အိပ်ပျော်စေမယ့် မက်ဆေ့တွေ လင်းလိုက်ပြန်ပီ Sweet December လေးနော် 😊 ရုပ်/သံ

ကယားပြည်နယ် အစိုးရအဖွဲ့ရုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးကို သိမ်းပိုက်ရရှိထားကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ လေယာဉ်ကွင်းရှေ့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးကို သိမ်းပိုက်မိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ သုံးရောင်ခြယ် အလံကို ဖြုတ်ချကာ

ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ အလံတော်ကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း၊ လက်ကျန် အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသိရသည်။

“ဘယ်အချိန်က သိမ်းမိလဲတော့ မသိဘူး၊ ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးဆိုတော့ လေယာဉ် ပျံကွင်း အရှေ့မှာပဲရှိတယ်လေ၊ လေယာဉ်ပျံကွင်းရဲ့ အရှေ့နားမှာရှိတာ၊ အဲဒါကိုတော့ သိမ်းတာမှန်တယ်၊ အဲ ဒါတော့အတည်ပြုလို့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ရုံးဆိုတော့ ခရိုင်ထက်တော့ ပိုကြီးတာပေါ့၊ အဲဒီ ရုံးကို သိမ်းထားတာမှန်တယ်လို့ အတည်ပြုပေးလို့ရပါတယ်။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်း နိုင်က အတည်ပြုပြောကြားသည်။

ကရင်နီပြည်နယ်သိမ်းပိုက်ရရှိရေး ၁၁၁၁ စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ တစ်လခွဲကျော်အကြာကာလအတွင်း လွိုင်ကော်မြို့၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သားများက

၎င်းတို့တပ်စွဲထားရာ နေရာအနီးတဝိုက်ရှိ ပြည်သူ့ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ဗုံးများဖြင့် ဈေးများအတွင်း ပစ်ခတ်မီးရှို့ခြင်းများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

 

ကယားျပည္နယ္ အစိုးရအဖြဲ႕႐ုံးကို ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ား တိုက္ခိုက္ သိမ္းပိုက္ (႐ုပ္/သံ)

ဒီဇင္ဘာ ၂၈

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ အၾကမ္းဖက္စစ္တပ္ လက္ေအာက္ခံ ကယားျပည္နယ္အစိုးရ အဖြဲ႕႐ုံးကို သိမ္းပိုက္ရရွိထားေၾကာင္း KA စစ္ေရးခ်ဳပ္ ဗိုလ္မႉးႀကီး ဘုန္းနိုင္က အတည္ျပဳေျပာၾကားသည္။

ယေန႔ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ လြိဳင္ေကာ္ၿမိဳ႕၊ ေလယာဥ္ကြင္းေရွ႕ရွိ ျပည္နယ္အစိုးရအဖြဲ႕႐ုံးကို သိမ္းပိုက္မိခဲ့ျခင္းျဖစ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီ၏ သုံးေရာင္ျခယ္ အလံကို ျဖဳတ္ခ်ကာ

ကရင္နီ ေတာ္လွန္ေရးတပ္ဖြဲ႕ အလံေတာ္ကို လႊင့္ထူလိုက္ၿပီျဖစ္ေၾကာင္း၊ လက္က်န္ အၾကမ္းဖက္စစ္ေကာင္ စီတပ္သားမ်ားကို ဆက္လက္တိုက္ခိုက္ေခ်မႈန္းလ်က္ရွိေၾကာင္းသိရသည္။

“ဘယ္အခ်ိန္က သိမ္းမိလဲေတာ့ မသိဘူး၊ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္႐ုံးဆိုေတာ့ ေလယာဥ္ ပ်ံကြင္း အေရွ႕မွာပဲရွိတယ္ေလ၊ ေလယာဥ္ပ်ံကြင္းရဲ့ အေရွ႕နားမွာရွိတာ၊ အဲဒါကိုေတာ့ သိမ္းတာမွန္တယ္၊ အဲ ဒါေတာ့အတည္ျပဳလို႔ရပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္႐ုံးဆိုေတာ့ ခရိုင္ထက္ေတာ့ ပိုႀကီးတာေပါ့၊ အဲဒီ ႐ုံးကို သိမ္းထားတာမွန္တယ္လို႔ အတည္ျပဳေပးလို႔ရပါတယ္။” ဟု KA စစ္ေရးခ်ဳပ္ ဗိုလ္မႉးႀကီး ဘုန္း နိုင္က အတည္ျပဳေျပာၾကားသည္။

ကရင္နီျပည္နယ္သိမ္းပိုက္ရရွိေရး ၁၁၁၁ စစ္ဆင္ေရးအျဖစ္ လြိဳင္ေကာ္ၿမိဳ႕သိမ္းတိုက္ပြဲဆင္ႏႊဲခဲ့ရာ တစ္လခြဲေက်ာ္အၾကာကာလအတြင္း လြိဳင္ေကာ္ၿမိဳ႕၏ ၈၀ ရာခိုင္ႏႈန္းကို ထိန္းခ်ဳပ္ထားနိုင္ၿပီး အ ၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားက

၎တို႔တပ္စြဲထားရာ ေနရာအနီးတဝိုက္ရွိ ျပည္သူ႔ ေနအိမ္ မ်ားကို မီးရွို႔ဖ်က္ဆီးျခင္း၊ မီးေလာင္ဗုံးမ်ားျဖင့္ ေဈးမ်ားအတြင္း ပစ္ခတ္မီးရွို႔ျခင္းမ်ား ဆက္တိုက္ ျပဳလုပ္ေနေၾကာင္း သိရသည္။

ကယားပြည်နယ် အစိုးရအဖွဲ့ရုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးကို သိမ်းပိုက်ရရှိထားကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က အတည်ပြုပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လွိုင်ကော်မြို့၊ လေယာဉ်ကွင်းရှေ့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးကို သိမ်းပိုက်မိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ သုံးရောင်ခြယ် အလံကို ဖြုတ်ချကာ

ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ အလံတော်ကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း၊ လက်ကျန် အကြမ်းဖက်စစ်ကောင် စီတပ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းသိရသည်။

“ဘယ်အချိန်က သိမ်းမိလဲတော့ မသိဘူး၊ ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးဆိုတော့ လေယာဉ် ပျံကွင်း အရှေ့မှာပဲရှိတယ်လေ၊ လေယာဉ်ပျံကွင်းရဲ့ အရှေ့နားမှာရှိတာ၊ အဲဒါကိုတော့ သိမ်းတာမှန်တယ်၊ အဲ ဒါတော့အတည်ပြုလို့ရပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ရုံးဆိုတော့ ခရိုင်ထက်တော့ ပိုကြီးတာပေါ့၊ အဲဒီ ရုံးကို သိမ်းထားတာမှန်တယ်လို့ အတည်ပြုပေးလို့ရပါတယ်။” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်း နိုင်က အတည်ပြုပြောကြားသည်။

ကရင်နီပြည်နယ်သိမ်းပိုက်ရရှိရေး ၁၁၁၁ စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ တစ်လခွဲကျော်အကြာကာလအတွင်း လွိုင်ကော်မြို့၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး အ ကြမ်းဖက်စစ်ကောင်စီတပ်သားများက

၎င်းတို့တပ်စွဲထားရာ နေရာအနီးတဝိုက်ရှိ ပြည်သူ့ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ဗုံးများဖြင့် ဈေးများအတွင်း ပစ်ခတ်မီးရှို့ခြင်းများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *