အက်ရှင်လေးကမို က်နေရော..လိုင်းကြေးကောက်တဲ့ လှရွှေတို့တော့ ဘယ်ကထွက်သွားမှန်း သိလိုက်ပါ့မလား

မုံရွာမြို့ စက်မှု ၂ ရှိ အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်/သံ)

ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှု ၂ ရှိ အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း မုံရွာနတ်ဆိုးတပ်ရင်း-မုံရွာ ခရိုင်တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် မုံရွာမြို့ စက်မှု ၂ ဇီဇဝါလမ်းအနီး အလုပ်ရုံများကို ငွေလာတောင်းသည့် ရဲကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်

“သူတို့တွေက အင်အား ၁၂ ယောက်နဲ့ ပိုက်ဆံတောင်းတာ ကျွန်တော်တို့က သတင်းအရ ဝင်ပစ်တာ ရဲခွေး ၃ ကောင် နေရာတင် လဲကျသွားပါတယ်။ ၂ ကောင်ကတော့ သေချာပေါက် သေဆုံးပါတယ်

၁ ကောင်က သေမသေ မသိရပ ကားထဲမှာကျန်ခဲ့တဲ့ ရဲခွေးတွေလည်း သေမသေ မသိခဲ့ရဘူး” ဟု မုံရွာနတ်ဆိုးတပ်ရင်း-မုံရွာ ခရိုင်တပ်ရင်း ၂၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၃ Aung San Generation နှင့် မုံရွာခရိုင် တပ်ရင်း ၂၂ နတ်ဆိုး တပ်ရင်းမှ ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်


ဒီဇင်ဘာ ၂၈






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *