မနေ့က တပ်ကူစေလွှတ်လိုက်တယ် ဒီနေ့ ရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံကုန်ပီ

လောက်ကိုင်မြို့နယ်၊ စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီက တပ်ကူစေလွှတ်ထားသော တပ်မ ၅၅ မှ စစ်သားရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကွမ်ယင်တောင်ရှိ စစ်ကောင်စီတပ်စခန်း၊ စွမ်းဖုန့်ထာစခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်စခန်းတို့ကို သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ရာဂဏန်းနီးပါး အများအပြား လက်နက်ချ အညံ့ခံကြသဖြင့် MNDAA က ဆေးကုသမှု ပေးမှု အပါအဝင် စောင့်ရှောက်မှုများ လုပ်ဆောင်ပေးကြောင်း၊ အဆိုပါ လက်နက်ချ အညံ့ခံသော တပ်များမှာ ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်ကြောင်း သိရှိရသည်။

“အခု MNDAA က သိမ်းလိုက်တဲ့ ကွမ်ယင်တော်စစ်စခန်းက လောက်ကိုင် ဒကစနဲ့ အတော်ကို နီးနေပြီ” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လောက်ကိုင်မြို့ရှိ ထင်ပါကျိုင်းပြည်သူ့စစ်ခန်းကိုလည်း MNDAA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ေလာက္ကိုင္ၿမိဳ႕နယ္၊ စစ္ေကာင္စီ၏ စြမ္းဖုန႔္ထာစခန္း၊ ကြမ္ယင္ေတာင္စခန္းႏွင့္ ထင္ပါက်ိဳင္းျပည္သူ႔စစ္ခန္းမ်ားကို MNDAA က တိုက္ခိုက္သိမ္းပိုက္ ၊ စစ္ေကာင္စီက တပ္ကူေစလႊတ္ထားေသာ တပ္မ ၅၅ မွ စစ္သားရာဂဏန္းနီးပါး လက္နက္ခ် အညံ့ခံ

 

ရန္ကုန္၊ ဒီဇင္ဘာ ၂၅

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေလာက္ကိုင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီ၏ စြမ္းဖုန႔္ထာစခန္း၊ ကြမ္ယင္ေတာင္စခန္းႏွင့္ ထင္ပါက်ိဳင္းျပည္သူ႔စစ္ခန္းမ်ားကို MNDAA က တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရး သတင္းရင္းျမစ္တခ်ိဳ႕က ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ ကြမ္ယင္ေတာင္ရွိ စစ္ေကာင္စီတပ္စခန္း၊ စြမ္းဖုန႔္ထာစခန္းႏွင့္ ထင္ပါက်ိဳင္းျပည္သူ႔စစ္စခန္းတို႔ကို သိမ္းပိုက္ရရွိေၾကာင္း၊ စစ္ေကာင္စီတပ္ဘက္မွ ရာဂဏန္းနီးပါး အမ်ားအျပား လက္နက္ခ် အညံ့ခံၾကသျဖင့္ MNDAA က ေဆးကုသမႈ ေပးမႈ အပါအဝင္ ေစာင့္ေရွာက္မႈမ်ား လုပ္ေဆာင္ေပးေၾကာင္း၊ အဆိုပါ လက္နက္ခ် အညံ့ခံေသာ တပ္မ်ားမွာ ကေလာအေျခစိုက္ တပ္မ ၅၅ လက္ေအာက္ခံတပ္မ်ားျဖစ္ေၾကာင္း သိရွိရသည္။

“အခု MNDAA က သိမ္းလိုက္တဲ့ ကြမ္ယင္ေတာ္စစ္စခန္းက ေလာက္ကိုင္ ဒကစနဲ႔ အေတာ္ကို နီးေနၿပီ” ဟု တ႐ုတ္-ျမန္မာနယ္စပ္ စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။

ထို႔ျပင္ ေလာက္ကိုင္ၿမိဳ႕ရွိ ထင္ပါက်ိဳင္းျပည္သူ႔စစ္ခန္းကိုလည္း MNDAA က သိမ္းပိုက္ရရွိၿပီး လက္နက္ခဲယမ္းတခ်ိဳ႕ပါ သိမ္းဆည္းရရွိေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *