အရိုးပြုတ်ရည်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေနိုင်

အရိုးပြုတ်ရည်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေနိုင်


ခုခံအားမြင့်တင်ဖို့အတွက် တန်ဖိုးအနည်းဆုံးနှင့် အကောင်းဆုံးအစားအစာကို ပြောပါဆိုလျှင် အရိုးပြုတ်ကို ပြောရပါမည်။ အသားမဝယ်နိုင်တဲ့သူတွေအတွက် ကြက်ရိုးဖြစ်ဖြစ်၊ ဝက်ရိုးဖြစ်ဖြစ်၊ အမဲရိုးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ အရိုးတွေနဲ့ အရိုးပြုတ်တစ်ခွက်ချက်လို့ရပါတယ်။

အရိုးပြုတ်ရည်တွေမှာ သတ္ထုဓာတ် နှင့် ဗိုက်တာမင်တွေအပြင် အမိုင်နိုအက်ဆစ်တွေလည်းပါဝင်ပါတယ်။

အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက လျင်မြန်စွာစုပ်ယူနိုင်တဲ့အပြင် အူနံရံပြုပြင်ကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ခုခံအားစနစ်ရဲ့ ရာနှုန်းတော်တော်များများကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။

ဒါကြောင့် အရိုးပြုတ်ရည်က အူလမ်းကြောင်းကောင်းစေပြီး ခုခံအားမြင့်တက်လာစေပါတယ်။အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ် glycine က ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။ ဒါကြောင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။

အမိုင်နိုအက်ဆစ် glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့်တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။ အမိုင်နိုအက်ဆစ် glycine က ကောင်းကောင်းအိပ်ပျော်စေပါတယ်။

အရိုးတွေပြုတ်တဲ့အခါ ဂျင်း နှင့် ကြက်သွန်ဖြူထည့်ပေးပါက ကျန်းမာရေးအတွက် အတော်လေးကောင်းပါလိမ့်မည်။ ဂျင်းမှာ အက်တီအောက်ဆီတန့်အစွမ်း( antioxidants) နှင့် ရောင်းရမ်းခြင်းကိုသက်သာနိုင်စွမ်းရှိပြီး ဂျင်းမှာပါဝငိတဲ့ gingerol, shogaol, paradol , zingerone တွေက ဂျင်းရဲ့ ကျန်းမာရေးအာနိသင်ကို ပေးစွမ်းပါတယ်။

ဂျင်းမှာ မြောက်များစွာသော ဗိုက်တာမင်တွေဖြစ်တဲ့ ဗိုက်တာမင် C၊ ဗိုက်တာမင် B6 နှင့် niacin တွေအပြင် ပိုတက်ဆီယမ်၊ ကော့ပါး၊ မက်ဂနီဆီယမ်၊ ဖော့စရပ်၊ သံဓာတ်၊ ဇင့် အစရှိတဲ့ သတ္တုဓာတ်တွေပါပါဝင်ပါတယ်။ ရောဂါပိုးတွေကိုလည်း သေစေပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အစာမကြေတာအတွက်လည်းကောင်းပါတယ်။

ကြက်သွန်ဖြူဆိုတာ ဆာဖာကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ဆေးပညာဖခင်ကြီး Hippocrates က ကြက်သွန်ဖြူကို ရောဂါပိုးကုသရန် နှင့် နာကျင်မှု သက်သာစေရန် အသုံးပြုတယ်ရေးပါတယ်။ 2016 အကုန်လောက်ထိ ကြက်သွန်ဖြူကို လေ့လာထားတဲ့ လေ့လာမှုပေါင်း 5100 ကျော်ရှိပါတယ်။ ကြက်သွန်ဖြူက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ရောဂါပိုးဝင်ခြင်း နှင့် ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ leucine, isoleucine, S-allyl cysteine , allicin ပါဝင်တဲ့ပစ္စည်းတွေက ကျန်းမာရေးကို အကျိုးပြုပါတယ်

ငွေကြေးအတော်အသင့်ပြည့်စုံမည်ဆိုလျှင် လွယ်လွယ်ကူကူဝယ်လို့ရတဲ့ shiitake ( ရှီတာကီ ) မှိုကို အရိုးပြုတ်ထဲထည့်ချက်လို့ရပါတယ်။ မှိုတွေကို စားပေးခြင်းဖြင့် ကိုယ်တွင်းဇီဝပိုး အသိုက်အမြုံကို မျှတစေတယ်။ မှိုပင်မှာ ဘက်တီးရီယား နှင့် ဗိုင်းရပ်စ်ကို တိုက်ပေးနိုင်တဲ့ သဘာဝစွမ်းအင် အမြောက်အများရှိပါတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ ဒါပြင် ရှီတာကီမှိုမှာ ကင်ဆာဆန့်ကျင်နိုင်စွမ်း နှင့် ခုခံစွမ်းအား မြှင့်တင်နိုင်စွမ်းရှိပါတယ်။ Selenium, ဗိုက်တာမင် A , C , D , E ပါဝင်ပြီး ဗိုင်းရပ်စ်သေစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုကာလမှာ တန်ဖိုးနည်းတဲ့ အဖိုးတန်အဟာရတွေကို ဖန်တီးတတ်ရပါမည်။ စားကောင်းအောင်လည်းချက်တတ်ရပါမည်။ လိုအပ်တဲ့ဗဟုသုတတွေလေ့လာပြီး သေချာလိုက်နာ နေထိုင်မည်ဆိုလျှင် ဒီကပ်ဘေးကြီးက လွတ်ကို လွတ်ပါလိမ့်မည်။ အားလုံးကျန်းမာကြပါစေ။

ဒေါက်တာဖြိုးမောင်မောင်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *