မုန့်တီသုပ်လေးတွေ အစာပြေ ဆွဲကြတာပေါ့ 😋

ပေါက်တောမြို့သို့ စစ်ကူရောက်ရှိလာသော စစ်သင်္ဘော ၃စီးကို AA က တိုက် ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးပြီး စစ်သင်္ဘောများ နောက်လှည့်ပြန်

ဒီဇင်ဘာ ၂၂

ရခိုင်ပြည် ပေါက်တောမြို့ကို စစ်ကူရောက်ရှိလာသော စစ်သင်္ဘော ၃စီးကို ရက္ခိုင့်တပ်တော် AA မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးကာ စစ်သင်္ဘောများ နောက်လှည့်ပြန်သွားကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပေါက်တောမြို့သို လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ဖြတ်တောက်ထားဆဲပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်က ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်တွင် ရခိုင်ပြည်၊ ပေါက်တောမြို့အတွင်း၌ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီ၏ လက်ကျန်တပ်ဖွဲဝင်တစ်ချိုသည် မြိုတွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘော ၃စီးဖြင့် အင်အားဖြည့်တင်းရန် လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်သင်္ဘောကို ရက္ခိုင့်တပ်တော် AA မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောတစ်စီးကိုထိမှန်ကာ စစ်ကောင်စီ စစ်ကူအချိုသေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယင်း စစ်သင်္ဘောများလည်း နောက်လှည့်ပြန်ခဲ့ရကြောင်း ဆိုသည်။

ပေါက်တောမြို့ပေါ်မှ လက်ကျန် စစ်ကောင်စီ တပ်ဖွဲဝင်အချို့သည် မြိုပေါ်ရပ်ကွက်များဖြစ်သော ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် ၃ ထဲရှိ လူနေအိမ်များအား တမင်ရည်ရွယ်ချက်ရှိရှိ မီးရှိဖျက်ဆီးခဲ့ပြီး နေအိမ်အများ အပြားမီးလောင်ပျက်စီးနေသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲဝင် ၈၀ ခန့်သည် စစ်တွေမြို့ တောကန်ကျေးရွာအတွင်းသို ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ လူနေဆောင်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်လောက်က မင်းပြားမြို၊ မယ်တော်တောင် အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော “ခမရ (၅၄၁)”နှင့် ” ခမရ (၃၇၉) ” တို့မှ ဖလောင်းပြင် ကျေးရွာအနီးတဝိုက်သို့ တိုက်ပွဲ ဖြစ်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့သည်။

ရက္ခိုင့်တပ်တော် AA ဘက်မှလည်း ယင်းပစ်ခတ်သည့် စစ်ကောင်စီတပ်ရင်းများသို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ နှစ်ဖက် ပစ်ခတ်မှု အခြေအနေနှင့် ပတ်သက်၍ အရပ်သားများ ထိခိုက်သေဆုံးမှုများအား သိရှိ ရခြင်းမရှိသေးပေ။

အလားတူ ရမ်းဗြဲမြိုနယ်၊ သရက်တောကျေးရွာ၏ အရှေ့ ဘက်တွင် ရှိသော စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက အကြိမ် ၂၀ တိုင် ပစ်ခတ်ခဲ့သလို နေ့လယ် ၁ နာရီအချိန်ခန့်ကလည်း အဆိုပါစခန်းမှပင် ရမ်းဗြဲမြိုနယ်၊ ကြက်သရေ‌ကျေးရွာ၏ အနောက်မြောက်ဘက် တောင်ကုန်းဘက်သို လက်နက်ကြီးများဖြင့် ၈ကြိမ်တိုင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ် တောင်ကုန်းနှင့် သရက်တော‌ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီစခန်းမှ ၆၀ မမ လက်နက်ကြီးဖြင့် ၁၃ ကြိမ်တိုင် ကြက်သရေကျေးရွာနှင့် အနီးအနားတောင်ကုန်းများသို့ ပစ်ခတ်ခဲ့သလို ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ်မှလည်း လက်နက်ကြီးများဖြင့် မြိုပေါ်ရပ်ကွက်များနှင့် အနီးအနား‌ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အမ်းမြိုနယ်၊ ကဇုကိုင်း‌ကျေးရွာ၏ အရှေ့မြောက်ဘက်၌ရှိသော စစ်ကောင်စီအခြေစိုက် စခန်းတစ်ခုဖြစ်သည့် ခမရ (၅၄၃) တပ်ရင်း မှ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်က အမ်းမြိုနယ်၊ စွိချောင်းကျေးရွာနှင့် ဆင်ဦးတိုက်‌ကျေးရွာများဘက်သို ၈၁ မမ၊ ၁၂၀ မမ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်မှ စစ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *