7.10.2023 တစ်နိုင်ငံလုံး မိုးများမယ့် မိုးလေဝသ အခြေအနေ

7.10.2023 မိုးလေဝသ အခြေအနေ


မြန်မာနိုင်ငံတောင်ပိုင်းမှာ အရှေ့ဘက်က ဝင်ရောက်လာတဲ့ လေဖိအားနည်းရပ်ဝန်း လေစိုင်ဝဲဟာဆိုရင် ကယား ကရင်ပြည်နယ်တို့ကို ဖြတ်သန်းပြီး ရန်ကုန်တိုင်းဒေသကြီးမှ မုတ္တမပင်လယ်ကွေ့အတွင်း ရွေ့လျှားနေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်းမြောက်ဘက်မှာလည်း အိန္ဒိယနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်အတွင်း ရွေ့လျှားလာတဲ့ လေဖိအားနည်းလေစိုင်ဝဲကြီးရဲ့ အရှိန်အဟုန်ကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်တွေ မိုးကြီးနိုင်ပါတယ်။

အရှေ့ဘက်ကရွှေ့လျှားလာတဲ့ လေဖိအားနည်းလေစိုင်ဝဲကြီးဟာဆိုရင် လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းလေစိုင်ဝဲကြီးကြောင့် ကရင် ကယား ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း တို့မှာ မိုးအလွန့်အလွန်များပြားစွာရွာသွန်းနိုင်ပြီး ဘင်္ဂလားဘက်ကလာတဲ့ လေစိုင်ဝဲအရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ မိုးရွာမှာဖြစ်ပါတယ်။

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီးတို့မှာလည်း နေရာစိပ်စိပ် မိုးရွာသွန်းနေမှာဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းဟာ တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက်ပျက်ပြယ်သွားမှာဖြစ်ပီး အဆိုပါမုန်တိုင်းအရှိ၊ နောက်ထပ်ဆက်တိုက်ဖြစ်ပေါ်လာမယ့် အားကောင်းတဲ့ တောင်တရုတ်ပင်လယ်ပြင်ကြ တိုင်ဖွန်းမုန်တိုင်းနဲ့ မြန်မာနိုင်ငံ အနောက်တောင်ဘက်မှာ ဆက်လက်တည်ရိနေမယ့် လေဖိအားနည်လေစိုင်ဝိုင်ကြီးအရှိန်တွေကြောင့် အောက်တိုဘာလ လလယ်ပိုင်ဟာ တစ်နိုင်ငံလုံးမိုးများနေအုံးမှာဖြစ်သလို တစ်ချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးတာ၊ ရေကြီးတာ မြေပြိုတာတွေဖြစ်နိုင်ပါတယ်။

အယ်နီညိုအရှိန်တွေကြောင့် မိုးနှောင်းကာလမှာ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးရွာသွန်းမှု့လွန်ကဲခြင်းတွေကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့အလုပ်အကိုင်များကို မိုးလေဝသသတင်းများကို လေ့လာပြီး လုပ်သင့်တဲ့အလုပ်တွေကို လုပ်သင့်တဲ့အချိန်မှာ ချိန်ဆလုပ်ကိုင်ကြမှ ပျက်ဆီးဆုံးရှုံးမှု့များ သက်သာမှာဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ်။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေဗျာ





Author: admin

Leave a Reply

Your email address will not be published. Required fields are marked *