လိုင်းပေါ်ကမဆင်းနဲ့အုံးဗျို့ မုံရွာအက်ရှင်လာပြီ (ရုပ်/သံ)

မုံရွာမှာ စစ်အုပ်စု ကားကို တိုက်ခိုက်ရာ ငါးယောက် သေ၊ သေနတ် သုံးလက်ရ၊

MN/MFP၊ ဒီဇင်ဘာ – ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သာစည် အကျဉ်းထောင်ရှေ့ ဂိတ်ဖွင့်ငွေညှစ်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ ဒဏ်ရာရတဲ့ စစ်အုပ်စုကို မုံရွာဘက် လူနာတင်ကားနဲ့ ပို့ဆောင်စဉ် ထပ်မံ တိုက်ခိုက်ရာ စစ်အုပ်စု ငါးယောက် သေပြီး သေနတ် သုံးလက် သိမ်းဆည်းရရှိခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ခေါင်းဆောင်က MFP ကို ပြောပါတယ်။

ဒီဇင်ဘာ(၂၄)ရက် မနက်ပိုင်းက မုံရွာမြို့နယ် သာစည်ထောင်က စစ်အုပ်စုဟာ ပရဟိတ ကားတစ်စီးကို ချောဆွဲပြီး ဒဏ်ရာရသူတွေကို မုံရွာ စစ်ဆေးရုံဘက် ပို့ဆောင်ချိန် လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကားပေါ်ပါ စစ်အုပ်စု ငါးယောက် သေကာ G3 နှစ်လက်နဲ့ MA13 တစ်လက် သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ အမှတ် (၂)တိုက်နယ် ပကဖ ဒု-တိုက်နယ်မှူး ဦးစီးပြီး တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ God of Monywa ၊ Golden Eagle ၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တစ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်အုပ်စုက မုံရွာမြို့ အရှေ့ဘက် ကျေးရွာတွေထဲ စီးနင်းအကြမ်းဖက်နေပြီး ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိတယ်လို့ မုံရွာ မြေပြင်ကင်းထောက်တွေက ဆိုပါတယ်။
#Mandalay_Free_Press_MFP

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *