဇင်ဘာ ၄ ရက်တွင်လည်း​ကောင်း ၊ နှုံးဘူးဗျူဟာ ကို ဒီဇင်ဘာ ၁၀ ရက် တွင်လည်း​ကောင်း ၊ ဒီဇင်ဘာ ၂၇ ရက်တွင် ခဝဲဗျူ ဟာကုန်း အားလည်း​ကောင်း ၊ ဒီဇင်ဘာ ၂၇ ရက်တွင် မြန်မာ-အိန္ဒိယ နယ်စပ် ပွိုင့် ၃၇၇ အားလည်း​​ကောင်း

ဆက်တိုက်သိမ်းယူ​နေသည်။ ထိုဗျူဟာကုန်းများမှာမြန်မာ-ဘဂ်လား​ဒေရှ်နယ်စပ်ကုန်သွယ်​ရေး ၊မြန်မာ- အိန္ဒိယ နယ်စပ် နှင့် ကုလာတန်စီမံကိန်း စသည်တို့ကို ထိန်းချုပ်စိုးမိုးနိုင်​​သော အချက်အချာကြ​သော​နေရာများဖြစ်ကြောင်း ​ဒေသတွင်းစစ်​ရေး​လေ့လာသူအချို့ကသုံးသပ်သည်။

(စစ်တပ်၏ ချင်းလက်ဝ စခန်းကုန်းအပါအဝင် အခြားစခန်း များမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA)

AA က စစ္တပ္၏ခ်င္းလက္ဝစခန္းကုန္းကိုထပ္မံသိမ္းပိုက္

▪︎လက္နက္ခဲယမ္းမ်ားစြာႏွင့္ စစ္သားအ​ေလာင္းမ်ားသိမ္းဆည္းရရွိဟုထုတ္ျပန္

-People’s Spring

ရကၡိဳင္တပ္​ေတာ္ (AA) က ယမန္​ေန႔ (ဇန္နဝါရီလ ၃) တြင္ ပလက္ဝၿမိဳ႕နယ္ရွိ စစ္​ေကာင္စီ၏ ခ်င္းလက္ဝစခန္းကုန္း အားသိမ္းဆည္းရရွိၿပီး စစ္သားအေလာင္းမ်ား၊ လက္နက္ခဲယမ္းမ်ားႏွင့္ စစ္အသုံးအေဆာင္ပစၥည္းအေျမာက္အမ်ား သိမ္းဆည္းရရွိ​ေၾကာင္း ထုတ္ျပန္သည္။

AA က ဇန္နဝါရီလ (၁) ရက္ေန႔မွစ၍ ရခိုင္ႏွင့္ ပလက္ဝေဒသအတြင္း၌ စစ္တပ္စခန္းမ်ားကိုထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိရာ ဇန္နဝါရီ ၂ ရက္တြင္ ပလက္ဝၿမိဳ႕နယ္၊ ခေမာင္းဝစခန္းကုန္းအား အၿပီးသတ္သိမ္းပိုက္ရယူနိုင္ခဲ့သည္

ထို​ေနာက္ ဇန္နဝါရီလ (၃) ရက္ေန႔၌လည္း ခ်င္းလက္ဝစခန္းကုန္းအား အၿပီးသတ္သိမ္းပိုက္နိုင္ခဲ့ၿပီျဖစ္​ေၾကာင္း AA က ယ​ေန႔(ဇန္နဝါရီ ၃ ရက္ )ည ၁၁ နာရီခြဲတြင္ထုတ္ျပန္သည္။

AA ကပလက္ဝၿမိဳ႕နယ္ရွိ ခ်င္းလက္ဝစခန္း၊ မီးဝဗ်ဴဟာကုန္းႏွင့္ ပလက္ဝၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မီတာ (၁၇၀၀) အကြာရွိ ပြိဳင့္ ၃၁၃ ကုန္း ႏွင့္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ရွိေတာင္ရွည္ေတာင္ဗ်ဴဟာကုန္းထိုးစစ္ဆင္တိုက္ခိုက္ေနၿပီး ၊

အျခားေသာ တစ္ဝက္တစ္ပ်က္ က်န္ရွိေနေသးသည့္ စခန္းကုန္းမ်ားအားလည္း ဆက္လက္ ထိုးစစ္ဆင္တိုက္ခိုက္ လ်က္ရွိေၾကာင္း ဇန္နဝါရီ ၂ ရက္က အသိေပးထားသည္

ထိုအျပင္ AA က ပလက္ဝၿမိဳ႕နယ္ရွိ တရြန္အိုင္ ဗ်ဴဟာကို ဒီဇင္ဘာ ၄ ရက္တြင္လည္း​ေကာင္း ၊ ႏႈံးဘူးဗ်ဴဟာ ကို ဒီဇင္ဘာ ၁၀ ရက္ တြင္လည္း​ေကာင္း ၊ ဒီဇင္ဘာ ၂၇ ရက္တြင္ ခဝဲဗ်ဴ ဟာကုန္း အားလည္း​ေကာင္း ၊ ဒီဇင္ဘာ ၂၇ ရက္တြင္ ျမန္မာ-အိႏၵိယ နယ္စပ္ ပြိဳင့္ ၃၇၇ အားလည္း​​ေကာင္း

ဆက္တိုက္သိမ္းယူ​ေနသည္။ ထိုဗ်ဴဟာကုန္းမ်ားမွာျမန္မာ-ဘဂ္လား​ေဒရွ္နယ္စပ္ကုန္သြယ္​ေရး ၊ျမန္မာ- အိႏၵိယ နယ္စပ္ ႏွင့္ ကုလာတန္စီမံကိန္း စသည္တို႔ကို ထိန္းခ်ဳပ္စိုးမိုးနိုင္​​ေသာ အခ်က္အခ်ာၾက​ေသာ​ေနရာမ်ားျဖစ္ေၾကာင္း ​ေဒသတြင္းစစ္​ေရး​ေလ့လာသူအခ်ိဳ႕ကသုံးသပ္သည္။

(စစ္တပ္၏ ခ်င္းလက္ဝ စခန္းကုန္းအပါအဝင္ အျခားစခန္း မ်ားမွသိမ္းဆည္းရရွိ​ေသာလက္နက္ခဲယမ္းမ်ား။ ဓါတ္ပုံ-AA)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *