နမ္မတူ သတင်းကောင်းလေးလာပြီ အမျိုးတို့

နမ္မတူမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး ကျောက်မဲ၊ ကွတ်ခိုင်၊ လားရှိုးရှိ ကျေးရွာများကို စစ်တပ်က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

မန်တုံမြို့ရှိ စစ်တပ် စခန်းမှ လက်နက် ခဲယမ်းများ ထပ်မံ သိမ်းဆည်းရရှိ

ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး ကျောက်မဲမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က နမ္မတူမြို့၊ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၈ ကြိမ်၊ Mi35 ဖြင့် ၄ ကြိမ်၊ Y12 ဖြင့် ၈ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၇၈ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းတွင် တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့တပ်စခန်း မှ မန်ခေါက်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ခေါက်ကျေးရွာသား ကိုအိုက်လေ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ကိုအောင်မိုးမှာ ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲဒေသတွင် စစ်ကောင်တပ်နှင့် MNDAA တို့တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၈ ကြိမ်၊ Mi35 ဖြင့် ၅ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် ၁၁ ကြိမ် ၊ မိုင်းငေါ့တပ်စခန်းမှ မာန်ပုံကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် ၅ ကြိမ် ၊ လားရှိုးမြို့ နယ် စစ်ကောင်စီ ၆၈ ဂိတ်တပ်မှ ဖန်တောင်ကျေးရွာ၊ ပန်ကျုံကျေးရွာအနီးတဝိုက်သို့ လက်နက် ကြီးဖြင့် ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၇ရက်နေ့တွင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် နမ့်ခမ်း၊ မန်တပ်စခန်း တွင် ၁ ကြိမ်၊ မူဆယ်မြို့တွင် ၁ ကြိမ်၊ နမ္မတူတပ်စခန်းတွင် ၁ ကြိမ် စစ်ကူလူအင်အားနှင့် လက်နက်ခဲ ယမ်းများ ထပ်မံပိုဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၀ တပ်စခန်းမှ ဖမ်းဆီး ရရှိ သော စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်အရ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဆက်လက် ရှာဖွေစဥ် တတိယအကြိမ် လက်နက်ခဲယမ်း များ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နမၼတူၿမိဳ႕နယ္တြင္ တိုက္ပြဲ ဆက္လက္ျဖစ္ပြားၿပီး ေက်ာက္မဲ၊ ကြတ္ခိုင္၊ လားရွိုးရွိ ေက်းရြာမ်ားကို စစ္တပ္က ဗုံးက်ဲ ပစ္ခတ္ တိုက္ခိုက္မႈ ျပည္သူ ၁ ဦးေသဆုံး

မန္တုံၿမိဳ႕ရွိ စစ္တပ္ စခန္းမွ လက္နက္ ခဲယမ္းမ်ား ထပ္မံ သိမ္းဆည္းရရွိ

ဒီဇင္ဘာ ၂၇

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားၿပီး ေက်ာက္မဲၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ လားရွိုးၿမိဳ႕နယ္ရွိ ေက်းရြာမ်ားကို အၾကမ္းဖက္ စစ္တပ္က ဗုံးက်ဲ ပစ္ခတ္ တိုက္ခိုက္မႈေၾကာင့္ ျပည္သူ ၁ ဦးေသဆုံးခဲ့ေၾကာင္း TNLA သတင္း ႏွင့္ျပန္ၾကားေရးဌာနက ထုတ္ ျပန္ထားသည္။

ယေန႔ ဒီဇင္ဘာလ ၂၇ ရက္ေန႔ နံနက္ ၈ နာရီ မိနစ္ ၃၀ ခန႔္က နမၼတူၿမိဳ႕၊ စစ္ေကာင္စီတပ္စခန္းကို တအာင္းတပ္မေတာ္ PSLF/TNLA က တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္ေကာင္စီတပ္က Jet Fighter ျဖင့္ ၈ ႀကိမ္၊ Mi35 ျဖင့္ ၄ ႀကိမ္၊ Y12 ျဖင့္ ၈ ႀကိမ္၊ စုစုေပါင္း ဗုံးသီး ၇၈ လုံး က်ဲခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ဒီဇင္ဘာလ ၂၆ ရက္ေန႔ ညပိုင္းတြင္ တပ္မဟာ ၂ စစ္ေဒသ၊ ေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းေငါ့တပ္စခန္း မွ မန္ေခါက္ေက်းရြာအတြင္း လက္နက္ႀကီးျဖင့္ ၆ ႀကိမ္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ မန္ေခါက္ေက်းရြာသား ကိုအိုက္ေလ့ လက္နက္ႀကီးထိမွန္ေသဆုံးခဲ့ၿပီး ကိုေအာင္မိုးမွာ ဒဏ္ရာရရွိကာ ေနအိမ္ ၃ လုံး ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

အလားတူ ကြတ္ခိုင္ၿမိဳ႕နယ္၊ တာမိုးညဲေဒသတြင္ စစ္ေကာင္တပ္ႏွင့္ MNDAA တို႔တိုက္ပြဲျဖစ္ပြားရာ အၾကမ္း ဖက္စစ္ေကာင္စီတပ္က Jet Fighter ျဖင့္ ၈ ႀကိမ္၊ Mi35 ျဖင့္ ၅ ႀကိမ္ လာေရာက္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေက်ာက္မဲၿမိဳ႕နယ္ စစ္ေကာင္စီတပ္မွ ၾကဴေရွာေက်းရြာအနီးတဝိုက္တြင္ လက္နက္ႀကီးျဖင့္ ၁၁ ႀကိမ္ ၊ မိုင္းေငါ့တပ္စခန္းမွ မာန္ပုံေက်းရြာအနီးတဝိုက္သို လက္နက္ႀကီးျဖင့္ ၅ ႀကိမ္ ၊ လားရွိုးၿမိဳ႕ နယ္ စစ္ေကာင္စီ ၆၈ ဂိတ္တပ္မွ ဖန္ေတာင္ေက်းရြာ၊ ပန္က်ဳံေက်းရြာအနီးတဝိုက္သို႔ လက္နက္ ႀကီးျဖင့္ ၁၃ ႀကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယေန႔ ဒီဇင္ဘာ ၂၇ရက္ေန႔တြင္ စစ္ေကာင္စီတပ္မွ Mi17 ေထာက္ပိုယာဥ္ျဖင့္ နမ့္ခမ္း၊ မန္တပ္စခန္း တြင္ ၁ ႀကိမ္၊ မူဆယ္ၿမိဳ႕တြင္ ၁ ႀကိမ္၊ နမၼတူတပ္စခန္းတြင္ ၁ ႀကိမ္ စစ္ကူလူအင္အားႏွင့္ လက္နက္ခဲ ယမ္းမ်ား ထပ္မံပိုေဆာင္ခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ခလရ ၁၃၀ တပ္စခန္းမွ ဖမ္းဆီး ရရွိ ေသာ စစ္သုံ႔ပန္းမ်ား၏ ထြက္ဆိုခ်က္အရ ယေန႔ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ ဆက္လက္ ရွာေဖြစဥ္ တတိယအႀကိမ္ လက္နက္ခဲယမ္း မ်ား ထပ္မံ သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *