“ထိုင်းကိုသွားရင် ဒါလေးတွေတော့ သတိထားစေချင်တယ်…”

“ထိုင်းကိုသွားရင် ဒါလေးတွေတော့ သတိထားစေချင်တယ်…”


ကားရှိတယ်၊ ဆိုင်ကယ်ရှိတယ်၊ ဆိုပြီး အလုအယက် လာခေါ်လေ့ရှိတဲ့နေရာမှာ သတိထားဖို့ လိုပါတယ်။

အဲဒီလိုကားရပ်ပြီဆို အလုအယက်လာခေါ်တဲ့ လူအုပ်စုထဲမှာ မှန်မှန်ကန်ကန်နဲ့ လုပ်စားနေတဲ့သူထက် ဝိသမလောဘသမားတွေက ပိုများပါတယ်။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ထဲ

ခရီးသွားနေရင် ပိုဆိုးပါတယ်။ ဆိုင်ကယ်သမားတွေက အိတ်ကို အလုအယက်ဆွဲယူတတ်ပြီး ဆိုင်ကယ်ပေါ်အတင်းလိုက်ခိုင်းအောင် ခေါ်ယူလေ့ရှိပါတယ်။

ဆိုင်ကယ် ကယ်ရီသမားတွေထဲမှာ အငှားဆိုင်ကယ်အင်္ကျီ ဝတ်ထားတဲ့သူတွေရှိသလို၊ အငှားဆိုင်ကယ်အင်္ကျီ မဝတ်တဲ့သူတွေ ရှိပါတယ်။ သူတို့ခေါ်ရာနောက် လိုက်သွားမိပြီးဆိုရင် မီတာ ၁၀၀ လောက်ရှိတဲ့ခရီးကို ပတ်မောင်းပြီး

မတန်မရာ တောင်းလေ့ရှိပါတယ်။ မော်ချစ်ဂိတ် (ဗန်ကောက်) ဟိုင်းဝေးပြေးတဲ့ ဘတ်စ်ကားယာဉ်ကြီးတွေရပ်တဲ့နေရာက ဗန်ကောက်မြို့ပြင်မှာ ဖြစ်နေပေမယ့်၊ ဗန်ကောက်မြို့ရဲ့ နေရာအစုံကို သွားလို့ရတဲ့

အများပြည်သူစီး ဘတ်စ်ကားဝင်း ရှိတယ်။ ဗင်ကားဂိတ်ရှိတယ်။ ဘယ်သူကိုမှ မေးစရာ မလိုအောင် ကားဆင်းတဲ့နေရာနဲ့ အနီးတဝိုက်မှာပဲ ရှိပါတယ်။ မဲဆောက်ကလာတဲ့ ဘတ်စ်ကားထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပါလာတတ်မြဲဖြစ်တာကြောင့်

အဲဒီဆိုင်ကယ်၊ ကား ကယ်ရီသမားတွေက လူအနေအထားကိုကြည့်ပြီး ခေါ်ယူပါတယ်။ မြန်မာမှန်းသေချာ သိပြီးဆိုရင် ခြိမ်းခြောက်ခေါ်တာမျိုးလဲ ရှိပါတယ်။ ကားကယ်ရီသမားတွေဆိုရင်လဲ မီတာနဲ့မဟုတ်ဘဲ အကြောင်းမျိုးစုံပြောပြီး ပုတ်ပြတ် ငှားခိုင်းတာတွေ လုပ်တတ်ပါတယ်။

“ကိုချစ် ဇွဲကပင်မြေ” ကွင်းဆင်း စုံစမ်းတော့ မော်ချစ် (ဗန်ကောက်) ကားဝင်းရှိ ဆဲဗင်းရှေ့မှာ အလိမ်ခံထိထားတဲ့ အမျိုးသမီးငယ်လေး ၅-၆ ဦးကိုတွေ့ရတယ်။ မီတာ ၁၀၀ လောက်သာရှိတဲ့ခရီးကို တစ်ယောက် ဆိုင်ကယ်ခ ၂၀၀၊ တစ်ယောက်က ၁၀၀၊ တစ်ယောက်က ၈၀ ဘတ်ဖြင့် ဆိုင်ကယ်သမားလိမ်ပြီးယူသွားကြတယ်။

“ကျမကားစီးလာပြီး မော်ချစ်မှာ ဆင်းတယ်။ ဘတ်စ်ကားပေါ်ကဆင်းတော့ တက္ကစီကား၊ ဆိုင်ကယ် ကယ်ရီသမားတွေက ဘယ်သွားမလဲ၊ ဘယ်သွားမလဲ လာမေးကြတယ်။ ကျမက ဖလန်ဆောင်သွားမယ်လို့ပြောတယ်။


အဲဒါနဲ့ ဗင်ကားသမားအယောင်ဆောင်ပြီး ဆိုင်ကယ် ကယ်ရီသမားက လာလာ ဗင်ကားရှိတဲ့နေရာကို ဆိုင်ကယ်နဲ့သွားရမယ်လို့ပြောပြီး၊ ကျမအိတ်ကိုအတင်းဆွဲယူသွားပြီး သူ့ဆိုင်ကယ်အရှေ့မှာတင်လိုက်တယ်။

အဲဒီနောက် ဟိုပတ်မောင်း ဒီပတ်မောင်းနဲ့ မဖွင့်သေးတဲ့ ဗင်ကားဂိတ်ကားသွားရပ်ပေးတယ်။ သူရပ်ပေးတဲ့နေရာက ဆဲဗင်းရှိတယ်။ အဲဒီဆဲဗင်းရှေ့မှာလဲ လူ ၄-၅ ယောက်က ကျမလိုပဲ အလိမ်ခံထိတဲ့သူတွေကို တွေ့ရတယ်” လို့ ပြောပါတယ်။

ဗန်ကောက်ကို တက်လာပြီဆိုရင် မဖြစ်မနေ ဆိုင်ကယ်စီးရမယ်ဆိုရင် မော်ချစ်ဂိတ်ရဲ့ အဝင်ပေါက်၊ အထွက်ပေါက်တိုင်းမှာ ဆိုင်ကယ် ကယ်ရီဂိတ် ရှိပါတယ်။ လာခေါ်တဲ့ အုပ်စုထဲမှာ အငှားယာဉ်အက်ျီဝတ်ထားရင်လဲ မယုံကြပါနဲ့၊

နောက်တချက် သတိထားလို့ရတာက… ကိုယ်စီးတဲ့ ကား၊ ဆိုင်ကယ် နံပါတ်ပြားကို သေချာကြည့်ပါ။ လိုင်စင်ရ လူပို့ ဆိုင်ကယ်၊ ကား နံပါတ်ပြားတွေက အဝါရောင်ဖြစ်ရပါမယ်။ အဖြူရောင် နံပါတ်ပြားဆိုရင် အိမ်သုံးအတွက်ပါ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *