“န, ကခ, ကမ” မြို့တွေ သတင်းကောင်းကြားရမယ်

နမ္မတူ၊ ကွတ်ခိုင်နှင့် ကျောက်မဲ စစ်ကောင်စီစခန်းများ TNLA ဆက်လက်ထိုးစစ်ဆင်

People’s Spring

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် ဆက်လက် ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်

ဒီဇင်ဘာ ၂၆ရက်တွင် နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းတို့ကို TNLAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေးသည်

ယမန်နေ့တွင် ကျောက်မဲအခြေစိုက် စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှ နမ့်တွေကျေးရွာနှင့် မာမိုကျေးရွာသို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ

တုံဆင်ကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်စခန်း” မှ မန်ပိန်း ကျေးရွာသို့ အတွဲလိုက်ဒုံးကျည်ဖြင့် (၄)ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်

ထို့အပြင် လားရှိုးမြို့နယ်ရှိ မိုင်းလိုင်ကျေးရွာနှင့် ဂျာယာန်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ခိုဖိတ် ကျေးရွာအနီးတဝိုက်သို့ Y12 လေယာဉ်ဖြင့် (၃) ကြိမ်၊

ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်

အဆိုပါ လေကြောင်း တိုက်ခိုက်မှုများအားလုံးသည် အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ ထိမှန်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်

(မန်တုံမြို့ရှိ စစ်ကောင်စီ​၏ ခလရ(၁၃၀)ဗျူဟာကုန်းစခန်းအားသိမ်းပိုက်စဉ်ရရှိသော လက်နက်ကြီးများ။ ဓာတ်ပုံ – TNLA)

နမၼတူ၊ ကြတ္ခိုင္ႏွင့္ ေက်ာက္မဲ စစ္ေကာင္စီစခန္းမ်ား TNLA ဆက္လက္ထိုးစစ္ဆင္

People’s Spring

ရွမ္းေျမာက္ရွိ စစ္ေကာင္စီတပ္စခန္း သုံးခုကို တအာင္းတပ္မေတာ္(TNLA)က ယမန္ေန႔တြင္ ဆက္လက္ ထိုးစစ္ဆင္ခဲ့၍ တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္

ဒီဇင္ဘာ ၂၆ရက္တြင္ နမၼတူၿမိဳ႕ရွိ စစ္ေကာင္စီတပ္စခန္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္းႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ မိုင္းေငါ့တပ္စခန္းတို႔ကို TNLAက တိုက္ခိုက္ခဲ့ရာ တိုက္ပြဲဆက္ျဖစ္ေနသည္ဟု ညီေနာင္မဟာမိတ္ ၃ဖြဲ႕က အသိေပးသည္

ယမန္ေန႔တြင္ ေက်ာက္မဲအေျခစိုက္ စစ္ေကာင္စီ၏ “မိုင္းေငါ့တပ္စခန္း” မွ နမ့္ေတြေက်းရြာႏွင့္ မာမိုေက်းရြာသို႔ လက္နက္ႀကီးျဖင့္ (၆) ႀကိမ္၊ ကြတ္ခိုင္ၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္းမွ

တုံဆင္ႀကီးေက်းရြာသို႔ လက္နက္ႀကီးျဖင့္ (၃) ႀကိမ္၊ လားရွိုးၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ “၆၈ ဂိတ္တပ္စခန္း” မွ မန္ပိန္း ေက်းရြာသို႔ အတြဲလိုက္ဒုံးက်ည္ျဖင့္ (၄)ႀကိမ္တိုင္ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ျပသည္

ထို႔အျပင္ လားရွိုးၿမိဳ႕နယ္ရွိ မိုင္းလိုင္ေက်းရြာႏွင့္ ဂ်ာယာန္ေက်းရြာသို႔ ဂ်က္ဖိုက္တာျဖင့္ (၃) ႀကိမ္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ထို႔အျပင္ နမၼတူၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္မွ ခိုဖိတ္ ေက်းရြာအနီးတဝိုက္သို႔ Y12 ေလယာဥ္ျဖင့္ (၃) ႀကိမ္၊

ဂ်က္ဖိုက္တာျဖင့္တစ္ႀကိမ္ ေလေၾကာင္း တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္သည္

အဆိုပါ ေလေၾကာင္း တိုက္ခိုက္မႈမ်ားအားလုံးသည္ အရပ္သားျပည္သူမ်ားေနထိုင္ရာေက်းရြာမ်ားအတြင္းသို႔ ထိမွန္က်ေရာက္ေပါက္ကြဲခဲ့ျခင္းျဖစ္သည္ဟု အသိေပးသည္

(မန္တုံၿမိဳ႕ရွိ စစ္ေကာင္စီ​၏ ခလရ(၁၃၀)ဗ်ဴဟာကုန္းစခန္းအားသိမ္းပိုက္စဥ္ရရွိေသာ လက္နက္ႀကီးမ်ား။ ဓာတ္ပုံ – TNLA)

နမ္မတူ၊ ကွတ်ခိုင်နှင့် ကျောက်မဲ စစ်ကောင်စီစခန်းများ TNLA ဆက်လက်ထိုးစစ်ဆင်

People’s Spring

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် ဆက်လက် ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်

ဒီဇင်ဘာ ၂၆ရက်တွင် နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းတို့ကို TNLAက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေးသည်

ယမန်နေ့တွင် ကျောက်မဲအခြေစိုက် စစ်ကောင်စီ၏ “မိုင်းငေါ့တပ်စခန်း” မှ နမ့်တွေကျေးရွာနှင့် မာမိုကျေးရွာသို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ

တုံဆင်ကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “၆၈ ဂိတ်တပ်စခန်း” မှ မန်ပိန်း ကျေးရွာသို့ အတွဲလိုက်ဒုံးကျည်ဖြင့် (၄)ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်

ထို့အပြင် လားရှိုးမြို့နယ်ရှိ မိုင်းလိုင်ကျေးရွာနှင့် ဂျာယာန်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ခိုဖိတ် ကျေးရွာအနီးတဝိုက်သို့ Y12 လေယာဉ်ဖြင့် (၃) ကြိမ်၊

ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်

အဆိုပါ လေကြောင်း တိုက်ခိုက်မှုများအားလုံးသည် အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများအတွင်းသို့ ထိမှန်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်

(မန်တုံမြို့ရှိ စစ်ကောင်စီ​၏ ခလရ(၁၃၀)ဗျူဟာကုန်းစခန်းအားသိမ်းပိုက်စဉ်ရရှိသော လက်နက်ကြီးများ။ ဓာတ်ပုံ – TNLA)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *