ဟာ မိုက်ပီဟေ့ အာပီဂျီတွေနဲ့ပါ ဝင်လာတာဟ

ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်

ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ကိုနိုင်သည် စစ်မတိုက်လိုသဖြင့် G-3 သေနတ် ၁ လက်၊ RPG-7 ၁ လက် နှင့် ခဲယမ်းများ ယူဆောင်လာပြီး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ ၅ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ခလရ ၄၅ တပ္ရင္းမွ တပ္ၾကပ္ ၁ ဦး RPG-7 ႏွင့္ G-3 ေသနတ္တို႔ ယူေဆာင္လာၿပီး အလင္းဝင္

ဒီဇင္ဘာ ၂၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္၏ ခလရ ၄၅ တပ္ရင္းမွ တပ္ၾကပ္ ၁ ဦး RPG-7 ႏွင့္ G-3 ေသနတ္တို႔ ယူေဆာင္လာၿပီး အလင္းဝင္လာေၾကာင္း TNLA သတင္းႏွင့္ျပန္ၾကားေရး ဌာနထံမွ သိရသည္။

ယေန႔ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ကြတ္ခိုင္ ဗ်ဴဟာ လက္ေအာက္ခံ ခလရ ၄၅ တပ္ရင္းမွ တပ္ၾကပ္ ကိုနိုင္သည္ စစ္မတိုက္လိုသျဖင့္ G-3 ေသနတ္ ၁ လက္၊ RPG-7 ၁ လက္ ႏွင့္ ခဲယမ္းမ်ား ယူေဆာင္လာၿပီး တအာင္းတပ္မေတာ္ PSLF/TNLA တပ္မဟာ ၅ ထံ အလင္းဝင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဒီဇင္ဘာလ ၁၇ ရက္ေန႔ကလည္း နမၼတူၿမိဳ႕နယ္ မန္စံေက်းရြာရွိ အၾကမ္းဖက္ စစ္တပ္စခန္းကို တအာင္းတပ္မေတာ္ PSLF/TNLA က တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သားမ်ား အသုံးျပဳေသာ ခဲယမ္းမ်ားစြာ သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *