“လက်ရှိ လူကြီးပိုင်း လူလတ်ပိုင်းတွေ ဖြတ်သန်းလာခဲ့ကြရတဲ့ တချိန်က တုံ ချမ် ခေတ်အကြောင်း”

“လက်ရှိ လူကြီးပိုင်း လူလတ်ပိုင်းတွေ ဖြတ်သန်းလာခဲ့ကြရတဲ့ တချိန်က တုံ ချမ် ခေတ်အကြောင်း”


ငယ်ငယ်က တုံချမ် တုံချမ်နဲ့ ကားထဲပြတဲ့ ရုပ်ရှင်ကား တိုးကြည့်ရတော့ ပူက ပူ ချွေးက ထွက်တာအမှတ်ရ၊ တိုးရင်းနဲ့ ကလေးချင်း ရန်ဖြစ်ခဲ့ကြရတာ အဲဘဝ 🙂

တခါတလေ ပွဲတော်တွေမှာ လမ်းဘေးပိတ်ကားလေးထောင်တဲ့ ရှေ့ဖျာလေးတွေခင်းပြီး မိုးတလင်း ရုပ်ရှင်ကြည့်တဲ့ခေတ် သတိရပါ့

လေက တဖြူးဖြူးနဲ့ ပွဲခင်းထဲ မရမ်းသီး ဒုတ်ထိုးရောင်းတဲ့ ဦးလေးကြီး အရှေ့က ဖြတ်ရင် ရုပ်ရှင်မမြင်ရလို့ လူတွေက ခဲလုံးနဲ့ ထုတာ သူ့ခမျာ ဈေးရောင်းတာ ကုတ်ချောင်းချောင်းနဲ့ ရောင်းရတာ အမှတ်ရ 🙂

ကျောင်းပိတ်ရင် ရေဒီယိုရှေ့ စုပြုံထိုင်ပြီး ဦးဦးပုံပြောမယ်ဆိုတဲ့ ကဏ္ဍကို နားထောင်ရတာ အမော

ကက်ဆတ်ပေါ်လာတော့ အမေကြိုက်တဲ့ ဆားပုလင်းနှင်းမောင်စီးရီးကို ဝက်အူလှည့်တံကိုင်ပြီး ကက်ဆက် နားထောင်ရတာ၊ အခွေက ဖလင်တွေထွက်လာရင် အခွေထုတ်၊

မောင်နှမတွေ တယောက်တလှည့် ခဲတံနဲ့ ပြန်ရစ် ပြန်ထည့် အမေက တောက်တခေါက်ခေါက်နဲ့ ကောင်းခန်းပြတ်သွားလို့ အဲလိုပါဆို 🙂

အဲက တဆင့်တက် TV အဖြူအမဲ ပေါ်လာတော့ ငါတို့မြန်မာတွေ ခေတ်မှီပြီဟ ဆိုပြီး ဟေမာနေဝင်း ခေတ် TV ရှေ့ အဖြူ အမဲလေး ကို တကမ္ဘာထင်ကြည့်ရတာ အမောပါ ဘဘနေတို့ခေတ်ပေါ့ မဆလခေတ် 🙂

နောက်တော့ ရောင်စုံ TV ပေါ်လာတော့ သြော် ဘာပြောကောင်းမလဲ တရုပ် ကိုရီးယား စီးရီး တွေ တန်းစီကြည့်တာ

ဘတ်စ်ကား ကတော့ နိုင်ငံတကာမှာ မတွေ့ရတဲ့ ဒီဇိုင်းပေါ့လေ တက္ကသိုလ်တက်တော့ အဲ ဘတ်စ်နဲ့ ဖယ်ရီစီးတာ လိပ်ကားပေါ့ ကွယ်၊ သစ်သား ထိုင်ခုံဆိုတော့ တင်ပါးတွေ နာလို့ 😞

နောက်တော့ လိုင်းနံပါတ် ၉ ကားတွေပေါ်လာတာ ယောကျ်ားတွေဆတ်ဆော့လို့ မိန်းမ ယောကျာ်း သံဇကာနဲ့ ခြားထားတာ သားအဖ၊ ရည်းစား ဘတ်စ်စီးရင် ဒုက္ခ၊ အော်လို့မရ ခေါ်မရ သြော် အဲလိုတခေတ်ရှိသေး 🙂

စားပွဲတင် ဖုန်းခေတ် ကတော့ ကြာသား၊ အရင်က အိမ်တိုင်း ဖုန်းမရှိဘူး

ပါပါ က သမီးတွေရည်းစား စကားပြောမှာစိုးလို့ အိမ် မှာ ဖုန်း မတပ်ပေးဘူး ဒါပေမဲ့ အပြင်မှာ တခါဆက် ၅ ကျပ်လား မသိ ပေး ဆက်ရတယ် ခုလို ဖုန်း သယ်သွားမရတော့ တိုးတိုးဆက်ရတယ်

ပိုက်ဆံပေးဆက်တာ တောင် ၅ မိနစ်လောက်ဆို ပိုင်ရှင် အဒေါ်ကြီးက မျက်စောင်းထိုးတာ 🙂

အဲလို ငယ်ဘဝတွေ နောက်တော့ ခြင်းဖုန်း ဆိုတာကြီး ပေါ်လာပြန်ရော ဆွဲလိုက်တဲ့ ခြင်းတွေ တဖက်က ပိုက်ဆံအိတ် တဖက်က ခြင်းကြီးဆွဲလို့ ပြန်တွေး အတော်ရီရ တာ သနားဖို့ကောင်းတဲ့ မြန်မာပြည်သူတွေ ကိုယ်လဲ အတူတူပဲပေါ့ 🙂

မိုဘိုင်း ဖုန်း ပေါ်တော့ အဲခေတ်က လူတွေရူးပြီပေါ့ ရှိသမျှ ငွေ နဲ့ဝယ်ကြတာ၊ ဆယ်လူလာ ဖုန်း ကြီး ခါးချိတ်ထားတဲ့ ယောကျာ်း က အကောင်ပဲ

သူ့ခါးပေါ်က ဟာက ၁၅ သိန်း နဲ့ သိန်း ၂၀ ကျော် တန်တာလေ 🙂 ဘ ရွှေတို့ခေတ်

ဘယ်သွားသွား ဟယ်လို ဟယ် လို နဲ့ ဖုန်းမပါရင် ဘာမှလုပ်တတ်တော့ဘူး စတိုင်နဲ့ 🙂

အဲကနေ ဝုန်းဒိုင်းနဲ့ဆင်းကဒ် ၁၅၀၀ ကျပ်ဆိုတော့ အိပ်မက်တွေ ဖြစ်ကုန်တာ ဘဘ သိန်းခေတ်ပေါ့ 🙂

အိုး ဘာပြောကောင်းမလဲ တယောက်ကို ဘယ်နှစ်ကဒ် ကိုင်မှန်းမသိဘူး ခါးမှာ ဘယ်ညာ ထိုး ကြတာ ရူးတာလဲ မပြောနဲ့ ကျမ အပေါ်ကပြောသလို တုံချမ်ခေတ်ကလူတွေကိုး 🙂

ကျမ အပါအဝင် အမျိုးသမီးတွေတော့ ဆွဲလိုက်တဲ့ ဆယ်လ်ဖီ လက်မောင်းတောင်နာတယ် သုံးလိုက်တဲ့ fb မျက်စိတွေပြာလို့အပြစ်မတင်နဲ့၊ တုံချမ် ခေတ်က လာကြတာလေ 🙂

အဲ လို တက်နော်လော်ဂျီ ပြောင်းသလို မဆလခေတ် စစ်အစိုးရခေတ် ဒီမိုခေတ်တို့ကို အဆင့်ဆင့်ဖြတ်သန်းရင်း အသက်တွေ အတော်ရ ပြီ ခေတ်လဲစုံပြီ

အဲတော့ ပြောချင်တာက . . အသက်တွေ မွေးနေ့၊ သက္ကရာဇ်တွေ မမေးနဲ့ တုံချမ် ခေတ်က မွေးတာ ဆို သဘောပေါက် 🙂

မူရင်း Phwe Phwe Kyaw’s post မှ ပြန်လည်မျှဝေဖော်ပြပါသည်။ လေးစားစွာ ခရက်ဒစ်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *