ရှယ်မိုက်ပြီဟေ့…တစ်လှိုင်းပြီးတစ်လှိုင်း လာပြီလေ…..

ရှယ်မိုက်ပြီဟေ့…တစ်လှိုင်းပြီးတစ်လှိုင်း လာပြီလေ…..

မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများအား လုံး ကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ကြေညာ

■ TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့ ၊ နမ့်ခမ်းမြို့နှင့် မန်တုံမြို့တို့ကို သိမ်းပိုက်ရရှိပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ ၁၁ မြို့ရှိလာပြီ

ဒီဇင်ဘာ ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တအာင်း TNLAက ယနေ့ နံနက်ပိုင်း ကြေညာသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၄ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန် မန်တုံမြိုရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် စခန်းဖြစ်ကြောင်း သိရှိရသည်။

မန်တုံမြို့ ရှိ စစ်တပ်စခန်းများကို TNLA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဘက် တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ် ၊ Y12 လေယာဉ်ဖြင့် ၁၈၃ ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi35 ဖြင့် ၃၀ ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြိုတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၃၇ ကြိမ် ထက်မနည်း မန်တုံမြိုတွင်းသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဉ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

မန်တုံမြို စခန်းသိမ်းတိုက်ပွဲ ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁၃၇ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်၊ တစ်ရက် ပျမ်းမျှ ဗုံးကြဲတိုက်ခိုက်မှု ၂၅၉ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ မန်တုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြိုနယ် ဒေသခံ (၁)ဦး ဒဏ်ရာ ရရှိ၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး လက်နက်ကြီးနှင့် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့ အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကုန် ကြမ်း၊ ကွမ်းလုံ၊ နမ့်ခမ်းမြို့ ၊နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့ စုစုပေါင်း ၁၁ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

ရွယ္မိုက္ၿပီေဟ့…တစ္လႈိင္းၿပီးတစ္လႈိင္း လာၿပီေလ…..

မန္တုံၿမိဳ႕ ရွိ ခလရ-၁၃၀ ဗ်ဳဟာကုန္း၊ ခိုမုန္းတပ္စခန္း၊ လြယ္ဆိုင္ေတာင္တပ္စခန္း၊ ျပည္သူ႔စစ္ တပ္စခန္း၊ ရဲစခန္းႏွင့္ စစ္ေကာင္စီ ဌာနဆိုင္ရာ႐ုံးမ်ားအား လုံး ကို အလုံးစုံ သိမ္းပိုက္ရရွိၿပီျဖစ္ေၾကာင္း TNLA ေၾကညာ

■ TNLA က မိုင္းလုံၿမိဳ႕၊ နမ့္ဆန္ၿမိဳ႕ ၊ နမ့္ခမ္းၿမိဳ႕ႏွင့္ မန္တုံၿမိဳ႕တို႔ကို သိမ္းပိုက္ရရွိၿပီး ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က သိမ္းပိုက္ထားေသာ ၿမိဳ႕ ၁၁ ၿမိဳ႕ရွိလာၿပီ

ဒီဇင္ဘာ ၂၅ ရက္

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မန္တုံၿမိဳ႕ ရွိ ခလရ-၁၃၀ ဗ်ဳဟာကုန္း၊ ခိုမုန္းတပ္စခန္း၊ လြယ္ဆိုင္ေတာင္တပ္စခန္း၊ ျပည္သူ႔စစ္ တပ္စခန္း၊ ရဲစခန္းႏွင့္ စကစ ဌာနဆိုင္ရာ႐ုံးမ်ားအားလုံးကို အလုံးစုံ သိမ္းပိုက္ရရွိၿပီျဖစ္ေၾကာင္း တအာင္း TNLAက ယေန႔ နံနက္ပိုင္း ေၾကညာသည္။

ဒီဇင္ဘာ ၁၉ ရက္ေန႔မွ စတင္တိုက္ခိုက္ခဲ့ၿပီး ၄ရက္ၾကာ ဒီဇင္ဘာ ၂၂ ရက္ေန႔ ညေန ၆ နာရီ ၃၀ မိနစ္ အခ်ိန္ မန္တုံၿမိဳရွိ စစ္ေကာင္စီ ဗ်ဳဟာမႉးအေျခခ် ကြပ္ကဲေနသည့္ တပ္စခန္းတို႔ကို တအာင္းတပ္မေတာ္ PSLF/TNLA က အလုံးစုံ ဝင္ေရာက္ရွင္းလင္း ေခ်မႈန္းသိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း၊ စစ္ေကာင္စီ ခလရ-၁၃၀ ဗ်ဳဟာကုန္းအပါအဝင္ တပ္စခန္းမ်ားျဖစ္သည့္ ခိုမုန္းတပ္စခန္း၊ လြယ္ဆိုင္ေတာင္တပ္စခန္း၊ ပ.သ.စ တပ္စခန္း၊ ရဲစခန္းႏွင့္ စကစ ဌာနဆိုင္ရာ႐ုံးမ်ား အလုံးစုံသိမ္းပိုက္ရရွိခဲ့ေၾကာင္း၊မန္တုံၿမိဳ စစ္ေကာင္စီ ခလရ-၁၃၀ တပ္စခန္းသည္ စစ္ဗ်ဳဟာ-၂ လက္ေအာက္ခံ ခလရ-၁၃၀ တပ္ႏွင့္ တပ္မ ၁၀၁ လက္ေအာက္ခံ ခလရ-၂၅၄ တို႔က လာေရာက္ထိုးစစ္ဆင္ အေျခခ်လႈပ္ရွားသည့္ စခန္းျဖစ္ေၾကာင္း သိရွိရသည္။

မန္တုံၿမိဳ႕ ရွိ စစ္တပ္စခန္းမ်ားကို TNLA က တိုက္ခိုက္ေနစဥ္အတြင္း စစ္ေကာင္စီတပ္ဘက္ တိုက္ေလယာဥ္ျဖင့္ ၄၃ ႀကိမ္ ၊ Y12 ေလယာဥ္ျဖင့္ ၁၈၃ ႀကိမ္ ႏွင့္ တိုက္ခိုက္ေရး ရဟတ္ယာဥ္ Mi35 ျဖင့္ ၃၀ ႀကိမ္ အသုံးျပဳ ခုခံပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ မန္တုံၿမိဳတိုက္ပြဲအတြင္း စစ္ေကာင္စီ ခလရ-၁၃၀ တပ္စခန္းမွ ေဟာင္ဝစ္ဇာလက္နက္ႀကီးျဖင့္ ၁၃၇ ႀကိမ္ ထက္မနည္း မန္တုံၿမိဳတြင္းသို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုျပင္ စစ္ေကာင္စီတပ္မွ Mi17 ေထာက္ပိုယာဥ္ျဖင့္ စစ္ကူအင္အားႏွင့္ လက္နက္ခဲယမ္းမ်ား (၉)ႀကိမ္ မန္တုံစခန္းကုန္းတြင္ လာေရာက္ ပစ္ခ်ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရွိရသည္။

မန္တုံၿမိဳ စခန္းသိမ္းတိုက္ပြဲ ၄ ရက္တာ ကာလအတြင္း စစ္ေကာင္စီတပ္မွ ေလေၾကာင္းတိုက္ခိုက္မႈ စုစုေပါင္း ၂၆၅ ႀကိမ္၊ ဗုံးႀကဲခ်မႈ အႀကိမ္ေပါင္း ၁၀၃၈ ႀကိမ္၊ လက္နက္ႀကီး ပစ္ခတ္မႈ ၁၃၇ ႀကိမ္ အသုံးျပဳတိုက္ခိုက္ခဲ့ၿပီး၊ တစ္ရက္ ပ်မ္းမွ် ေလေၾကာင္းတိုက္ခိုက္မႈ ၆၆ ႀကိမ္၊ တစ္ရက္ ပ်မ္းမွ် ဗုံးႀကဲတိုက္ခိုက္မႈ ၂၅၉ ႀကိမ္ အသုံးျပဳတိုက္ခိုက္ခဲ့ကာ ၁၀၂၇ စစ္ဆင္ေရး ကာလအတြင္း စစ္ေကာင္စီတပ္မွ ေလေၾကာင္းတိုက္ခိုက္မႈ စံခ်ိန္တင္ အသုံးျပဳ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

စစ္ေကာင္စီ မန္တုံတပ္စခန္းကို တအာင္းတပ္မေတာ္ PSLF/TNLA က တိုက္ခိုက္ေနစဥ္အတြင္း စစ္ေကာင္စီ၏ အရပ္ဖက္ ဦးတည္တိုက္ခိုက္မႈေၾကာင့္ မန္တုံၿမိဳနယ္ ေဒသခံ (၁)ဦး ဒဏ္ရာ ရရွိ၊ ဘာသာေရးအေဆာက္အဦး ဘုရားေက်ာင္းကန္မ်ား၊ လူေနအိမ္ (၁၅)လုံး လက္နက္ႀကီးႏွင့္ ေလယာဥ္ဗုံးစ ထိမွန္ပ်က္စီးျခင္း ႏွင့္ လူေနအိမ္ (၁) လုံး မီးေလာင္ပ်က္စီးခဲ့သည္။

တိုက္ပြဲကာလအတြင္း စစ္ေကာင္စီ၏ လက္နက္ခဲယမ္းမ်ား၊ ေဟာင္ဝစ္ဇာအေျမာက္ (၂)လက္ အပါအဝင္၊ လက္နက္မ်ိဳးစုံ၊ မိုင္း၊ ခဲယမ္းမ်ိဳးစုံ ႏွင့္ စစ္သုံးေဆာင္ပစၥည္းမ်ားရွင္းလင္းသိမ္းဆည္းရမိခဲ့ေၾကာင္း၊ ယေန႔ ဒီဇင္ဘာ ၂၃ ရက္ေန႔အထိ တအာင္းတပ္မေတာ္ PSLF/TNLA က မိုင္းလုံၿမိဳ႕၊ နမ့္ဆန္ၿမိဳ႕ႏွင့္ နမ့္ခမ္းၿမိဳ႕ကို သိမ္းပိုက္ခဲ့ၿပီးေနာက္ စတုတၳေျမာက္ၿမိဳ႕ အျဖစ္ မန္တုံၿမိဳ႕ကို အလုံးစုံ ထိန္းခ်ဳပ္ထားၿပီးျဖစ္ေၾကာင္း သိရွိရသည္။

၁၀၂၇ စစ္ဆင္ေရး အျဖစ္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေျမာက္ပိုင္းမဟာမိတ္ ညီေနာင္ ၃ ဖြဲ႕က ခ်င္းေ႐ႊေဟာ္၊ ေဖာင္းဆိုင္၊ ၾကဴကုတ္၊ သိႏၷီ၊ မုံးကိုး၊ ကုန္ ၾကမ္း၊ ကြမ္းလုံ၊ နမ့္ခမ္းၿမိဳ႕ ၊နမ့္ဆန္၊ မန္တုံႏွင့္ မိုင္းလုံၿမိဳ႕ စုစုေပါင္း ၁၁ ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ရရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *