ငါးမြည်ရ ပြည်ရွှေဘိုမှာလည်း အုပ်စုလိုက်ကြီး အဘရေ

ငါးမြည်ရ ပြည်ရွှေဘိုမှာလည်း အုပ်စုလိုက် အဘရေ

ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့က ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေ ပကဖများက အကြမ်းဖက် စစ်တပ် ထောက်ပို့ လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။

မြင်းချင်းရွာကို ဝင်ရောက် တိုက်ခိုက်မှုအတွင်း ရဲများနှင့် ပျူစောထီးများ ပူးပေါင်းကာ တပ်စွဲထားသော ကင်း ၂ ကင်းနှင့် ဘန်ကာကို တိုက်ပွဲချိန် ၁ နာရီခန့်အကြာတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ စစ်စခန်းချ နေထိုင်လျက်ရှိသော စာသင်ကျောင်းကို ယင်းနေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း ဇီးကုန်း ပျူစောထီးရွာမှလည်း ၈၁ မမ ၈ ချက်နှင့် RPG ၂ ချက် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲ ၁ ဦးနှင့် ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သုံ့ပန်း ပျူစောထီး ကျား ၂၉ ဦးနှင့် မ ၃၁ ဦးတို့ကို စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူစောထီးအဖြစ် စုဆောင်းခံရသူများနှင့် အရပ်သားပြည်သူများကို စနစ်တကျ စိစစ် ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ငါးျမည္ရ ျပည္ေ႐ႊဘိုမွာလည္း အုပ္စုလိုက္ အဘေရ

ေ႐ႊဘိုၿမိဳ႕နယ္၊ ျမင္းခ်င္း ပ်ဴေစာထီး႐ြာကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္ေကာင္စီ တပ္သား ၃ ဦးေသဆုံးၿပီး ပ်ဴေစာထီး ၆၀ ဦး အရွင္ဖမ္းမိကာ စစ္သုံ႔ပန္း မူဝါဒမ်ားႏွင့္ အညီ ဖမ္းဆီး ထိန္းသိမ္းထား

ရန္ကုန္၊ ဒီဇင္ဘာ ၂၅

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ျမင္းခ်င္း ပ်ဴေစာထီး႐ြာကို တိုက္ခိုက္သိမ္းပိုက္ရာ စစ္ေကာင္စီ တပ္သား ၃ ဦးေသဆုံးၿပီး ပ်ဴေစာထီး ၆၀ ဦး အရွင္ဖမ္းမိကာ စစ္သုံ႔ပန္း မူဝါဒမ်ားႏွင့္ အညီ ဖမ္းဆီး ထိန္းသိမ္းထားေၾကာင္း ေ႐ႊဘိုခ႐ိုင္ အမွတ္ ၂၆ တပ္ရင္း (MDF – Shwebo) မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၄ ရက္ေန႔ နံနက္ ၃ နာရီခန္႔တြင္ ေ႐ႊဘိုၿမိဳ႕နယ္ ျမင္းခ်င္းပ်ဴ႐ြာကို ေ႐ႊဘိုခ႐ိုင္အမွတ္ – ၂၆ တပ္ရင္း (MDF – Shwebo)၊ ေ႐ႊဘိုခ႐ိုင္အမွတ္ – ၁၅ တပ္ရင္း၊ ေ႐ႊဘိုခ႐ိုင္အမွတ္ – ၁၇ တပ္ရင္းႏွင့္ ေ႐ႊဘိုခ႐ိုင္ အမွတ္ – ၁၈ တပ္ရင္းတို႔က ပူးေပါင္း ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ၿပီး နယ္ေျမ ပကဖမ်ားက အၾကမ္းဖက္ စစ္တပ္ ေထာက္ပို႔ လမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ျဖတ္ေတာက္ေရး တာဝန္ယူကာ ပူးေပါင္းပါဝင္ေပးခဲ့ေၾကာင္း သိရသည္။

ျမင္းခ်င္း႐ြာကို ဝင္ေရာက္ တိုက္ခိုက္မႈအတြင္း ရဲမ်ားႏွင့္ ပ်ဴေစာထီးမ်ား ပူးေပါင္းကာ တပ္စြဲထားေသာ ကင္း ၂ ကင္းႏွင့္ ဘန္ကာကို တိုက္ပြဲခ်ိန္ ၁ နာရီခန႔္အၾကာတြင္ တိုက္ခိုက္ သိမ္းပိုက္ႏိုင္ခဲ့ၿပီး စစ္ေကာင္စီ တပ္သားမ်ား စစ္စခန္းခ် ေနထိုင္လ်က္ရွိေသာ စာသင္ေက်ာင္းကို ယင္းေန႔ နံနက္ ၅ နာရီခန႔္တြင္ အၿပီးသတ္ သိမ္းယူႏိုင္ခဲ့ကာ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္၏ အလံေတာ္ကို လႊင့္ထူႏိုင္ခဲ့ေၾကာင္း၊ ယင္း ထိေတြ႕ တိုက္ပြဲအတြင္း ဇီးကုန္း ပ်ဴေစာထီး႐ြာမွလည္း ၈၁ မမ ၈ ခ်က္ႏွင့္ RPG ၂ ခ်က္ ပစ္ကူေပးခဲ့​ေၾကာင္း သိရွိရသည္။

အဆိုပါ ျမင္းခ်င္း ပ်ဴေစာထီး႐ြာကို တိုက္ခိုက္သိမ္းပိုက္မႈအတြင္း ရဲ ၁ ဦးႏွင့္ ပ်ဴေစာထီးလက္နက္ကိုင္ ၂ ဦးေသဆုံးခဲ့ၿပီး လက္နက္ ၆ လက္ သိမ္းဆည္းရရွိခဲ့ေၾကာင္း၊ ထို႔ျပင္ စစ္သုံ႔ပန္း ပ်ဴေစာထီး က်ား ၂၉ ဦးႏွင့္ မ ၃၁ ဦးတို႔ကို စစ္သုံ႔ပန္း မူဝါဒႏွင့္အညီ ထိန္းသိမ္းထားၿပီး အတင္းအဓမၼ ပ်ဴေစာထီးအျဖစ္ စုေဆာင္းခံရသူမ်ားႏွင့္ အရပ္သားျပည္သူမ်ားကို စနစ္တက် စိစစ္ ခြဲျခား၍ ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း ေ႐ႊဘိုခ႐ိုင္ အမွတ္ ၂၆ တပ္ရင္း (MDF – Shwebo) မွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *