ပြေးကြပြန်ပြီ အုပ်လိုက်ကြီး….အဘသားတွေက တိုက်ပွဲလား မာရသွန်ပွဲလား မကွဲပြားတော့ဘူး

ပြေးကြပြန်ပြီ အုပ်လိုက်ကြီး….အဘသားတွေက တိုက်ပွဲလား မာရသွန်ပွဲလား မကွဲပြားတော့ဘူး

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော ခမရ−၅၈၁ တပ်စခန်း ၂ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော ခမရ−၅၈၁ တပ်စခန်း ၂ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်း ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထန်းတပင် မြို့နယ်၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားသော စကခ ၂၀ အောက်ရှိ ခမရ−၅၈၁ တပ်စခန်းနှင့် ကလောမီဒဲ ကျေးရွာပိုင်မြေအတွင်း တပ်စွဲထားသော စကခ ၂၀ အောက်ရှိ ခမရ−၅၈၁ တပ်စခန်းတို့ရှိ အကြမ်းဖက် စစ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၆ မှ ထိုစခန်းများကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ယင်း စခန်းများကို ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားသည်မှာ ဖလေးဆာလိုတပ်စခန်းမှာ ၆ လခန့် နှင့် ကလောမီဒဲတပ်စခန်းမှာ ၃ လခန့် ကြာမြင့်ပြီဖြစ်သည့် အတွက်ကြောင့် ထိုတပ်စခန်းအတွင်းရှိ စစ်သားများမှာ ဒုက္ခများစွာ ခံစားရပြီး နောက်ဆုံးတွင် စခန်းအား စွန့်ခွာထွက်ပြေးသွားရခြင်းဖြစ်ပြီး ထိုစခန်းများကို တက်ရောက် ရှင်းလင်းစဉ်အတွင်း ဖလေးဆာလိုတပ်စခန်းအတွင်းမှ ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းများသည် ၁၉၇၅ ခုနှစ်တွင် ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာသွားခဲ့ကြောင်း၊ ဒုတိယအကြိမ်အနေဖြင့် ၂၀၀၆ ခုနှစ်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ က ဦးဆောင်ပြီး တောင်ငူခရိုင် အတွင်းနေထိုင်သော ကရင်လူမျိုးများကို “မြေလှန်စနစ်” ဖြင့် လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေး အတွင်း ဝင်ရောက်ကျူးကျော်လာခဲ့သောတပ်စခန်းများဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ေျပးၾကျပန္ၿပီ အုပ္လိုက္ၾကီး….အဘသားေတြက တိုက္ပြဲလား မာရသြန္ပြဲလား မကြဲျပားေတာ့ဘူး

ထန္းတပင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္သားမ်ား စြန႔္ခြာထြက္ေျပးသြားေသာ ခမရ−၅၈၁ တပ္စခန္း ၂ ခုကို KNLA ရဲေဘာ္မ်ားက မီးရႈိ႕ရွင္းလင္း

ရန္ကုန္၊ ဇန္နဝါရီ ၃

ပဲခူးတိုင္း၊ ထန္းတပင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ တပ္သားမ်ား စြန႔္ခြာထြက္ေျပးသြားေသာ ခမရ−၅၈၁ တပ္စခန္း ၂ ခုကို KNLA ရဲေဘာ္မ်ားက မီးရႈိ႕ရွင္းလင္း ခဲ့ေၾကာင္း KNU ဗဟိုက ထုတ္ျပန္ထားသည္။

ဒီဇင္ဘာလ ၃၁ ရက္ေန႔ႏွင့္ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ ထန္းတပင္ ၿမိဳ႕နယ္၊ ဖေလးဆာလိုေက်း႐ြာ ဘိုးဘြားပိုင္ သခ်ႋဳင္းေျမအတြင္း တပ္စြဲထားေသာ စကခ ၂၀ ေအာက္ရွိ ခမရ−၅၈၁ တပ္စခန္းႏွင့္ ကေလာမီဒဲ ေက်း႐ြာပိုင္ေျမအတြင္း တပ္စြဲထားေသာ စကခ ၂၀ ေအာက္ရွိ ခမရ−၅၈၁ တပ္စခန္းတို႔ရွိ အၾကမ္းဖက္ စစ္သားမ်ားသည္ စခန္းစြန႔္ခြာ ထြက္ေျပးသြားေသာေၾကာင့္ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (K.N.L.A) တပ္ရင္း ၆ မွ ထိုစခန္းမ်ားကို မီးရႈိ႕ ရွင္းလင္းခဲ့ေၾကာင္း သိရွိရသည္။

ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (K.N.L.A) မွ ယင္း စခန္းမ်ားကို ရိကၡာလမ္းေၾကာင္းမ်ား ျဖတ္ေတာက္ထားသည္မွာ ဖေလးဆာလိုတပ္စခန္းမွာ ၆ လခန႔္ ႏွင့္ ကေလာမီဒဲတပ္စခန္းမွာ ၃ လခန႔္ ၾကာျမင့္ၿပီျဖစ္သည့္ အတြက္ေၾကာင့္ ထိုတပ္စခန္းအတြင္းရွိ စစ္သားမ်ားမွာ ဒုကၡမ်ားစြာ ခံစားရၿပီး ေနာက္ဆုံးတြင္ စခန္းအား စြန႔္ခြာထြက္ေျပးသြားရျခင္းျဖစ္ၿပီး ထိုစခန္းမ်ားကို တက္ေရာက္ ရွင္းလင္းစဥ္အတြင္း ဖေလးဆာလိုတပ္စခန္းအတြင္းမွ ခဲယမ္းမ်ားစြာကိုလည္း သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ အၾကမ္းဖက္ စစ္တပ္စခန္းမ်ားသည္ ၁၉၇၅ ခုႏွစ္တြင္ ပထမအႀကိမ္ စတင္တပ္စြဲခဲ့ၿပီး ၁၉၇၉ ခုႏွစ္ ဆုတ္ခြာသြားခဲ့ေၾကာင္း၊ ဒုတိယအႀကိမ္အေနျဖင့္ ၂၀၀၆ ခုႏွစ္တြင္ အၾကမ္းဖက္ စစ္တပ္၏ တပ္မ ၆၆ က ဦးေဆာင္ၿပီး ေတာင္ငူခ႐ိုင္ အတြင္းေနထိုင္ေသာ ကရင္လူမ်ိဳးမ်ားကို “ေျမလွန္စနစ္” ျဖင့္ လူမ်ိဳးတုန္းရွင္းလင္းေရး စစ္ဆင္ေရး အတြင္း ဝင္ေရာက္က်ဴးေက်ာ္လာခဲ့ေသာတပ္စခန္းမ်ားျဖစ္ေၾကာင္း KNU ဗဟိုက ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *