8.10.2023 နေ့ မိုးလေဝသ ခန့်မှန်းချက်နှင့် မြန်မာနိုင်ငံတောင်ပိုင်းက လေဖိအားနည်းချိုင့်ဝှမ်းကြီး

8.10.2023 နေ့ မိုးလေဝသ ခန့်မှန်းချက် မြန်မာနိုင်ငံတောင်ပိုင်းမှာ လေဖိအားနည်းချိုင့်ဝှမ်းဖြစ်ပေါ်နေသလို ချင်းပြည်နယ်မှာလည်း ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပါတယ် အဆိုပါ လေဖိအားနည်း ရပ်ဝန်းကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးဆက်လက်များနေနိုင်ပါမယ်။

ကျန်တိုင်းဒေသကြီးတွေမှာ နေရာကျဲကျဲမိုးရွာနိုင်ပါတယ်။ နောက်၂ရက်အတွက် စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း ချင်းပြည်နယ် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု့ လျှော့နည်းမှာဖြစ်ပါတယ်။ ၁၁ရက်နေ့မှာ စတင်ဖြစ်ပေါ်လာမယ့် ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်းလေစိုင်ဝဲအရှိန်ကြောင့် ၁၁ရက်နေ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးများလာအုံးမှာဖြစ်ပါတယ်။

တဖန် တောင်တရုတ်ပင်လယ်အတွင်းမှာလည်း နောက်ထပ် အလွန်အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခု ၁၄ရက်နေ့မှာ စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး အနောက်မြောက်ဘက် မြန်မာနိုင်ငံဆီကို ဦးတည်လာနိုင်တယ်လို့ ကနဦးခန့်မှန်းထားကြပါတယ်။ မြန်မာနိုင်ငံအထိ မရောက်ရှိနိုင်ပေမယ့် မုန်တိုင်းအကျိုးသက်ရောက်မှု့ကတော့ ရှိလာအုံးမှာဖြစ်ပါတယ်။ ဘယ်အတိုင်အတာ ဘယ်လိုထိသက်ရောက်မယ်ဆိုတာတော့ လောလောဆယ် ခန့်မှန်းလို့မရသေးပါ။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ။

8.10.2023 ေန႔ မိုးေလဝသ ခန႔္မွန္းခ်က္ ျမန္မာႏိုင္ငံေတာင္ပိုင္းမွာ ေလဖိအားနည္းခ်ိဳင့္ဝွမ္းျဖစ္ေပၚေနသလို ခ်င္းျပည္နယ္မွာလည္း ကုန္းတြင္းေလဖိအားနည္းရပ္ဝန္းျဖစ္ေပၚေနပါတယ္ အဆိုပါ ေလဖိအားနည္း ရပ္ဝန္းေၾကာင့္ တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ ရွမ္းျပည္နယ္၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ မႏၲေလးတိုင္း၊ ကခ်င္ျပည္နယ္ေတြမွာ မိုးဆက္လက္မ်ားေနႏိုင္ပါမယ္။

က်န္တိုင္းေဒသႀကီးေတြမွာ ေနရာက်ဲက်ဲမိုး႐ြာႏိုင္ပါတယ္။ ေနာက္၂ရက္အတြက္ စစ္ကိုင္းတိုင္းေအာက္ပိုင္း မေကြးတိုင္း ခ်င္းျပည္နယ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ မိုး႐ြာသြန္းမႈ႕ ေလွ်ာ့နည္းမွာျဖစ္ပါတယ္။ ၁၁ရက္ေန႔မွာ စတင္ျဖစ္ေပၚလာမယ့္ ဘဂၤလားပင္လယ္ေအာ္အတြင္းက ေလဖိအားနည္းရပ္ဝန္းေလစိုင္ဝဲအရွိန္ေၾကာင့္ ၁၁ရက္ေန႔ေနာက္ပိုင္းမွာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မိုးမ်ားလာအုံးမွာျဖစ္ပါတယ္။

တဖန္ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာလည္း ေနာက္ထပ္ အလြန္အားေကာင္းတဲ့ေလဖိအားနည္းရပ္ဝန္းတစ္ခု ၁၄ရက္ေန႔မွာ စတင္ျဖစ္ေပၚလာမွာျဖစ္ၿပီး အေနာက္ေျမာက္ဘက္ ျမန္မာႏိုင္ငံဆီကို ဦးတည္လာႏိုင္တယ္လို႔ ကနဦးခန႔္မွန္းထားၾကပါတယ္။ ျမန္မာႏိုင္ငံအထိ မေရာက္ရွိႏိုင္ေပမယ့္ မုန္တိုင္းအက်ိဳးသက္ေရာက္မႈ႕ကေတာ့ ရွိလာအုံးမွာျဖစ္ပါတယ္။ ဘယ္အတိုင္အတာ ဘယ္လိုထိသက္ေရာက္မယ္ဆိုတာေတာ့ ေလာေလာဆယ္ ခန႔္မွန္းလို႔မရေသးပါ။ မိဘျပည္သူမ်ား ကိုယ္စိတ္ႏွစ္ပါး ႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။

Be the first to comment

Leave a Reply

Your email address will not be published.


*