ခွေ-းပြေး ဝက်ပြေး ပြေးရတယ်ဆိုတာ ဒါမျိုး

ခွေးပြေး ဝက်ပြေး ပြေးရတယ်ဆိုတာ ဒါမျိုး

အရာတော်မြို့နယ် နောင်ကြီးအောင်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေး

ဧရာဝတီတိုင်းမ်

(အရာတော်)၊ ဒီဇင်ဘာ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား၊ ရဲအင်အား ၃၂ ဦးဖြင့် တပ်စွဲထားသည့် နောင်ကြီးအိုင်ရဲစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုအခါ စစ်ရေးဖိအားများကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားကာ တိုက်ပွဲကာလတစ်‌လျှောက်တွင် စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဒီရဲစခန်းက အရင်ကပဲ တိုက်ရတာ။ အခုက မတိုက်ရပဲ သူတို့ဘာသာ စခန်းစွန့်သွားတာ။ ကျွန်‌တော်တို့ အရင်ကတည်းက ခဏ ခဏဝင်သိမ်းတယ်။ သူတို့က လေယာဉ်ပစ်ကူလာတော့ မသိမ်းနိုင်တာပါ။ အဲ့ဒါနဲ့ စခန်းဘေးမှာ ဝိုင်းထားပြီး ၂၄ နာရီ ကင်းစောင့်နေကြတာ။ မြေပြင်စစ်ကူကမလာဘူး။ စစ်ကောင်စီတပ်က စခန်းစွန့်ခွာခါနီးမှ မြေပြင်က‌နေ စစ်ကြောင်း လာပေါင်းတယ်။ သူတို့ကို လာခေါ်တဲ့ သဘောပေါ့” ဟု အရာတော်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ တပ်သားများသည် အဆိုပါ နောင်ကြီးအောင်ရဲစခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ကာ တပ်စွဲနေထိုင်ခဲ့ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းများခိုးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း MOD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောင်ကြီးအိုင်ရဲစခန်းတိုက်ခိုက်မှုကို အရာတော်မြို့နယ်မြို့နယ်(ပကဖ) တိုက်နယ် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈ တာဝန်ခံများ နှင့် ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် တပ်ရင်း ၆၊၁၈၊၁၉၊၂၄၊၂၆ တပ်ရင်းမှ ရဲဘော်များက ပူးပေါင်းကာ နေ့စဉ် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – NUG၊ MOD

ေခြးေျပး ၀က္ေျပး ေျပးရတယ္ဆိုတာ ဒါမ်ဳိး

အရာေတာ္ၿမိဳ႕နယ္ ေနာင္ႀကီးေအာင္ရဲစခန္းတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စခန္းစြန႔္ခြာ ထြက္ေျပး

ဧရာဝတီတိုင္းမ္

(အရာေတာ္)၊ ဒီဇင္ဘာ ၂၅ ရက္

စစ္ကိုင္းတိုင္း၊ အရာေတာ္ၿမိဳ႕နယ္၊ ေနာင္ႀကီးအိုင္႐ြာရဲစခန္းတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ ရက္ေန႔က စခန္းစြန႔္ခြာ ထြက္ေျပးသြားေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)၊ ကာကြယ္ေရးဝန္ႀကီးဌာန(MOD)က ထုတ္ျပန္ထားသည္။

စစ္ေကာင္စီတပ္သား၊ ရဲအင္အား ၃၂ ဦးျဖင့္ တပ္စြဲထားသည့္ ေနာင္ႀကီးအိုင္ရဲစခန္းကို ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂ ရက္ေန႔မွစတင္ကာ ေတာ္လွန္ေရးပူးေပါင္းတပ္ဖြဲ႕မ်ားက ဝိုင္းဝန္းပိတ္ဆို႔ တိုက္ခိုက္ေနျခင္းျဖစ္ၿပီး ယခုအခါ စစ္ေရးဖိအားမ်ားေၾကာင့္ စခန္းစြန႔္ခြာ ထြက္ေျပးသြားကာ တိုက္ပြဲကာလတစ္‌ေလွ်ာက္တြင္ စစ္ေကာင္စီတပ္သား ၁၈ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

“အဲ့ဒီရဲစခန္းက အရင္ကပဲ တိုက္ရတာ။ အခုက မတိုက္ရပဲ သူတို႔ဘာသာ စခန္းစြန႔္သြားတာ။ ကြၽန္‌ေတာ္တို႔ အရင္ကတည္းက ခဏ ခဏဝင္သိမ္းတယ္။ သူတို႔က ေလယာဥ္ပစ္ကူလာေတာ့ မသိမ္းႏိုင္တာပါ။ အဲ့ဒါနဲ႔ စခန္းေဘးမွာ ဝိုင္းထားၿပီး ၂၄ နာရီ ကင္းေစာင့္ေနၾကတာ။ ေျမျပင္စစ္ကူကမလာဘူး။ စစ္ေကာင္စီတပ္က စခန္းစြန႔္ခြာခါနီးမွ ေျမျပင္က‌ေန စစ္ေၾကာင္း လာေပါင္းတယ္။ သူတို႔ကို လာေခၚတဲ့ သေဘာေပါ့” ဟု အရာေတာ္ၿမိဳ႕နယ္ရွိ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီ တိုင္းမ္ကို ေျပာသည္။

စစ္ေကာင္စီ တပ္သားမ်ားသည္ အဆိုပါ ေနာင္ႀကီးေအာင္ရဲစခန္းတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလမွ စတင္ကာ တပ္စြဲေနထိုင္ခဲ့ၿပီး ေက်း႐ြာမ်ားကို မီးရႈိ႕ျခင္း၊ ေဒသခံမ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ပစၥည္းမ်ားခိုးယူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း MOD ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေနာင္ႀကီးအိုင္ရဲစခန္းတိုက္ခိုက္မႈကို အရာေတာ္ၿမိဳ႕နယ္ၿမိဳ႕နယ္(ပကဖ) တိုက္နယ္ ၁၊၂၊၃၊၄၊၅၊၆၊၇၊၈ တာဝန္ခံမ်ား ႏွင့္ ရဲေဘာ္မ်ား၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(PDF) မုံ႐ြာခ႐ိုင္ တပ္ရင္း ၆၊၁၈၊၁၉၊၂၄၊၂၆ တပ္ရင္းမွ ရဲေဘာ္မ်ားက ပူးေပါင္းကာ ေန႔စဥ္ ဝိုင္းဝန္းပိတ္ဆို႔ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပုံ – NUG၊ MOD

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *