လျှို့ဝှက်စာ လာပြီ ဘယ်သူ့မှ မပြနဲ့အုံးနော်….မဲတွေရှယ်ဖောက်ရတော့မယ်
ရှမ်းမြောက်ပိုင်းတွင် စစ်တပ်အနေဖြင့် ကျဆုံးမှု အနည်းငယ်သာရှိဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောဆိုခဲ့သော်လည်း လျှို့ဝှက်ကြေးနန်းများအရ တိုက်ပွဲများအတွင်း အစုလိုက်အပြုံလိုက် စစ်သားများ သေဆုံးခဲ့
ဒီဇင်ဘာ ၂၈
ရှမ်းမြောက်ပိုင်းတွင် စစ်တပ်အနေဖြင့် ကျဆုံးမှု အနည်းငယ်သာရှိကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက သတင်းစာများမှတစ်ဆင့် ပြောဆိုခဲ့သော်လည်း လျှို့ဝှက်ကြေးနန်းများအရ တိုက်ပွဲများအတွင်း အစုလိုက်အပြုံလိုက် စစ်သားများ သေဆုံးခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုနောင်ရိုးက ပြောဆိုသည်။
ရှမ်းမြောက် ကိုးကန့်ဒေသ ကုန်းကြမ်းကနေ ဒီဇင်ဘာလ ၂ ရက်နေ့က ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်အနေဖြင့် အများအပြား ကျဆုံးပြီး အင်အားအနည်းငယ်သာ ပြန်လည်ပူးပေါင်းနိုင်ခဲ့ကြောင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ပေါက်ကြားလာသည့် ကြေးနန်းများကို ကိုးကား၍ ပြည်သူ့ပန်းတိုင်အဖွဲ့မှ ကိုနောင်ရိုးက ရှင်းပြသည်။။
လွန်ခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့နယ် အခြေစိုက် ခလရ-၁၂၅ တပ်ရင်းက MNDAA တပ်ဖွဲထံ အလံဖြူထောင် လက်နက်ချ ပူးပေါင်းခဲ့ပြီးနောက် စကခ ၁၂ တပ်မစစ်ကြောင်းများ နှင့် တမဟ ၁၆ တပ်မစစ်ကြောင်းများက ကုန်းကြမ်းမှ တာရွှေထန်ကို ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
စကခ ၁၂ မှ ဗိုလ်မှူးချုပ် အောင်ဇော်လင်း ဦးစီး ကွပ်ကဲမှုအဖွဲ့၊ နဗဟ ၃ နှင့် တပ်ရင်း ၅ ရင်းပါ စစ်ကြောင်းများ နှင့် တမဟ ၁၆ မှ ဗိုလ်မှူးချုပ် သော်ဇင်ဦး ဦးစီး ကွပ်ကဲမှုအဖွဲ့၊ တပ်ရင်း ၁ ရင်းပါ စစ်ကြောင်းများသည် ဒီဇင်ဘာလ ၂ ရက် ညနေ ၆ နာရီအချိန် ကုန်းကြမ်းမှ ဆုတ်ခွာခဲ့စဉ်
MNDAA ကိုးကန့်တပ်ဖွဲ၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းအဖွဲငယ်များကွဲထွက်ကာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့အထိ စကခ ၁၂ စစ်ကြောင်းမှ အရာရှိ ၂၃ ဦး အခြားအဆင့်စစ်သည် ၉၉ ဦး၊ တမဟ ၁၆ မှ အရာရှိ ၅ ဦး အခြားအဆင့်စစ်သည် ၂၀ ဦး စုစုပေါင်း ၁၄၇ ဦး သာ တာရွှေထန်သို ရောက်ရှိခဲ့ကြောင်း ကြေးနန်းတွင် ဖော်ပြထားသည်
ကြေးနန်းသတင်းအရ ကုန်းကြမ်းမှ ဆုတ်ခွာသွားသည့် စစ်ဆင်ရေးတပ်မ ၂ ခု၊ တပ်ရင်း ၆ ရင်း အင်အား အနည်းငယ်သာ တာရွှေထန်သို ရောက်ရှိပူးပေါင်းနိုင်ပြီး ရတစကခ ၁၂ နှင့် ကွပ်ကဲမှုအောက် ၅ ရင်းမှ ၂၄ ဦး၊ ရတတမဟ ၁၆ နှင့် ကွပ်ကဲမှုအောက် တပ်ရင်း ၁ ရင်းမှ ၁၈ ဦး တို့ ၄၂ တို့
အစုလိုက်အပြုံလိုက် တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ကျန်အင်အား အများအပြားဟာ ပျောက်ဆုံး၊ ကျဆုံးခြင်း နှင့် စစ်သုံပန်းအဖြစ် ဖမ်းဆီးခံရခြင်းတို့ဖြစ်မည်ဟု သိရှိရသည်။
အဆိုပါ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို MNDAA ကိုးကန့်တပ်ဖွဲ့က ကြားဖြတ်ပိတ်ဆိုတိုက်ခိုက်ခဲ့ပြီး အများအပြားကို ချေမှုန်းသုတ်သင်နိုင်ခဲ့သလို စစ်သုံပန်းများအဖြစ် ဖမ်းဆီးရမိခြင်းများလည်းရှိကြောင်း The Kokang သတင်းဌာနက ထုတ်ပြန်ထားသည်။
“ဒီစာရင်းက သူတို့ တင်ပြတဲ့စာရင်းပဲရှိသေးတယ်။ ကြေးနန်းအရ ဒီလောက်များမယ်ဆိုရင် ကျန်တဲ့ မတင်ပြနိုင်ဘဲ ပျောက်ဆုံးဆိုတဲ့ဟာတွေကလည်း အများကြီးပဲ။ တပ်မှာက ပျောက်ဆုံးဆိုရင် သေတဲ့စာရင်းထဲလည်း မထည့်ဘူး။
ဒီကြေးနန်းတွေက သူတို့ လူတွေ ဘယ်လောက်ကျလဲဆိုတာကို ပြနေတာ။ တကယ်တော့ တပ်မမှူး ၂ ဦးကို ရန်ပြီး ပြန်ဆုတ်တဲ့ စစ်ကြောင်းတွေ ထိတာဆိုတော့ ရှေ့ပြေး စစ်ကြောင်း၊ နောက်ချန်စစ်ကြောင်းတွေ ဘယ်လို ဖြစ်နေမလဲ” ဟု ပြည်သူ့ပန်းတိုင်အဖွဲကမှ ကိုနောင်ရိုးက ရှင်းပြသည်။
ဒီဇင်ဘာ ၂၈
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *