နှစ်သစ်ကို တပ်မ ၂၂ မွှင်းခါးတွေနဲ့ ကြိုဆိုပြီ

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဟု တော်လှန်ရေးတပ်ဖွဲ့ပြောဆို

ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ ပြန်ကြားရေး ကိုအောင်စံရှားက ပြောဆိုသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကော့ကရိတ်မြိုနယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၊ Federal wings ဒရုန်းအဖွဲ့ ၊

ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များက နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးအပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၄ ဦးရှိပြီး လက်နက်ချအညံ့ခံသူ ၁၁ ဦး၊ လက်နက်မျိုးစုံ ၂၈ လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ပြည်သူ့ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သိရှိရသည်

အကြမ်းဖက်စစ် တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း

ကျေးလက်စစ်ဆင်ရေးနှင့် မြိုတွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ ပြန်ကြားရေး ကိုအောင်စံရှားက ရှင်းလင်းပြောဆိုသည်


ဇန်နဝါရီ ၁









ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဟု တော်လှန်ရေးတပ်ဖွဲ့ပြောဆို

ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ ပြန်ကြားရေး ကိုအောင်စံရှားက ပြောဆိုသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကော့ကရိတ်မြိုနယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၊ Federal wings ဒရုန်းအဖွဲ့ ၊

ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များက နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးအပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၄ ဦးရှိပြီး လက်နက်ချအညံ့ခံသူ ၁၁ ဦး၊ လက်နက်မျိုးစုံ ၂၈ လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ပြည်သူ့ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သိရှိရသည်

အကြမ်းဖက်စစ် တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း

ကျေးလက်စစ်ဆင်ရေးနှင့် မြိုတွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ ပြန်ကြားရေး ကိုအောင်စံရှားက ရှင်းလင်းပြောဆိုသည်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *