“အနှစ် ၂၀ကျော် နိုင်ငံရပ်ခြားမှာအလုပ်လုပ်ရင်း သားသမီးတွေကိုထောက်ပံ့ပေးခဲ့တဲ့မိခင်အား အလုပ်အတည်အကျရှိလာတဲ့အခါ ကိုယ်တိုင်သွားပြန်ခေါ်လာခဲ့တဲ့ သားလိမ္မာ”

“အနှစ် ၂၀ကျော် နိုင်ငံရပ်ခြားမှာအလုပ်လုပ်ရင်း သားသမီးတွေကိုထောက်ပံ့ပေးခဲ့တဲ့မိခင်အား အလုပ်အတည်အကျရှိလာတဲ့အခါ ကိုယ်တိုင်သွားပြန်ခေါ်လာခဲ့တဲ့ သားလိမ္မာ”


မကြာသေးမီက သူ့အမေကို အရမ်းချစ်တဲ့သားတစ်ယောက်ရဲ့ဒီဇာတ်လမ်းဟာကြားသိရသူတိုင်းကိုဝမ်းသာစေခဲ့ပြီး သူဟာအမေဖြစ်သူအတွက် “ပြန်ပေးဆပ်ရမယ့်အချိန်” ရောက်လာပြီဆိုတာကိုလည်း ကောင်းကောင်းသိနေခဲ့ပါတယ်။ အဆိုပါ Hans Alcanzare အမည်ရှိအမျိုးသားကသူ့မွေးချင်းခြောက်ယောက်အတွက်အမေဖြစ်သူရဲ့ပေးဆပ်မှုတွေအားလုံးအတွက် ကျေးဇူးတင်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ချစ်စရာကောင်းပြီး နွေးထွေးစေမယ့်စာတစ်စောင်ကိုမျှဝေခဲ့ပါတယ်။

သူဟာ အစပိုင်းမှာတော့ ကြေကွဲဝမ်းနည်းမှုတွေ ခံစားခဲ့ရပြီး သူတို့အမေက ဟောင်ကောင်မှာ အလုပ်သွားလုပ်နေရတဲ့အကြောင်းရင်းကိုနားမလည်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အမေဖြစ်သူက နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့စဉ်က Hans ဟာ ၆ နှစ်အရွယ်သာ ရှိပါသေးတယ်။ သို့ပေမဲ့ မိခင်ဖြစ်သူဟာ ထိုစဉ်က၎င်းတို့ကိုထားခဲ့ပြီး ၎င်းတို့ရဲ့ပညာရေးအတွက် လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်တာက သူမ ကွယ်လွန်မဲ့အချိန်ရောက်လာရင် ၎င်းတို့ဘဝကိုအောင်မြင်အောင်ကူညီပေးနိုင်မယ့်တစ်ခုတည်းသောအရာပဲလို့ ပြောကြားခဲ့ပါတယ်။

Hans က ဖိလစ်ပိုင်မှာကျန်ခဲ့တဲ့ ၎င်းတို့မောင်နှမရဲ့အခြေအနေက အဆင်မပြေမှုများစွာရှိနေပေမဲ့ အကယ်လို့သာ မိခင်ဖြစ်သူကအလုပ်လုပ်နေရင်း ၎င်းတို့ထံမှ ဝမ်းနည်းစရာသတင်းမျိုးလက်ခံရရှိလိုက်ပြီး စိတ်မသက်မသာဖြစ်သွားမှာကို ပိုစိုးရိမ်နေခဲ့တာကြောင့် ၎င်းတို့မောင်နှမဟာ အတတ်နိုင်ဆုံးအဆင်ပြေအောင်နေခဲ့ကြကြောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အနှစ် ၂၀လောက်ကြိုးစားရုန်းကန်အနစ်နာခံပြီးတဲ့နောက်မှာတော့ Hans ကသူ့ရဲ့ချစ်လှစွာသော အမေအတွက် “ဘွဲ့ယူရမဲ့နေ့ ရောက်လာပြီ၊အမေအိမ်ပြန်ချိန်ရောက်ပြီ ” လို့ဆိုကာ ဟောင်ကောင်မှာရှိနေတဲ့မိခင်ဖြစ်သူကို ကိုယ်တိုင်သွားခေါ်ပြန်လာခဲ့ပါတယ်။


မိခင်ဖြစ်သူဟာ သူမရဲ့အနစ်နာခံမှုတွေကြောင့် လက်ရှိ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီဖြစ်တဲ့သားသမီးများကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့တဲ့အတွက် သူမဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး အလုပ်များနေခဲ့ရပါတယ်။ ယခုအခါ သူမရဲ့သားသမီးများကလည်း လက်မှတ်ရ ပြည်သူ့စာရင်းကိုင်၊ လိုင်စင်ရ ဆရာ၊မှတ်ပုံတင်ထားသော သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် သားဖွားဆရာမ၊ မြို့ပြအင်ဂျင်နီယာ၊ မှတ်ပုံတင်ဆရာကြီး ရေပိုက်သမားနှင့် သတင်းအချက်အလက် နည်းပညာရှင်စတဲ့ ကိုယ်ပိုင်အလုပ်အသီးသီးရှိနေကြပြီဖြစ်ပါတယ်။

Hans ဟာ ငွေကြေးပြတ်လပ်နေချိန်၌ မိခင်အား ထောက်ပံ့ရန်ရှိနေပေးတဲ့မိခင်၏သူငယ်ချင်းများနှင့် ၎င်းတို့ရဲ့လိုအပ်ချက်များအတွက် ၎င်းတို့ထံငွေလွှဲပေးနိုင်ရန် မိခင်ဖြစ်သူအားငွေကြိုပေးထားသည့် မိခင်ရဲ့အလုပ်ရှင် Mr. Lee ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။သို့ပေမယ့် အရေးကြီးဆုံးကတော့ Hans ဟာ သူမရဲ့ စွန့်လွှတ်အနစ်နာခံမှုများ ၊ ၎င်းတို့နဲ့ ဝေးကွာခဲ့ရတဲ့ နှစ် 20 ကြာ အထီးကျန်ညတွေမှာ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ ဆန္ဒရှိနေခဲ့တဲ့မွေးမိခင်ကျေးဇူးရှင်အတွက် အထူးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

Hans ဟာ ” ဒီနေ့က အမေရဲ့ဘွဲ့ယူတဲ့နေ့ပဲ၊ အမေ! ၊ အိမ်ပြန်ချိန်ရောက်ပြီအမေရယ်၊ အခုတော့ အမေကပြန်ပေးဆပ်ခံရမဲ့အချိန်ရောက်လာပြီ”ဟုဆိုကာ သားသမီးတွေကိုထောက်ပံ့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြသတဲ့ ကျေးဇူးတင်တဲ့ သင်္ကေတအနေနဲ့ Hans ဟာ သူမအား ကုန်ကျစရိတ်မကုန်ကျတဲ့ အာဆီယံခရီးစဉ်ကို ခေါ်သွားဖို့ပါစီစဉ်ကာ မိခင်ဖြစ်သူအား အံ့အားသင့်စေခဲ့ပါသေးတယ်။

crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *