မနိုင်တော့ အကုန်ဖျက်နေကြပြီ …. လောက်ကိုင် မြင်ကွင်း (ရုပ်/သံ)

လောက်ကိုင်မြို့အတွင်းတွင် MNDAA တပ်များက နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်တပ်က လေယာဉ်ဖြင့် တောက်လျှောက် ဗုံးကျဲကာ မြို့ကို ဖျက်ဆီးနေ

ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက် ထိန်းချုပ်ထားပြီး

စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ဖျက်ဆီးနေကြောင်း လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ်

လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ MNDAA တပ်များက လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

“ပယ်မိသားစုနေအိမ်၊ လောက်ကိုင်ရဲစခန်း၊ ၂၁ ရဲတပ်ရင်း ကင်းစခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေ တော်တော်များများကို MNDAA က သိမ်းပိုက်ထားပြီးပြီ။ လက်နက်ချ အညံ့ခံတာကလည်း တပ်ဘက်ကရော ပြည်သူ့စစ်တွေရောပဲ။ လောက်ကိုင် ဒကစ တစ်ခုပဲ ကျန်တော့တာ။

လောက်ကိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို MNDAA တွေက သိမ်းပိုက်ထားပြီလို့ ပြောလို့ရတယ်။ စစ်တပ်ဘက်ကတော့ ဒီမနက်ကလည်း လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲချတယ်။ မနေ့ကရော တစ်နေ့ကရော တောက်လျှောက် လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ။

လောက်ကိုင်မြို့တစ်ခုလုံးအနေနဲ့တော့ ဇန်နဝါရီလထဲမှာပဲ MNDAA က သိမ်းပိုက်နိုင်မယ်ထင်တယ်။ ဒကစ တစ်ခုတည်း တင်းခံနေတာဆိုတော့လေ” ဟု လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပ ပြုလုပ်သော စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့၏ စေ့စပ်ညှိနှိုင်းမှု ပျက်ပြယ်သွားပြီးနောက် စစ်တပ်က

လောက်ကိုင်မြို့ကို နေ့ရော ညပါ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးနေသည့်သဘောဖြစ်ကြောင်း အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲနေတဲ့ပုံစံက သူတို့မှ အုပ်ချုပ်မရရင် အကုန်ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗုံးကျဲနေတာလို့ မြင်တယ်။ ဘာလို့ ဆိုတော့ ဗုံးကျဲတဲ့နေရာတွေက MNDAA တွေရှိတာလည်းမဟုတ်ဘူး

အများပြည်သူပိုင် နေအိမ်အဆောက်အအုံတွေကို အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေတာ။ စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး” ဟု လောက်ကိုင်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ေလာက္ကိုင္ၿမိဳ႕အတြင္းတြင္ MNDAA တပ္မ်ားက ေနရာအမ်ားစုကို သိမ္းပိုက္ထိန္းခ်ဳပ္ထားၿပီး စစ္တပ္က ေလယာဥ္ျဖင့္ ေတာက္ေလၽွာက္ ဗုံးက်ဲကာ ၿမိဳ႕ကို ဖ်က္ဆီးေန

ဒီဇင္ဘာ ၂၇

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕အတြင္းရွိ ေနရာအမ်ားစုကို MNDAA တပ္မ်ားက ဝင္ေရာက္ သိမ္းပိုက္ ထိန္းခ်ဳပ္ထားၿပီး

စစ္ေကာင္စီတပ္မ်ားက တိုက္ေလယာဥ္မ်ားျဖင့္ ေတာက္ေလၽွာက္ဆိုသလို ဗုံးက်ဲ ဖ်က္ဆီးေနေၾကာင္း ေလာက္ကိုင္ၿမိဳ႕အတြင္းရွိ စစ္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္။

ဒီဇင္ဘာလ ၁၉ ရက္ေန႔မွ စတင္ၿပီး ေလာက္ကိုင္ၿမိဳ႕နယ္ဝန္းက်င္တြင္ တိုက္ပြဲမ်ား ျပန္လည္ ျဖစ္ပြားခဲ့ကာ ေလာက္ကိုင္ၿမိဳ႕တြင္း၌ပင္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း အၾကမ္းဖက္ စစ္တပ္က ၿမိဳ႕ထဲဧရိယာကို ေန႔စဥ္

လက္နက္ႀကီးျဖင့္ ပစ္ခတ္ျခင္း၊ ေလယာဥ္ျဖင့္ ဗုံးက်ဲမႈမ်ား ဆက္တိုက္ လုပ္ေဆာင္ေနေၾကာင္း၊ MNDAA တပ္မ်ားက ေလာက္ကိုင္ၿမိဳ႕အတြင္းရွိ ေနရာအမ်ားစုကို ထိန္းခ်ဳပ္ထားနိုင္ၿပီျဖစ္ေၾကာင္း သိရွိရသည္။

“ပယ္မိသားစုေနအိမ္၊ ေလာက္ကိုင္ရဲစခန္း၊ ၂၁ ရဲတပ္ရင္း ကင္းစခန္းေတြနဲ႔ ျပည္သူ႔စစ္စခန္းေတြ ေတာ္ေတာ္မ်ားမ်ားကို MNDAA က သိမ္းပိုက္ထားၿပီးၿပီ။ လက္နက္ခ် အညံ့ခံတာကလည္း တပ္ဘက္ကေရာ ျပည္သူ႔စစ္ေတြေရာပဲ။ ေလာက္ကိုင္ ဒကစ တစ္ခုပဲ က်န္ေတာ့တာ။

ေလာက္ကိုင္ၿမိဳ႕ရဲ့ ၈၀ ရာခိုင္ႏႈန္းေလာက္ကို MNDAA ေတြက သိမ္းပိုက္ထားၿပီလို႔ ေျပာလို႔ရတယ္။ စစ္တပ္ဘက္ကေတာ့ ဒီမနက္ကလည္း ေလယာဥ္ေတြနဲ႔ ဗုံးေတြ က်ဲခ်တယ္။ မေန႔ကေရာ တစ္ေန႔ကေရာ ေတာက္ေလၽွာက္ ေလယာဥ္ေတြနဲ႔ ဗုံးက်ဲေနတာ။

ေလာက္ကိုင္ၿမိဳ႕တစ္ခုလုံးအေနနဲ႔ေတာ့ ဇန္နဝါရီလထဲမွာပဲ MNDAA က သိမ္းပိုက္နိုင္မယ္ထင္တယ္။ ဒကစ တစ္ခုတည္း တင္းခံေနတာဆိုေတာ့ေလ” ဟု ေလာက္ကိုင္ၿမိဳ႕အတြင္းရွိ စစ္ေရး သတင္းရင္းျမစ္က ရွင္းျပသည္။

တ႐ုတ္နိုင္ငံ၏ ၾကားဝင္ေစ့စပ္မႈျဖင့္ က်င္းပ ျပဳလုပ္ေသာ စစ္ေကာင္စီႏွင့္ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕တို႔၏ ေစ့စပ္ညႇိႏွိုင္းမႈ ပ်က္ျပယ္သြားၿပီးေနာက္ စစ္တပ္က

ေလာက္ကိုင္ၿမိဳ႕ကို ေန႔ေရာ ညပါ ေလေၾကာင္းျဖင့္ ဗုံးက်ဲျခင္းမ်ား လုပ္ေဆာင္ၿပီး ၿမိဳ႕တစ္ခုလုံးကို ဖ်က္ဆီးေနသည့္သေဘာျဖစ္ေၾကာင္း အဆိုပါ စစ္ေရး သတင္းရင္းျမစ္က ဆိုသည္။

“စစ္တပ္က ေလယာဥ္နဲ႔ ဗုံးက်ဲေနတဲ့ပုံစံက သူတို႔မွ အုပ္ခ်ဳပ္မရရင္ အကုန္ဖ်က္ဆီးမယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဗုံးက်ဲေနတာလို႔ ျမင္တယ္။ ဘာလို႔ ဆိုေတာ့ ဗုံးက်ဲတဲ့ေနရာေတြက MNDAA ေတြရွိတာလည္းမဟုတ္ဘူး

အမ်ားျပည္သူပိုင္ ေနအိမ္အေဆာက္အအုံေတြကို အေၾကာင္းမဲ့ သက္သက္ ဖ်က္ဆီးေနတာ။ စစ္ေရးပစ္မွတ္လည္းမဟုတ္ဘူး” ဟု ေလာက္ကိုင္မွ စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *