စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချ

ပုဇင်းကင် အရှင်လက်လက်လေး

Breaking News- စစ်ကောင်စီ၏ စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်သည့် ရှေ့တန်း၏ သတင်းပေးပို့ချက်ရရှိထားဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို၊ စစ်ရဟတ်ယာဉ် ပျက်ကျပြီး မီးလောင်နေ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချလိုက်သည့် ရှေ့တန်းရင်းမြစ်၏ သတင်းပေးပို့ချက် ရရှိထားကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန်တွင် စစ်တပ်၏ ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချလိုက်ခြင်းဖြစ်ပြီး အသေးစိတ်အချက် အလက်များကို မသိရှိရသေးဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

“မြစ်ကြီးနားက တက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ပစ်ချလိုက်တဲ့ သတင်း၊ ရှေ့တန်းသတင်းရင်းမြစ်က ပို့တာ ရရှိပါတယ်။ နေရာ၊ ဘယ်နားပျက်ကျတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်နဲ့ အတည်ပြုမှုတွေ ထပ်လိုဦးမယ်။ ပစ်ချလိုက်နိုင်တာကတော့ ဟုတ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“ဝိုင်းမော်မြို့နယ် ကန်တောယာန်ကျေးရွားဒေသမှာ နာဖော့ စစ်ခွေးစခန်းကိုရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် ၂ စီးမှာ ၁ စီးကထိမှန်သွားပြီး မီးလောင်ပျက်ကျ သွားပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ပုဇင္းကင္ အရွင္လက္လက္ေလး

Breaking News- စစ္ေကာင္စီ၏ စစ္ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ႏိုင္သည့္ ေရွ႕တန္း၏ သတင္းေပးပို႔ခ်က္ရရွိထားဟု KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူေျပာဆို၊ စစ္ရဟတ္ယာဥ္ ပ်က္က်ၿပီး မီးေလာင္ေန(႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၃

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္၊ နာေဖာ့စစ္တပ္စခန္းသို႔ ရိကၡာလာပို႔သည့္ စစ္တပ္ေထာက္ပို႔ ရဟတ္ယာဥ္တစ္စီးကို KIA က ပစ္ခ်လိုက္သည့္ ေရွ႕တန္းရင္းျမစ္၏ သတင္းေပးပို႔ခ်က္ ရရွိထားေၾကာင္း KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဇန္နဝါရီလ ၃ ရက္ေန႔ နံနက္ ၁၁ နာရီ ၅၉ မိနစ္အခ်ိန္တြင္ စစ္တပ္၏ ေထာက္ပို႔ ရဟတ္ယာဥ္ကို ပစ္ခ်လိုက္ျခင္းျဖစ္ၿပီး အေသးစိတ္အခ်က္ အလက္မ်ားကို မသိရွိရေသးဟု ဗိုလ္မႉးႀကီး ေနာ္ဘူက ေျပာဆိုသည္။

“ျမစ္ႀကီးနားက တက္လာတဲ့ စစ္ရဟတ္ယာဥ္ကို ပစ္ခ်လိုက္တဲ့ သတင္း၊ ေရွ႕တန္းသတင္းရင္းျမစ္က ပို႔တာ ရရွိပါတယ္။ ေနရာ၊ ဘယ္နားပ်က္က်တယ္ဆိုတဲ့ အေသးစိတ္ အခ်က္အလက္နဲ႔ အတည္ျပဳမႈေတြ ထပ္လိုဦးမယ္။ ပစ္ခ်လိုက္ႏိုင္တာကေတာ့ ဟုတ္ပါတယ္” ဟု ဗိုလ္မႉးႀကီးေနာ္ဘူက ေျပာဆိုသည္။

“ဝိုင္းေမာ္ၿမိဳ႕နယ္ ကန္ေတာယာန္ေက်း႐ြားေဒသမွာ နာေဖာ့ စစ္ေခြးစခန္းကိုရိကၡာလာပို႔တဲ့ ရဟတ္ယာဥ္ ၂ စီးမွာ ၁ စီးကထိမွန္သြားၿပီး မီးေလာင္ပ်က္က် သြားပါတယ္” ဟု KIA ေရွ႕တန္းသတင္းရင္းျမစ္က ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *