Congratulations💓 ပလောင်ဒေသ တစ်ခုလုံး အပိုင်စားလိုက်ပီ🤘 မွှင်းခါးလည်း ပက်လက်လေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး TNLA ထိန်းချုပ်မှုအောက်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) ညက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့ပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးသည် စစ်ကောင်စီလောက်အောက်မှ TNLA ထိန်းချုပ်မှုအောက် ရောက်သွားခဲ့ပြီဖြစ်သည်။

မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြရာ ခလရ(၁၃၀) တပ်ရင်းအတွင်း TNLA တပ်ဖွဲ့ဝင်များရောက်ရှိမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးနေမှု၊

ခလရ(၁၃၀) တပ်ရင်း ဗဟိုကင်းနေရာ၊ စစ်ကောင်စီတပ်ပိုင် ကားများထားရှိရာ မော်တော်ယာဉ်ဌာန၊ စစ်ကောင်စီရဲအရာရှိများစီးနင်းသည့် ကား၊ စစ်ကောင်စီတပ်ရင်းအတွင်းထောင်ထားသည့်

နင်းမိုင်းများ၊ ခလရ(၁၃၀) တပ်ရင်း စာကြည့်တိုက်နေရာ၊ ခလရ(၁၃၀) စက်သုံးဆီ သိုလှောင်ရုံနေရာ များကို ဓာတ်ပုံများ၌ တွေ့ရသည်။






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *