ေၾကာ့ေမာ့ေနတဲ့ ကြၽန္မတို႔ေလယာဥ္မယ္ေတြရဲ႕ ကန႔္လန႔္ကာေနာက္ကြယ္က ဇာတ္ေၾကာင္း

ေၾကာ့ေမာ့ေနတဲ့ ကြၽန္မတို႔ေလယာဥ္မယ္ေတြရဲ႕ ကန႔္လန႔္ကာေနာက္ကြယ္က ဇာတ္ေၾကာင္း

အများအမြင်မှာ အရမ်းစမတ်ကျပြီး လန်းနေတဲ့ ကျွန်မတို့ လေယာဉ်မယ်တွေရဲ့ ကန့်လန်ကာနောက်ကွယ်မှာ ဒီလိုလေးတွေ ရှိပါတယ်မောင်။Cv form စဖြည့်တဲ့အချိန်ကတည်းက စာလုံးတွေအကုန် အကြီးနဲ့မဖြည့်မိရင် အော်တိုပယ်စာရင်းထဲရောက်သွားပြီး ဖြစ်ချင်တဲ့ လေယာဉ်မယ် အလုပ်ကလည်း ဘယ်ဆီနေမှန်းတောင် မသိလိုက်ရပါမောင်။

လူတွေ့စစ်ဆေးတဲ့အချိန်မှာလည်း ဘာမှန်းမသိမေးတဲ့မေးခွန်းတွေကိုလည်း ရွှီရှောင်ပြီးဖြေနိုင်အောင် ဉာဏ်ကိုလည်း လွှာလွှာပြီးသုံးရပါတယ်မောင်။

အရပ် ၅ပေ ၃လက်မ ကျော်ကျော်၊ အသက်ကလည်း ပြည့်၊ မျက်မှန်မတပ်ရဘဲ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်၊ ရုပ်ရည်လေးလည်းအတန်အသင့် (မောင့်မျက်လုံးထဲ ဘယ်လိုမြင်မလဲမသိပေမဲ့ ကိုယ့်ဘာသာတော့ ကြည့်ပျော်ရှုပျော်လို့ပဲ မြင်တယ်မောင်။) နဲ့ သူတို့သတ်မှတ်ထားတဲ့အချက်တွေ ပြည့်စုံနေပေမဲ့ ရေမကူးတတ်ရင်ပယ်ပစ်တယ်တဲ့မောင်။

အဲ့တော့ (၆) ပေနက်ပြီး (၂၅) မီတာအကျယ်မှာ အသွားအပြန်ရေကူးရပါတယ်မောင်။ (မကူးရဲလို့ ရေကန်ဘေးမှာထိုင်ငိုနေတဲ့ လူတွေနဲ့ တစ်ဝက်မှာမြုပ်သွားတဲ့လူတွေထဲ ပါမသွားလို့ ဂုဏ်ယူလိုက်ပါမောင်။)

အဲ့အချိန်မှာ မှတ်ပုံတင်ပါမလာရင်လည်း အဆူခံကအကြီးကြီး ထိသေးတယ်လေ။ ဒီဒုက္ခတွေအကုန်ကျော်ကာ အခု ကျွန်မလေယာဉ်မယ်ဖြစ်နေပြီမောင်။ လေဟုန်ကြီး စမတ်ကျကျစီးချင်တဲ့ အိမ်မက်လေးအကောင်အထည်ပေါ်သွားပေမဲ့ အဲ့နောက်ဆက်တွဲတွေကလည်း မလွယ်လှပါဘူးမောင်။

ဆံထုံးကို ကျစ်နေအောင်ထုံးပြီး သနပ်ခါးကြောင်ချီးတောင် သိပ်မကပ်ခဲ့တဲ့မျက်နှာမှာ မိတ်ကပ်ပါးပါးလေး အမြဲရှိနေရပါတယ်မောင်။ (မျက်ခုံးမျှော့ကပ်ဆိုလည်း အပြောခံထိတာမို့ တစ်ကိုယ်ရည်မိတ်ကပ်သင်တန်းဆိုလား အဲ့ဒါလည်း အယောင်ယောင်အမှားမှားနဲ့ သွားတက်ခဲ့ရပါတယ်မောင်။)

အိမ်မှာတစ်ဖြဲနှစ်ဖြဲစားခဲ့သမျှ ကိုယ်တိုင်းချုပ်ထားတဲ့ဝတ်စုံ မတော်တော့မှာစိုးလို့ အမြဲ ကျစ်ကျစ်လျစ်လျစ်ဖြစ်နေအောင် အစားတွေလည်းတတ်နိုင်သလောက် လျှော့ရပါတယ်မောင်။ရာသီဥတုအေးနေတဲ့အချိန် ကပ်တိုးလေးတွေရေမချိုးခဲ့သမျှ အခုဆို Flight (လေယာဉ်ချိန်) ညဉ့်သန်းခေါင်ရှိတယ်ဆိုရင်လည်း ဖုတ်ဖတ်ခါထချိုးရပါတယ်မောင်။

အအိပ်မက်လွန်းလို့ မောင်နဲ့တောင် မနက်စောစောဘုရားမတက်ဖြစ်တဲ့ကျွန်မ မနက် (၃) နာရီလောက်လည်း Flight ရှိတယ်ဆို ကုန်းရုန်းထတတ်နေပြီဆိုတာ သိစေချင်လှပြီ မောင်။

အရင်က ပြာကလပ်စိန်ပြီး ဟိုကျန်ဒီကျန်ဖြစ်ခဲ့သလောက် အခုဆို ဆံထုံးကလစ်ကအစ တစ်ခုမကျန်သေချာသိမ်းတတ်နေပြီမောင်။ (ဆံပင်တစ်မွှေးကျရင်တောင် ကမ္ဘာပျက်နေတဲ့ စီစီမမတွေကို ကြောက်တယ်လေ။)

မောင်နဲ့ မနက်တွေ့ဖို့ချိန်းထားပြီး ရုတ်တရက် Flight ဆိုရင် ထလိုက်သွားရမဲ့ ကျွန်မကို စိတ်မကောက်ပါနဲ့၊ နားလည်ပေးပါမောင်။ ပြန်ရောက်လာတဲ့အချိန်မှာတောင် ပင်ပန်းလို့ အချိန်မပေးနိုင်သေးရင်လည်း ကျွန်မရှိတဲ့နေရာကို အပြေးလာတွေ့ပေးပါမောင်။ (ကျွန်မလည်းထပ်တူလွမ်းနေလို့ပါ။)

အိမ်မှာနေရင်း စိတ်မကြည်တဲ့အချိန် မျက်နှာ (၁၆) ခေါက်ချိုးလောက်နေပေမဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါ အစွမ်းကုန်ပြုံးနေရပါတယ်မောင်။ (မောင်နဲ့စိတ်ကောက်ရင်လည်း ပြုံးနေတဲ့ပုံတွေမြင်ရင် အထင်မလွဲနဲ့ မောင်။ နှုတ်ခမ်းက ပြုံးနေပေမဲ့ ရင်ဘတ်ကငိုနေရတဲ့ ကျွန်မဘဝကို နားလည်ပေးပါမောင်။)

နောက်ဆုံး မောင်က ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့အချိန် လက်ခံခဲ့ပြီးတောင် ချက်ချင်းလက်မထပ်နိုင်တဲ့ ကျွန်မဘဝကို နားလည်ပေးပါမောင်။ စာချုပ်အရ လက်မထပ်နိုင်သေးတဲ့ ကျွန်မအနေအထားကို မောင်လည်းလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်မောင်။ ဒါကတော့ ကျွန်မတို့ လေယာဉ်မယ်တွေရဲ့ ဘဝအကြောင်းတစ်စေ့တစ်စောင်းပါမောင်။ မောင်နားလည်ပါစေ။crd

ေၾကာ့ေမာ့ေနတဲ့ ၾကၽႏၼတို႔ေလယာၪၼယ္ေၾတရဲ႕ ကန႔ႅန႔ၠာေနာၾကၠယၠ ဇာတ္ေၾကာင္း

အမ်ားအျမင္မွာ အရမ္းစမတ္က်ၿပီး လန္းေနတဲ့ ကြၽန္မတို႔ ေလယာဥ္မယ္ေတြရဲ႕ ကန႔္လန္ကာေနာက္ကြယ္မွာ ဒီလိုေလးေတြ ရွိပါတယ္ေမာင္။Cv form စျဖည့္တဲ့အခ်ိန္ကတည္းက စာလုံးေတြအကုန္ အႀကီးနဲ႔မျဖည့္မိရင္ ေအာ္တိုပယ္စာရင္းထဲေရာက္သြားၿပီး ျဖစ္ခ်င္တဲ့ ေလယာဥ္မယ္ အလုပ္ကလည္း ဘယ္ဆီေနမွန္းေတာင္ မသိလိုက္ရပါေမာင္။

လူေတြ႕စစ္ေဆးတဲ့အခ်ိန္မွာလည္း ဘာမွန္းမသိေမးတဲ့ေမးခြန္းေတြကိုလည္း ႐ႊီေရွာင္ၿပီးေျဖႏိုင္ေအာင္ ဉာဏ္ကိုလည္း လႊာလႊာၿပီးသုံးရပါတယ္ေမာင္။

အရပ္ ၅ေပ ၃လက္မ ေက်ာ္ေက်ာ္၊ အသက္ကလည္း ျပည့္၊ မ်က္မွန္မတပ္ရဘဲ က်န္းမာေရးလည္း ေဒါင္ေဒါင္ျမည္၊ ႐ုပ္ရည္ေလးလည္းအတန္အသင့္ (ေမာင့္မ်က္လုံးထဲ ဘယ္လိုျမင္မလဲမသိေပမဲ့ ကိုယ့္ဘာသာေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္လို႔ပဲ ျမင္တယ္ေမာင္။) နဲ႔ သူတို႔သတ္မွတ္ထားတဲ့အခ်က္ေတြ ျပည့္စုံေနေပမဲ့ ေရမကူးတတ္ရင္ပယ္ပစ္တယ္တဲ့ေမာင္။

အဲ့ေတာ့ (၆) ေပနက္ၿပီး (၂၅) မီတာအက်ယ္မွာ အသြားအျပန္ေရကူးရပါတယ္ေမာင္။ (မကူးရဲလို႔ ေရကန္ေဘးမွာထိုင္ငိုေနတဲ့ လူေတြနဲ႔ တစ္ဝက္မွာျမဳပ္သြားတဲ့လူေတြထဲ ပါမသြားလို႔ ဂုဏ္ယူလိုက္ပါေမာင္။)

အဲ့အခ်ိန္မွာ မွတ္ပုံတင္ပါမလာရင္လည္း အဆူခံကအႀကီးႀကီး ထိေသးတယ္ေလ။ ဒီဒုကၡေတြအကုန္ေက်ာ္ကာ အခု ကြၽန္မေလယာဥ္မယ္ျဖစ္ေနၿပီေမာင္။ ေလဟုန္ႀကီး စမတ္က်က်စီးခ်င္တဲ့ အိမ္မက္ေလးအေကာင္အထည္ေပၚသြားေပမဲ့ အဲ့ေနာက္ဆက္တြဲေတြကလည္း မလြယ္လွပါဘူးေမာင္။

ဆံထုံးကို က်စ္ေနေအာင္ထုံးၿပီး သနပ္ခါးေၾကာင္ခ်ီးေတာင္ သိပ္မကပ္ခဲ့တဲ့မ်က္ႏွာမွာ မိတ္ကပ္ပါးပါးေလး အၿမဲရွိေနရပါတယ္ေမာင္။ (မ်က္ခုံးေမွ်ာ့ကပ္ဆိုလည္း အေျပာခံထိတာမို႔ တစ္ကိုယ္ရည္မိတ္ကပ္သင္တန္းဆိုလား အဲ့ဒါလည္း အေယာင္ေယာင္အမွားမွားနဲ႔ သြားတက္ခဲ့ရပါတယ္ေမာင္။)

အိမ္မွာတစ္ၿဖဲႏွစ္ၿဖဲစားခဲ့သမွ် ကိုယ္တိုင္းခ်ဳပ္ထားတဲ့ဝတ္စုံ မေတာ္ေတာ့မွာစိုးလို႔ အၿမဲ က်စ္က်စ္လ်စ္လ်စ္ျဖစ္ေနေအာင္ အစားေတြလည္းတတ္ႏိုင္သေလာက္ ေလွ်ာ့ရပါတယ္ေမာင္။ရာသီဥတုေအးေနတဲ့အခ်ိန္ ကပ္တိုးေလးေတြေရမခ်ိဳးခဲ့သမွ် အခုဆို Flight (ေလယာဥ္ခ်ိန္) ညဥ့္သန္းေခါင္ရွိတယ္ဆိုရင္လည္း ဖုတ္ဖတ္ခါထခ်ိဳးရပါတယ္ေမာင္။

အအိပ္မက္လြန္းလို႔ ေမာင္နဲ႔ေတာင္ မနက္ေစာေစာဘုရားမတက္ျဖစ္တဲ့ကြၽန္မ မနက္ (၃) နာရီေလာက္လည္း Flight ရွိတယ္ဆို ကုန္း႐ုန္းထတတ္ေနၿပီဆိုတာ သိေစခ်င္လွၿပီ ေမာင္။

အရင္က ျပာကလပ္စိန္ၿပီး ဟိုက်န္ဒီက်န္ျဖစ္ခဲ့သေလာက္ အခုဆို ဆံထုံးကလစ္ကအစ တစ္ခုမက်န္ေသခ်ာသိမ္းတတ္ေနၿပီေမာင္။ (ဆံပင္တစ္ေမႊးက်ရင္ေတာင္ ကမာၻပ်က္ေနတဲ့ စီစီမမေတြကို ေၾကာက္တယ္ေလ။)

ေမာင္နဲ႔ မနက္ေတြ႕ဖို႔ခ်ိန္းထားၿပီး ႐ုတ္တရက္ Flight ဆိုရင္ ထလိုက္သြားရမဲ့ ကြၽန္မကို စိတ္မေကာက္ပါနဲ႔၊ နားလည္ေပးပါေမာင္။ ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာင္ ပင္ပန္းလို႔ အခ်ိန္မေပးႏိုင္ေသးရင္လည္း ကြၽန္မရွိတဲ့ေနရာကို အေျပးလာေတြ႕ေပးပါေမာင္။ (ကြၽန္မလည္းထပ္တူလြမ္းေနလို႔ပါ။)

အိမ္မွာေနရင္း စိတ္မၾကည္တဲ့အခ်ိန္ မ်က္ႏွာ (၁၆) ေခါက္ခ်ိဳးေလာက္ေနေပမဲ့ ခရီးသည္ေတြကို ဝန္ေဆာင္မႈေပးတဲ့အခါ အစြမ္းကုန္ၿပဳံးေနရပါတယ္ေမာင္။ (ေမာင္နဲ႔စိတ္ေကာက္ရင္လည္း ၿပဳံးေနတဲ့ပုံေတြျမင္ရင္ အထင္မလြဲနဲ႔ ေမာင္။ ႏႈတ္ခမ္းက ၿပဳံးေနေပမဲ့ ရင္ဘတ္ကငိုေနရတဲ့ ကြၽန္မဘဝကို နားလည္ေပးပါေမာင္။)

ေနာက္ဆုံး ေမာင္က ကြၽန္မကို လက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္ လက္ခံခဲ့ၿပီးေတာင္ ခ်က္ခ်င္းလက္မထပ္ႏိုင္တဲ့ ကြၽန္မဘဝကို နားလည္ေပးပါေမာင္။ စာခ်ဳပ္အရ လက္မထပ္ႏိုင္ေသးတဲ့ ကြၽန္မအေနအထားကို ေမာင္လည္းလက္ခံေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္ေမာင္။ ဒါကေတာ့ ကြၽန္မတို႔ ေလယာဥ္မယ္ေတြရဲ႕ ဘဝအေၾကာင္းတစ္ေစ့တစ္ေစာင္းပါေမာင္။ ေမာင္နားလည္ပါေစ။crd

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *