“တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေရဲ့ ကြေကွဲဖွယ် ဘဝနေဝင်ချိန်များ”

“တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေရဲ့ ကြေကွဲဖွယ် ဘဝနေဝင်ချိန်များ”


အနုပညာ သမားတွေ

ဒီပုံလေးမြင်တော့ ပထမ ရီချင်မိသား

နောက်တော့ အနုပညာသမားတွေရဲ့တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲရင်နင့်ဖွယ်ကောင်းလှပါလားရယ်လို့ အတွေးရသွားမိပါတယ်ဗျာ

အသံမှာ စိန်အောင်မင်း ပြီးရင်အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ပုလဲစိန် ဟာ ဘီအီးဒီ အောင်သိုက် လူငယ်ကြည်ခိုင်တို့နဲ့ တွဲပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ ဖူးပါတယ်

ဖိုးချစ်ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့ ဇာတ်အဖွဲ့သားတစ်ယောက်သွားကြည့်ပြီး မေးစမ်းကြည့်တော့မှ
“ပုလဲစိန်” တဲ့

ပြုစု ကုသဖို့ ဝိုင်းကြိုးစားကြပေမဲ့ ဆုံးပါးသွားခဲ့ရပါတယ်

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမဲ့မြို့မငြိမ်းဟာ ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရ ဖူးသတဲ့


ကားကို အရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက်ကို ခေါင်းထိုးထဲ့ပြီးမိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ်

ပန်းရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲ သီချင်းတွေ ရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်ဟာ နွားတင်းကုတ်ထဲမှာ လူမသိဘဲ အသက်ဆုံးပါးခဲ့ရပါတယ်

(ကံမြဲ ဦးအေးကျော်)

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့ နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို ရေးစပ်ပေးခဲ့တဲ့ ကိုလေးလွင်ဟာ မိုးသဲနေတဲ့အချိန် တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ လဲနေခဲ့ ပါတယ်


လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေး နဲ့တဲ့ ( နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့ သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ)

ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမဲ့ အသက် မမှီတော့ပါဘူး

နာမည်ကသာ အနုပညာ သမား ဒါပေမဲ့ သူတို့ဘဝတွေဟာ ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။ ။

Credit – မူရင်း ပိုစ့်

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *