“တေချင်တဲ့နွား တောပြောင်း” ဆိုသလိုပဲ.. နောက်ဆက်တွဲ သတင်းကောင်းတွေ စောင့်မျှော်ကြပါစို..

ပြည်ထဲရေးဝန်ကြီး ရာပြည့်နှင့်ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်မှူး ၇ ဦးကို ထွေ/အုပ် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၃၈ ဦးကို အပြောင်းအရွှေ့လုပ်

” ခရိုင်အုပ်ချုပ်ရေးမှူး အပြောင်းအရွှေ့တွေမှာလည်း ငွေပေးနိုင်တဲ့သူတွေက ဂွင်ကောင်းတဲ့နေရာတွေရကုန်ကြတာ။ မဂါ(မကန်တော့၊ လာဘ်ငွေမပေး) နိုင်သူတွေကတော့ ပြာပုံတိုးရမယ့် ခရိုင်တွေ ရွှေ့ရတာ” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ထွေအုပ် လူဖမ်းပွဲကြီး စမည်”

အကြမ်းဖက် စစ်ကောင်စီက သူတိုရဲ့ လက်ပါးစေ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခရိုင်အုပ်ချုပ်ရေးမှူး အဆင့်ရှိ ညွှန်မှူးတွေကို နေရာပြောင်းရွှေ့မှုပေါင်း ၃၈ နေရာ ပြုလုပ်ခဲ့ပြီး ဒုညွှန်မှူး အဆင့်တွေကို ညွှန်မှူးရာထူး တိုးပေးကာ ခရိုင်အုပ်ချုပ်ရေးမှူး အဖြစ် ရာထူးတိုး/နေရာပြောင်း စေလွှတ်မှုတွေ ရှိနေပါတယ်။

ပူးတွဲပါ စာရင်းတွေအရ ဆိုရင် တော်လှန်ရေး နယ်မြေတွေကို ဖြတ်သန်းပြီး သွားရမယ့် အခြေအနေတွေ ရှိနေပါတယ်။

“တေချင်တဲ့နွား တောပြောင်း” ဆိုသလိုပဲ တော်လှန်ရေး တပ်ဖွဲတွေ အနေနဲ့ ဒီလူစာရင်းထဲကနေ ရှင်းလင်းနိုင်မလဲ စောင့်ကြည့်ရပါမယ်

ဖရဲသီးတွေ အနေနဲ့လည်း ကျွန်သဘောက်တွေရဲ့ ခရီးသွားလာမှုကို သက်ဆိုင်ရာ တော်လှန်ရေး တပ်ဖွဲတွေဆီ လျှိဝှက်စွာ သတင်းပေးပိုနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်။

ကဲ.. နောက်ဆက်တွဲ သတင်းကောင်းတွေ စောင့်မျှော်ကြပါစို..

#4C_TruthNews

ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော ရာထူးတိုး အမိန့်စာနှင့် ပြောင်းရွှေ့တာဝန်ပေးမှု အမိန့်စာကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)







#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *