အုပ်ကြီးတို့ ဒွမ်တဲ့သတင်းတောင် မကြားရတာကြာပီ

ရွှေဘိုမြိုပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်ခတ်ခံရလို သေဆုံး

ဒီဇင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို၊ အမှတ် ၆ ရပ်ကွက်၊ ပန်းတလင်းဘုန်းကြီးကျောင်းအနီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်ပစ်ခံရလို သေဆုံးသွားတယ်လို ဒေသခံတွေထံက သိရပါတယ်

သေဆုံးသူမှာ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်မျိုးထွန်း အသက် ၅၀ ဝန်းကျင်ရှိသူဖြစ်ပြီး  ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်မှာ လက်ဖက်ရည်ဆိုင်အတွင်းကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာလို ဆိုပါတယ်

” သေနတ်လာပစ်တာက လေး၊ငါးချက်လောက်ရှိမယ်။ ဆိုင်မှာက နေ့လယ်ဆိုတော့ လူနည်းနည်းရှင်းနေတော့ အခြားသူတွေကိုတော့ မထိသွားဘူး။ အုပ်ကြီးကတော့နေရာမှာပဲ သေသွားတယ်”လို ရွှေဘိုမြိုခံတဦးက မြေလတ်အသံကို ပြောပါတယ်

ဦးမြတ်မျိုးထွန်းဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သလို ရွှေဘိုမြိုပေါ်မှာ စစ်ကောင်စီအဖွဲတွေနဲ့ ပူးတွဲသွားလာတာ၊ သတင်းပေးတာတွေ လုပ်ဆောင်တယ်လိုလည်း သူက ဆိုပါတယ်

ကပ်ပစ်ခံရလို အုပ်ချုပ်ရေးမှူး ဦးမြတ်မျိုးထွန်းဟာ နောက်ကျော၊ ဦးခေါင်းတွေမှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိပြီး နေရာမှာပဲ သေဆုံးသွားတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ညပိုင်းက သေဆုံးသွားတဲ့ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နေအိမ်ကို အမည်မသိလူတစုက ဝင်ရောက်စီးနင်းပြီး အုပ်ချုပ်ရေးမှူးကို ရှာဖွေခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးက ကြိုတင်ရှောင်တိမ်းနေခဲ့လို လွတ်မြောက်သွားခဲ့တယ်လို ဒေသခံတွေကပြောပါတယ်။

ရွှေဘိုမြို၊ အမှတ် ၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းသွားတာနဲ့ ပတ်သက်ပြီး ဒေသတော်လှန်ရေးတပ်ဖွဲတွေဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

နိုဝင်ဘာ ၈ ရက်ကလည်း ရွေဘိုမြို၊ အမှတ် ၄ ရပ်ကွက်ရှိ ရွှေဘိုခရိုင်မီးသတ်ရုံး ဗုံးပစ်ခံရပြီး ဝန်ထမ်း ၂ ဦးဒဏ်ရာရသွားတယ်လိုသိရပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *