အနေအထားက လှနေပီ

ခလရ(၁၃၀)တပ်သိမ်းပိုက်ပြီး မန်တုံမြို့ကို TNLA ထိန်းချုပ်

စစ်ကောင်စီက ၄ရက်အတွင်း လေကြောင်းပစ်ကူအကြိမ်၂၀၀ကျော် ပြုလုပ်ခုခံခဲ့သော်လည်း မြို့ကို လက်လွှတ်ခဲ့ရ

People’s Spring

မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းကို တအာင်းတပ်မတော်(TNLA) တပ်များ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက People’s Spring သို့ အတည်ပြုထားသကဲ့သို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကလည်း ခလရ(၁၃၀)တပ်ရင်း အပါအဝင် မန်တုံမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

ယမန်နေ့ညပိုင်းတွင် မန်တုံမြို့ ခလရ(၁၃၀) တပ်ရင်းကို သိမ်းပိုက်နိုင်ကြောင်း သတင်းအပေါ် TNLA ခေါင်းဆောင်တစ်ဦးကယ​နေ့မနက်အ​စောပိုင်းတွင် “တပ်စခန်းထဲတော့ ဝင်ပါပြီ ။ အားလုံးမရှင်းရသေးဘူး”ဟု People’s Spring သို့ ဖြေကြားခဲ့သည်။

TNLA က မန်တုံမြို့သိမ်းတိုက်ပွဲဆင်နွှဲရာ အဆိုပါ ခလရ(၁၃၀)တပ်ရင်းတစ်ခုသာ ကျန်တော့သည်ဟု TNLA သတင်းပြန်ကြားရေး အရာရှိက ပြောကြားထားသည်။

ရွှေဖီမြေ၏ ဖော်ပြချက်တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြရာ ခလရ(၁၃၀) တပ်ရင်းအတွင်း TNLA တပ်ဖွဲ့ဝင်များရောက်ရှိမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးနေမှု၊ ခလရ(၁၃၀) တပ်ရင်း ဗဟိုကင်းနေရာ၊ စစ်ကောင်စီတပ်ပိုင်

ကားများထားရှိရာ မော်တော်ယာဉ်ဌာန၊ စစ်ကောင်စီရဲအရာရှိများစီးနင်းသည့် ကား၊ စစ်ကောင်စီတပ်ရင်းအတွင်းထောင်ထားသည့် နင်းမိုင်းများ၊ ခလရ(၁၃၀) တပ်ရင်း စာကြည့်တိုက်နေရာ၊ ခလရ(၁၃၀) စက်သုံးဆီ သိုလှောင်ရုံနေရာ များကို ဓာတ်ပုံများ၌ တွေ့ရသည်။

TNLAက ယခု ဒီဇင်ဘာဒုတိယပတ်တွင် နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ယခု မန်တုံကို ထပ်မံရရှိ၍ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၃ခုမြောက် မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိခြင်းဖြစ်သည်။

TNLA အနေဖြင့်ကွတ်ခိုင်တပ်စခန်း၊ နမ္မတူတပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

မန်တုံမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

မန်တုံမြို့တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုအခြေအနေကိုမူ ယနေ့ နေ့လည်ပိုင်းတွင် TNLA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅အိမ်ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

မန်တုံမြို့နယ်တွင် တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် အရပ်သားများအားဦးတည် ပစ်ခတ်တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်မှ ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် (၄၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၁၈၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၁၃၀)ကျော် ပစ်ခတ်ခဲ့သည်ဟု အသိပေးထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *