စစ်ကိုင်းကအဖွဲ့တွေ မန္တလေးမြို့ပေါ်တက်ပြီး စစ်အုပ်စုကို ဖောက်ခွဲ တိုက်ခိုက်၊

စစ်ကိုင်းကအဖွဲ့တွေ မန္တလေးမြို့ပေါ်တက်ပြီး စစ်အုပ်စုကို ဖောက်ခွဲ တိုက်ခိုက်၊

ထင်လင်း/MFP ၊ ဇန်နဝါရီ – ၂

စစ်ကိုင်းက တော်လှန်ရေး တပ်တွေ ပူးပေါင်း ဖော်ဆောင်တဲ့ ဝရဇိန် အထူးစစ်ဆင်ရေးအဖြစ် ဇန်နဝါရီ(၁)ရက် မနေ့က မန္တလေးမြို့ပေါ်အထိ တက်ရောက်ကာ စစ်အုပ်စု ရဲစခန်းနဲ့ လှည့်ကင်းကားကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force က သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးမြို့အနှံ့ စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ဇန်နဝါရီ(၁)ရက် မနက်အစောပိုင်း မန္တလေးမြို့ (၃၅)လမ်းနဲ့ မြို့ပတ်လမ်းမှာ ကားနှစ်စီးနဲ့လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ကာ နေ့လည်(၂)နာရီမှာလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂)လမ်းပေါ်က ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းမှာ စစ်အုပ်စု အကောင်ကြီးတွေ အစည်းအဝေး လုပ်နေတယ်ဆိုတဲ့ သတင်းအရ နာရီဝက်အတွင်း မိုင်းတစ်လုံး၊ လက်ပစ်ဗုံးတစ်လုံးနဲ့ သွားရောက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စု အသေအပျောက် အခြေအနေ မသိရသေဘူးလို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

“ဝရဇိန်” စစ်ဆင်ရေးသည် မိမိတို့အနေဖြင့် ပြည်သူများကို နှစ်ကူးလက်ဆောင် အပြင် စစ်ကိုင်တိုင်း အခြေစိုက် တပ်များဖြစ်သည့်တိုင် မန္တလေးမြို့ကဲ့သို စကစတပ်များ အခိုင်အမာ တပ်စွဲထားသည့် မြို့ကို အချိန်မရွေး၊ နေရာမရွေး စစ်ဆင်ရေး ပြုလုပ်နိုင်ကြောင်း၊ အရေးပါသော စစ်ရေးပစ်မှတ်များကို စစ်ရေးဖြင့် တုန့်ပြန်နိုင်ကြောင်း အသိပေး လိုခြင်းဖြစ်သည်။ စကစတပ်သားများနှင့် NonCDM များ အနေဖြင့် သက်ဆိုင်ရာ ဌာနများကို အမြန်ဆုံး စွန့်ခွာကြရန်၊ အလင်းဝင်ကြရန် မိမိတို့အနေဖြင့် အထူးသတိပေးလိုသည်” လို့ ဝရဇိန်စစ်ဆင်ရေးက ဖော်ပြပါတယ်။

“ဝရဇိန်” အထူးစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force (ဗိုလ်ကောက်ရိုး)၊ Civil MEDIA-SRPST(SawJohn)နဲ့ Northern Tigers Group (ခင်ဦး) တို့ ပူးပေါင်း ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ခုချိန်မှာ အခွင့်အရေးရှိတုန်း အလင်းဝင်ကြဖို့၊ Non တွေလည်း CDM ဝင်ကြဖို့ ပြောချင်တယ်။ အခွင့်ရေး နှစ်ခါ မရပါဘူး ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့မှ သနားပါ၊ ညှာတာပါဆိုတာတွေ လာမလုပ်နဲ့။ ခွင့်မပြုနိုင်ပါဘူး။ ဘာလို့လဲဆိုရင် အသက်ပေးသွားတဲ့ ပြည်သူ၊ ရဟန်း၊ ကျောင်းသားတွေ၊ မီးရှို့ခံထားရတဲ့ ပြည်သူတွေ၊ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေဘက်နေ ခံစားကြည့်ပေးပါ၊ ခွင့်လွှတ်ပေးနိုင်စရာကို မရှိပါဘူး။ အဲဒါကြောင့် အခွင့်အရေးရတုန်း အလင်းဝင်ကြပါ၊ CDM လုပ်ကြပါလို့ ပြောချင်တယ်” လို့ ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်း – Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

မန္တလေးမြို့ပေါ်က စစ်အုပ်စုကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးနှစ်ခုအပြီး တော်လှန်ရေး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ စစ်ဆင်ရေး လုပ်ဆောင်နိုင်ဖို့ Sharing Is Caring က လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖောက်ခွဲတိုက်ခိုက်မှု နှစ်ခုနဲ့ ပတ်သက်ပြီး စစ်အုပ်စုကတော့ တစုံတရာ သတင်းဖြန့်တာ မရှိသေးပါဘူး။

Mandalay_Free_Press_MFP

စစ္ကိုင္းကအဖြဲ႕ေတြ မႏၲေလးၿမိဳ႕ေပၚတက္ၿပီး စစ္အုပ္စုကို ေဖာက္ခြဲ တိုက္ခိုက္၊

ထင္လင္း/MFP ၊ ဇန္နဝါရီ – ၂

စစ္ကိုင္းက ေတာ္လွန္ေရး တပ္ေတြ ပူးေပါင္း ေဖာ္ေဆာင္တဲ့ ဝရဇိန္ အထူးစစ္ဆင္ေရးအျဖစ္ ဇန္နဝါရီ(၁)ရက္ မေန႔က မႏၲေလးၿမိဳ႕ေပၚအထိ တက္ေရာက္ကာ စစ္အုပ္စု ရဲစခန္းနဲ႔ လွည့္ကင္းကားကို ေဖာက္ခြဲ တိုက္ခိုက္ခဲ့တယ္လို႔ ေ႐ႊဘိုခ႐ိုင္ အမွတ္(၁၅)တပ္ရင္း – Eagle Guerrilla Force က သတင္း ထုတ္ျပန္ပါတယ္။

မႏၲေလးၿမိဳ႕အႏွံ႔ စစ္အုပ္စုက လုံၿခဳံေရး တင္းၾကပ္ထားတဲ့ၾကားက ဇန္နဝါရီ(၁)ရက္ မနက္အေစာပိုင္း မႏၲေလးၿမိဳ႕ (၃၅)လမ္းနဲ႔ ၿမိဳ႕ပတ္လမ္းမွာ ကားႏွစ္စီးနဲ႔လွည့္ေနတဲ့ စစ္အုပ္စုကို မိုင္းေဖာက္ခြဲ တိုက္ခိုက္ခဲ့ကာ ေန႔လည္(၂)နာရီမွာလည္း မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (၆၂)လမ္းေပၚက ျပည္ႀကီးတံခြန္ အဆင့္ျမင့္ ရဲစခန္းမွာ စစ္အုပ္စု အေကာင္ႀကီးေတြ အစည္းအေဝး လုပ္ေနတယ္ဆိုတဲ့ သတင္းအရ နာရီဝက္အတြင္း မိုင္းတစ္လုံး၊ လက္ပစ္ဗုံးတစ္လုံးနဲ႔ သြားေရာက္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈေတြအတြင္း စစ္အုပ္စု အေသအေပ်ာက္ အေျခအေန မသိရေသဘူးလို႔ ေ႐ႊဘိုခ႐ိုင္ အမွတ္(၁၅)တပ္ရင္း – Eagle Guerrilla Force တပ္ရင္းမႉး ဗိုလ္ေကာက္႐ိုးက ေျပာပါတယ္။

“ဝရဇိန္” စစ္ဆင္ေရးသည္ မိမိတို႔အေနျဖင့္ ျပည္သူမ်ားကို ႏွစ္ကူးလက္ေဆာင္ အျပင္ စစ္ကိုင္တိုင္း အေျခစိုက္ တပ္မ်ားျဖစ္သည့္တိုင္ မႏၲေလးၿမိဳ႕ကဲ့သို စကစတပ္မ်ား အခိုင္အမာ တပ္စြဲထားသည့္ ၿမိဳ႕ကို အခ်ိန္မေ႐ြး၊ ေနရာမေ႐ြး စစ္ဆင္ေရး ျပဳလုပ္ႏိုင္ေၾကာင္း၊ အေရးပါေသာ စစ္ေရးပစ္မွတ္မ်ားကို စစ္ေရးျဖင့္ တုန္႔ျပန္ႏိုင္ေၾကာင္း အသိေပး လိုျခင္းျဖစ္သည္။ စကစတပ္သားမ်ားႏွင့္ NonCDM မ်ား အေနျဖင့္ သက္ဆိုင္ရာ ဌာနမ်ားကို အျမန္ဆုံး စြန္႔ခြာၾကရန္၊ အလင္းဝင္ၾကရန္ မိမိတို႔အေနျဖင့္ အထူးသတိေပးလိုသည္” လို႔ ဝရဇိန္စစ္ဆင္ေရးက ေဖာ္ျပပါတယ္။

“ဝရဇိန္” အထူးစစ္ဆင္ေရးကို ေ႐ႊဘိုခ႐ိုင္ အမွတ္(၁၅)တပ္ရင္း – Eagle Guerrilla Force (ဗိုလ္ေကာက္႐ိုး)၊ Civil MEDIA-SRPST(SawJohn)နဲ႔ Northern Tigers Group (ခင္ဦး) တို႔ ပူးေပါင္း ေဖာ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

“ခုခ်ိန္မွာ အခြင့္အေရးရွိတုန္း အလင္းဝင္ၾကဖို႔၊ Non ေတြလည္း CDM ဝင္ၾကဖို႔ ေျပာခ်င္တယ္။ အခြင့္ေရး ႏွစ္ခါ မရပါဘူး ကြၽန္ေတာ္တို႔နဲ႔ ထိပ္တိုက္ေတြ႕မွ သနားပါ၊ ညႇာတာပါဆိုတာေတြ လာမလုပ္နဲ႔။ ခြင့္မျပဳႏိုင္ပါဘူး။ ဘာလို႔လဲဆိုရင္ အသက္ေပးသြားတဲ့ ျပည္သူ၊ ရဟန္း၊ ေက်ာင္းသားေတြ၊ မီးရႈိ႕ခံထားရတဲ့ ျပည္သူေတြ၊ မုဒိမ္းက်င့္ခံရတဲ့ အမ်ိဳးသမီးေတြဘက္ေန ခံစားၾကည့္ေပးပါ၊ ခြင့္လႊတ္ေပးႏိုင္စရာကို မရွိပါဘူး။ အဲဒါေၾကာင့္ အခြင့္အေရးရတုန္း အလင္းဝင္ၾကပါ၊ CDM လုပ္ၾကပါလို႔ ေျပာခ်င္တယ္” လို႔ ေ႐ႊဘိုခ႐ိုင္ အမွတ္(၁၅)တပ္ရင္း – Eagle Guerrilla Force တပ္ရင္းမႉး ဗိုလ္ေကာက္႐ိုးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕ေပၚက စစ္အုပ္စုကို တိုက္ခိုက္တဲ့ စစ္ဆင္ေရးႏွစ္ခုအၿပီး ေတာ္လွန္ေရး ရဲေဘာ္ေတြ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ေၾကာင္းနဲ႔ စစ္ဆင္ေရး လုပ္ေဆာင္ႏိုင္ဖို႔ Sharing Is Caring က လိုအပ္တာေတြ ကူညီေပးခဲ့တယ္လို႔ ဆိုပါတယ္။

အဲ့ဒီ ေဖာက္ခြဲတိုက္ခိုက္မႈ ႏွစ္ခုနဲ႔ ပတ္သက္ၿပီး စစ္အုပ္စုကေတာ့ တစုံတရာ သတင္းျဖန႔္တာ မရွိေသးပါဘူး။

Mandalay_Free_Press_MFP

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *