လောက်ကိုင် ခြေနေ ဒါကြောင့် လေယာဉ်သံတွေ နေ့တိုင်းကြားနေရတာကိုး

ခရစ္စမတ်နေ့တွင် စစ်ကောင်စီက လောက်ကိုင်ကို လက်နက်ကြီးဖြင့်ပစ်၍ အရပ်သား ၈ဦးသေ၊ ၂၅ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လက်နက်ကြောင့် ၂လအတွင်း ကိုးကန့်ဒေသခံ ၆၃ဦးထက်မနည်းသေဆုံးကာ ၆၅ဦးထက်မနည်း ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့သည် လောက်ကိုင်ဒေသနေအိမ်ရပ်ကွက်ကို ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား (၈)ဦး သေဆုံးပြီး (၂၅)ဦး ဒဏ်ရာရခဲ့‌ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်လိုက်သောလက်နက်ကြီးကျည်(၂)လုံးသည် ကိုးကန့် တုန်ချိန်ရပ်ကွက် ဟွမ်ကွမ့်ဟိုတယ်အနီးကျရောက်ပေါက်ကွဲကာ အရပ်သားများ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အခင်းဖြစ်ပွားပြီးနောက် MNDAAက ဒဏ်ရာရလူနာများကို ဆေးရုံးသို့ပို့ဆောင်ကာ အရေးပေါ်ကုသကယ်ဆယ်ခဲ့ပြီး သေဆုံးသွားသူများ၏အလောင်းကို ကောင်းမွန်စွာမြှုပ်နှံခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီသည် ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်များ ဂရုမထားသော အကြမ်းဖက်လုပ်ရပ်သည် စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်းဖော်ပြခဲ့ပြီး နိုင်ငံတကာမှစစ်ကောင်စီကျူးလွန်သောလူမဆန်ပြစ်မှုများအပေါ် အရေးယူရန် တိုက်တွန်းသည်။

ဒေသတွင်းရှိအရပ်သားများသည် ဘေးကင်းလုံခြုံသည့်နေရာသို့လျင်မြန်စွာရွေ့ပြောင်းရန်လည်း MNDAAက တိုက်တွန်းခဲ့သည်။

MNDAAအပါအဝင် ညီနောင် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၂လအတွင်း အထိနာသည့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်ခဲ့ရာ ကိုးကန့် ဒေသတစ်ခုတည်း၌ပင် အရပ်သား ၆၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆၅ဦး ကျော် ဒဏ်ရာရခဲ့သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *