“ကျိန်စာသင့်နေပြီ ဖြစ်တဲ့ စစ်တပ်” ဆေးတပ်မှာ ဗိုလ်မှူးကြီး အဆင့်ဆိုတာ အရာရှိကြီး အဆင့်ထဲကို ပါနေပြီ။ အ

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သား ဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

ဒီဇင်ဘာ ၂၇

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံမှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ဇနီးဖြစ်သူကို နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်မှု ဖြစ်ပွားကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတချို့က ပြောဆိုသည်။

နေပြည်တော်၊ အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ( ကုတင် ၃၀၀) မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်းက ၎င်း၏ ဇနီးဖြစ်သူကို ခုတ်သတ်ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ညချိန် နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဝဏ္ဏဒီပရပ် ရာဇသင်္ဃဟလမ်းမနှင့်

ပိတောက်လမ်းထောင့်တွင် နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်တပ်နှင့်ရဲက တွေ့ရှိပြီး စုံစမ်းရာမှ ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း၏ ဇနီးဖြစ်ကြောင်း စိစစ်တွေ့ရှိသဖြင့် စစ်မေးခဲ့ရာ ၎င်းက ဇနီးဖြစ်သူကို သတ်ဖြတ်သည်ဟု ဝန်ခံခဲ့ကြောင်း သိရှိရသည်။

“ဆေးကြောင်ပြီး သတ်တာလို့လည်းပြောတယ်။ သတ်သူက သမက၂/၃၀၀ (အမှတ်၂ တပ်မတော် သားဖွားမီးယပ်နှင့်ကလေးဆေးရုံ/ကုတင် ၃၀၀) ပါရဂူ ဗိုလ်မှူး‌ကြီး ဇေယျာလင်း။ သူက တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ် ၂ ကျောင်းဆင်း။

ဆေးကြောင်ပြီး သူ့မိန်းမကိုခုတ်သတ် မီးရထားလမ်းမှာပစ်ခဲ့တာ။ အခုတော့ ဖမ်းသွားပြီ။ သမီးလေးတစ်ဦးရှိတယ်” ဟု စစ်ဆေးအသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ယနေ့ နှစ်ပိုင်းဖြတ်၍ သတ်ဖြတ်ခံရပြီး စွန့်ပစ်ခံထားရသော ဆရာဝန် ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း၏ ဇနီးသည် ရုပ်အလောင်းအပိုင်းအစ။

ေနျပည္ေတာ္၊ အမွတ္၂ တပ္မေတာ္ သားဖြားမီးယပ္ႏွင့္ကေလးေဆး႐ုံမွ သား ဖြားမီးယပ္ပါရဂူ ဗိုလ္မႉးႀကီး ေဇယ်ာလင္းက ဇနီးျဖစ္သူကို ႏွစ္ပိုင္းျဖတ္၍ သတ္ျဖတ္ၿပီး အေလာင္းစြန႔္ပစ္

ဒီဇင္ဘာ ၂၇

ေနျပည္ေတာ္၊ အမွတ္၂ တပ္မေတာ္ သားဖြားမီးယပ္ႏွင့္ကေလးေဆး႐ုံမွ သားဖြားမီးယပ္ပါရဂူ ဗိုလ္မႉးႀကီး ေဇယ်ာလင္းက ဇနီးျဖစ္သူကို ႏွစ္ပိုင္းျဖတ္၍ သတ္ျဖတ္ၿပီး အေလာင္းကို စြန႔္ပစ္မႈ ျဖစ္ပြားေၾကာင္း စစ္ေဆးအသိုင္းအ၀ိုင္းႏွင့္နီးစပ္သူတခ်ိဳ႕က ေျပာဆိုသည္။

ေနျပည္ေတာ္၊ အမွတ္၂ တပ္မေတာ္ သားဖြားမီးယပ္ႏွင့္ကေလးေဆး႐ုံ( ကုတင္ ၃၀၀) မွ သားဖြားမီးယပ္ပါရဂူ ဗိုလ္မႉးႀကီး ေဇယ်ာလင္းက ၎၏ ဇနီးျဖစ္သူကို ခုတ္သတ္ၿပီး ဒီဇင္ဘာလ ၂၅ ရက္ေန႔ ညခ်ိန္ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳနယ္ ဝဏၰဒီပရပ္ ရာဇသဃၤဟလမ္းမႏွင့္

ပိေတာက္လမ္းေထာင့္တြင္ ႏွစ္ပိုင္းျပတ္ေနေသာ ခႏၶာကိုယ္ကို စြန႔္ပစ္ခဲ့ေၾကာင္း၊ ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ စစ္တပ္ႏွင့္ရဲက ေတြ႕ရွိၿပီး စုံစမ္းရာမွ ပါရဂူ ဗိုလ္မႉးႀကီး ေဇယ်ာလင္း၏ ဇနီးျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိသျဖင့္ စစ္ေမးခဲ့ရာ ၎က ဇနီးျဖစ္သူကို သတ္ျဖတ္သည္ဟု ဝန္ခံခဲ့ေၾကာင္း သိရွိရသည္။

“ေဆးေၾကာင္ၿပီး သတ္တာလို႔လည္းေျပာတယ္။ သတ္သူက သမက၂/၃၀၀ (အမွတ္၂ တပ္မေတာ္ သားဖြားမီးယပ္ႏွင့္ကေလးေဆး႐ုံ/ကုတင္ ၃၀၀) ပါရဂူ ဗိုလ္မႉး‌ႀကီး ေဇယ်ာလင္း။ သူက တပ္မေတာ္ေဆးတကၠသိုလ္အမွတ္စဥ္ ၂ ေက်ာင္းဆင္း။

ေဆးေၾကာင္ၿပီး သူ႔မိန္းမကိုခုတ္သတ္ မီးရထားလမ္းမွာပစ္ခဲ့တာ။ အခုေတာ့ ဖမ္းသြားၿပီ။ သမီးေလးတစ္ဦးရွိတယ္” ဟု စစ္ေဆးအသိုင္းအ၀ိုင္းႏွင့္နီးစပ္သူတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ေနျပည္ေတာ္တြင္ ယေန႔ ႏွစ္ပိုင္းျဖတ္၍ သတ္ျဖတ္ခံရၿပီး စြန႔္ပစ္ခံထားရေသာ ဆရာဝန္ ပါရဂူ ဗိုလ္မႉးႀကီး ေဇယ်ာလင္း၏ ဇနီးသည္ ႐ုပ္အေလာင္းအပိုင္းအစ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *