အသိနောက်ကျလိုက်တာ မာလကာရွက်ဖြင့် ဒါတွေ ပျောက်ကင်းနိုင်ပါတယ်

အသိနောက်ကျလိုက်တာ မာလကာရွက်ဖြင့် ဒါတွေ ပျောက်ကင်းနိုင်ပါတယ်


မာလကာသီးရဲ့အကျိုးကျေးဇူးတွေကိုတော့သိကောင်းသိပါလိမ့်မယ်။ ဒါပေမဲ့မာလကာရွက်ရဲ့အကျိုးကျေးဇူးတွေကို သိတဲ့သူရှားပါတယ်။

မာလကာရွက်က ကိုယ်တွေထင်ထားတာထက်တောင် အလှအပနဲ့ကျန်းမာရေးအတွက် အသုံးဝင်နေတာပါ။ဘယ်လိုတွေအသုံးဝင်နေတာလဲဆိုရင်

ဆီးချိုရောဂါကာကွယ်ပေးတယ်

ဂျပန်နိုင်ငံက ပညာရှင်တွေရဲ့လေ့လာချက်အရ မာလကာရွက်လက်ဖက်ရည်ဟာ သွေးတွင်းဂလူးကိုစ့်ကိုလျှော့ချပေးတယ်လို့တွေ့ရှိထားရပါတယ်။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို ၁၂ပတ်ကြာသောက်ပေးမယ်ဆိုရင် Insulin ထုတ်လုပ်မှုမတက်လာစေပဲ သွေးဖိအားကို လျှော့ချပေးပါတယ်။

ကိုလက်စထရောလျှော့ချပေးတယ်

မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို သုံးလနီးပါးပုံမှန်သောက်သုံးပေးတာဟာ ကောင်းမွန်တဲ့ကိုလက်စထရောတွေကိုထိန်းသိမ်းပေးပြီးမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို ဖယ်ရှားပေးတယ်လို့လေ့လာတွေ့ရှိရပါတယ်။အထူးသဖြင့် မာလကာရွက်ဟာ အသည်းတွင်းအဆိပ်အတောက်ကို ဖယ်ရှားတဲ့နေရာမှာအရမ်းအသုံးဝင်ပါတယ်။

အစာချေဖျက်တဲ့နေရာမှာကူညီပေးတယ်

မာလကာရွက်က အစာမကြေဖြစ်တာမျိုးကိုသက်သာစေပြီး အစာအိမ်တွင်းက ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။မကောင်းတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပွားတတ်တဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်။မာလကာရွက်က အစာအဆိပ်သင့်တာ၊အော့အန်တာ၊ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။

အစာအိမ်နဲ့ပတ်သက်ပြီးနေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် မာလကာရွက်အနည်းငယ်ကို ရေတစ်လီတာခွဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် အဲ့ဒါကို တစ်နေ့သုံးကြိမ်သောက်ပါ။
သွားကိုက်၊လည်ချောင်းနာကိုသက်သာစေတယ်

သွားကိုက်တာ၊လည်ချောင်းနာတွေအတွက် မာလကာရွက်ကိုအရေးပေါ်သုံးပေးနိုင်ပါတယ်။လည်ချောင်းနာတာ၊သွားကိုက်တာတွေဟာ ဘတ်တီးရီးယားပိုးတွေကြောင့် ဖြစ်တာဖြစ်လို့ ပလုတ်ကျင်းပေးတဲ့အခါ သက်သာသွားစေနိုင်ပါတယ်။မာလကာရွက်ကိုကြိတ်ချေပြီး သွားတိုက်တဲ့အခါမှာလည်းသုံးပေးနိုင်ပါတယ်။အဲ့ဒါဆိုရင် ဘတ်တီးရီးယားတွေကိုသန့်ရှင်းပေးလို့ သွားတွေကိုလည်းကျန်းမာစေပါတယ်။

ဆီးကျိတ်ကင်ဆာ

မာလကာရွက်ကို သောက်သုံးပေးတာဟာ ဆီးကျိတ်ကင်ဆာဖြစ်ပွားခြင်းကို လျှော့ချပေးတယ်လို့သိရပါတယ်။

အိမ်ထောင်ရှင်တွေအတွက်ကောင်းမွန်တယ်

မာလကာရွက်စားပေးတာဟာ သုတ်ထွက်ခြင်းကိုပိုပြီးတိုးတက်ကောင်းမွန်စေတဲ့အတွက် ရင်သွေးရရှိရေးကို အထောက်အကူဖြစ်စေပါတယ်။

ဒဏ်ရာအနာတရဖြစ်ခြင်းကို ကာကွယ်ပေးတယ်မာလကာရွက်တွေမှာ ဓားရှရာတွေ၊ခြစ်ရာတွေကို သက်သာလျော့ပါးစေတဲ့ဆေးစွမ်းသတ္တိတွေရှိပါတယ်။ရောင်ရမ်းနာကျင်မှုကိုလျှော့ချပေးနိုင်တဲ့အတွက် မာလကာရွက်ကို ဒဏ်ရာပေါ်မှာအုံပေးတာအကောင်းဆုံးပါ။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ဟာ နားနဲ့ပတ်သက်တဲ့ဝေဒနာဖြစ်ပွားခြင်းကိုလည်းလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

ဝက်ခြံနဲ့အမည်းစက်

မာလကာရွက်ဟာ အရေပြားပေါ်မှာဖြစ်တတ်တဲ့ဝက်ခြံ၊အမည်းစက်တွေကို လျော့ပါးသက်သာစေပါတယ်တဲ့။မာလကာရွက်မှာ ဘတ်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိနေပါတယ်။မာလကာရွက်တွေကို ကြိတ်ချေပြီး ဝက်ခြံအမည်းစက်ပေါ်မှာ ၁၅မိနစ်လောက်အုံပေးထားပါ။ပြီးရင် ရေနဲ့သေချာဆေးကြောပေးပါ။နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရပါလိမ့်မယ်။ဝက်ခြံတွေပျောက်ကင်းသွားမယ့်အပြင် အသားအရည်ကိုလည်းတင်းရင်းနုပျိုလာစေပါတယ်။

ဆားဝက်ခြံ

မာလကာရွက်က ဆားဝက်ခြံတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။ မာလကာရွက်တွေကို ရေအနည်းငယ်နဲ့ရောကာ ကြိတ်ချေလိုက်ပါ။ အဲ့ဒီအရည်ကို ဆားဝက်ခြံရှိရာ နှာခေါင်းတစ်ဝိုက်လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာရင် ရေဆေးချလိုက်ပါ။တစ်ရက်ခြားတစ်ခါလောက် လုပ်ပေးရင်ဆားဝက်ခြံတွေသိသိသာသာလျော့ပါးသွားတာတွေ့ရမှာပါ။

ကဲ မာလကာသီးစားမယ်ဆိုရင် မာလကာရွက်ကလည်းအသုံးဝင်တယ်ဆိုတာ မမေ့ကြနဲ့နော်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *