ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ ဆေးနည်း

ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ ဆေးနည်း


အဆီကျ အသားကျစ် တိုင်းရင်းဆေး အထူး အဆီကျ အသားကျစ် ပိန်ဆေးကြီး ယနေ့ခေတ် လူနေမှုပုံစံပြောင်းလဲလာမှု

အစားအသောက်နှင့် ဇိမ်ခံပစ္စည်းများ ပေါများလာခြင်းကြောင့် အဝလွန်သည့်ပြသနာသည် ခေတ်စားလာချေပြီ။

အဝလွန်လျှင် ဖြစ်ပေါ်လာတတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။

အဆီကျဆေး ပိန်ဆေးများသည်လည်း အရှေ့တိုင်းဆေး၊ အနောက်တိုင်းဆေး စုံလင်စွာဈေးကွက်ထဲတွင် မှိုလိုပေါက်လျက်ရှိပါသည်။

သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တိုင်းရင်းဆေးများပင် ဖြစ်ကြသည်ကများပါသည်။

အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။

သို့သော် ဈေးအဆမတန်များပြားလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည်

အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။

ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) ကို ငြိမ်းစေပြီး

ကိုလက်စရောခေါ် အဆီဓာတ်ကို အထူးလျှော့ချပေးသော သတ္တိရှိပါသည်။

သွေးတွင်းအဆီကို ကျစေရုံသာမက သွေးကြောတွင်း အဆီပိတ်ဆို့ခြင်းမှ ကင်းဝေးစေသည်။ ခန္ဓာကိုယ်တွင်းမှ

မကောင်းသော အညစ်အကြေး (မလ) တို့ကို (ဆီး+ဝမ်း+ချွေး+လေ) အဖြစ် စွန့်ထုတ် သန့်ရှင်းစေသော သတ္တိရှိပါသည်။

လေးဘက်နာရောဂါ၊ အဆစ်ရောင်ကိုက်ရောဂါ ဂေါက်ရောဂါများကိုပါ အထူးပျောက်ကင်းစေသည်။

(လေးဘက်နာရောဂါ အမြစ်ပြတ်ပျောက်သည့် အာနိသင်ရှိပါသည်)

ကျောက်ကပ်အားနည်းသူ၊အသားပွသူ၊ ဖေါရောဂါရှိသူများ သောက်ရန် အထူးသင့်တော်ပါသည်။

လူမျိုးဘာသာမရွေး ကိုယ်တိုင် ဖေါ်စပ် သောက်သုံးကြပါကုန်။

ဆေးနည်း

၁။ ငုပင်အရွက် ၁၀ သား

၂။ စောင်းရှားရွက် ၁၀ သား(ဟင်းချက်စားသော ဇောင်းခါးပင်အရွက်ဖြစ်ပါသည်)

၃။ တိလင်္ကသာရွက် ၁၀ သား (မုန့်ကျွဲသဲပင်/ ကျွဲနပေါင်းပင် ဟုလည်းခေါ်သည် )

၄။ ရှားစောင်းလက်ပါတ် ၁၀ သား

၅။ ထန်းလျက် ၁၀ သား

၆။ နှမ်းဆီ ၂ ကျပ်ခွဲသား(မှိုမတက်ရန် ထည့်ခြင်းဖြစ်သည်)

ဆေးဖေါ်နည်း

ဆေးရွက်များကို လတ်ဆတ်စွာ ခူးယူလျှက် ရေစင်ကြယ်စွာဆေးပါ။ရေခြောက်စေရန် စစ်ထားပါ။

နေခြောက်မလှန်းရ။ အရွက်အစိုကိုသာ သုံးပါ။ ဆေးရွက်များကို ဓားဖြင့်ပါးပါးလှီးထားပါ။

သန့်ရှင်းသော သံငြုတ်ဆုံတွင်ထည့်၍ နုညက် အိထွေးလာအောင် စိတ်ရှည်ရှည်ဖြင့် ထောင်းပါ။

သို့မဟုတ် ဆေးကျောက်ပျဉ်သန့်သန့် တွင်တင်၍ ဆေးကို အမျှင်အဖတ်များမကျန်အောင် ညက်နေအောင်ကြိတ်ပါ။

ရှားစောင်းလက်ပါတ်ကို အခွံရောအသားပါ လှီး၍ ထားပါ။ ။

ဆေးချက်နည်း

ဆေးရွက် ၃ မျိုးကြိတ်ထားသော ဆေးဖတ်များကို သမအောင် ရောစပ်ထားပါ။ပထမဆုံး ထန်းလျက်ကို အိုးထဲထည့်၍ ကျိုပါ။

ရေမထည့်ရ ထန်းလျက် အရေပျော်သောအခါ ရှားစောငိးလက်ပါတ်ကို ထည့်ပါ။ရှားစောင်းလက်ပါတ်နွမ်းလျှင်ကြိတ်ထားသော ဆေးရွက်များကို ထည့်ပါ။

မီးနုနုဖြင့် မတူးမချစ်အောင် ၄၅ မိနစ်ခန့်ချက်ပါ။ ၁ နာရီထိ ချက်နိုင်သည်။ ဆေးများအနေတော်

(မိမိစိတ်ကြိုက်အနေအထား) ရောက်သောအခါ နှမ်းဆီကိုထည့်၍ ၅ မိနစ်ခန့် နာနာမွှေပေးပါ

နှမ်းဆီမထည့်ပါက ဆေးများ မှိုတက်တတ်ပါသည်။ နောက်ဆုံး မီးဖိုမှချ၍ အအေးခံထားပါ။လေလုံသောဖန်ဗူးဖြင့် ထည့်ထားပါ။ ။

ဆေး၏ဓာတ်သဘာဝ

အရသာ။ ။ အေး ချို ခါး

ဝိပါက ။ ။ အေး ချို စပ်

ဂုဏ် ။ ။ ဟိမ၊ လူခ၊ ဝိသဒ၊ လဟု၊ အာသု ဂုဏ်တို့ရှိကြသည်။

သဘာဝ ။ ။ ဥဏှငြိမ်း အတွင်း အပြင် ပထဝီအာပေါ လျော့ကျ။ အသားကျစ် အဆီကျ လူပိန်၏။

ဆေးသောက်ရန်အညွှန်း

တစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း တစ်နေ့ ၂ ကြိမ်သောက်နိုင်သည်။ ပိန်ချင်ဇောဖြင့် အလွန်အကျွံမစားရ။

ဘေးထွက်ဆိုးကျိုး။ ။

တန်လျှင်ဆေး လွန်လျှင်ဘေး။ ဖေါ်ပြထားသည့်အတိုင်းသာ သောက်ပါ။ အသက် ၅၀ ကျော်သူများ၊ အားအင်နည်းသူများ မသောက်သင့်ပါ။ ။

စေတနာများစွာဖြင့် မျှဝေပါသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *