

ကျော်..နေတဲ့ မြို့ဟုခေါ်ပါသည်

မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့…!!ဝက်သားဒုတ်ထိုးကို ထမင်းလွတ်စားသောမြို့…!!ကားဝယ်ပီးရင် ဘုရားကြီးနဲ့ ဘိုးဘိုးကြီးကို ဦးတိုက်သောမြို့…!!ဘုရားပွဲဆိုဇာတ်စင်ကို လမ်းပိတ်ဆောက်တတ်သောမြို့…!!ကိုလေးဖြူ ရိုးူပွဲ ဆိုရင် အချုပ်ကားပါ အဆင်သင့် ကားထိုးထားရသောမြို့…!!

မိုးရွာရင် အလုပ်မလုပ်သောမြို့…!!သံဃာထု့အင်အား ကြီးမားသောမြို့…!!ရပ်ကွက်တိုင်းလိုလိုမှာ ဓမ္မာရုံ ဘုံဆွမ်းလောင်းအသင်း တွေရှိ့သောမြို့…သြင်္ကန်ချိန်ဆို စတုဒီသာတွေအပေါဆုံးမြို့…!!မီးနီမိရင်ကိုယ့်ပွိုင့် ကိုယ်မကြည့်ပဲ အခြားပွိုင့်မီးဝါနေပီ ဆိုဖြတ်ကူးတတ်သောမြို့…!!

ယာဉ်စည်းကမ်းကို နားလည်မှုနဲ့မောင်းနေသောမြို့…!!လမ်းမသိလို့ မေးရင် အရှေ့ /အနောက် တောင် မြောက် ညွှန်းသုံးတတ်တဲ့မြို့…!!ခြင်အပေါဆုံးမြို့…!!

မင်္ဂလာဆောင် ရှေ့ပြေးဆိုင်ကယ်များ ရှေ့ဘီးထောင် စတန့်ပြတဲ့မြို့…!!ကွမ်းယာဆိုင်အပေါဆုံး ကွမ်းစားသူအများဆုံးမြို့…
ပဲပင်ပေါက်ကို တိုရလို့ခေါ်တဲ့မြို့…!!ရပ်ကွက်ဘုရားပွဲတိုင်း အိမ်တိုင်းစေ့ အပြိုင်အဆိုင်ဧည့်ခံကျွေးမွေးတတ်တဲ့မြို့…!!

တစ်လမ်းမောင်းများမှာ one way ဆိုင်းဘုတ်ဖြုတ်ပီး မမြင်ကွယ်ရာက မော်တော်ပီကယ် စောင့်ဖမ်းတဲ့မြို့…!!မော်တော်ပီကယ် check pointရှိတဲ့အခါ check မတိုင်ခင်တစ်ပြအလိုက အဖမ်းမခံရအောင်သေချာထိုင်စောင့်ပြီး ကိုယ့်အချင်းချင်း သိသိ မသိသိ သတိပေးတတ်တဲ့မြို့…!!

ဧရာဝတီမြစ်အရှေ့ဖက် ကမ်းပေါ်မြို့တည်ထားပီး ရေကြောက်တတ်သော မြို့သူမြို့သားတွေနေတဲ့မြို့…!!သားစဉ်မြေးဆက် မိရိုးဖလာလုပ်ငန်းကိုသာ လုပ်ကိုင်ရန်ဆန္ဒရှိသောမြို့…!! (ဝန်ထမ်းလုပ်ရန်ဝါသနာမပါကြ)

စက်ဘီးကိုဈေးကြီးဝယ်ပီး အချိန်ပေးစီးတတ်သောမြို့သားတွေရှိ့တဲ့မြို့ …!!မိုးအေးပီဆို အနွေးထည်ဝတ် ရှိုးထုတ်သောမြို့…!!
ကမ္ဘာကျော် Harley Davidsonဆိုင်ကယ်တွေရှိ့သောမြို့…!!အခါကြီးရက်ကြီးတိုင်း တစ်မြို့လုံးနီးပါး ပြင်ဦးလွင်တက်အပန်းဖြေကြတဲ့မြို့..!!

ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ဆို လမ်းမများပေါ် စက္ကူများကျဲတဲ့မြို့…!!မြန်မာနိုင်ငံကမြို့တွေထဲမှာ ကိုယ်ပိုင်နာမည်နဲ့ ဘီယာထုတ်သောမြို့…!!(Mandalay Beer)မှတ်ချက်-(မန်းလေးသားများ မန်းလေးဘီယာမသောက်ကြပါ)

သြင်္ကန်မကျခင် ကျုံးဘေးမှာတစ်ပတ် လောက်ကြိုပီးရေပက်သောမြို့…!!တန်ဆောင်မုန်းလဆို ကလေးလူကြီးမကျန် ဖဲရိုက်တတ်သောမြို့…!!ဘယ်လောက်နေပူပူ ဆိုင်ကယ်နဲ့ဆို မညည်းညူတတ်သည်အထိ ဆိုင်ကယ်ကြိုက်တဲ့မြို့…!!

ညနေဆို ဆိုင်ကယ် Showroomအလား အောက်မေ့ရတဲ့ ဘီယာဆိုင်တွေရှိ့တဲ့မြို့…!!သြင်္ကန်ဆိုရင် တွေ့တဲ့လူ ယွခမ လို့လိုက်ခေါ်တဲ့မြို့ …!!မီးလောင်ရင်မီးသတ်ကားနဲ့အပြိုင် ဆိုင်ကယ်ယှဉ်မောင်းတဲ့မြို့…!!

မြို့ခံတွေက မြို့ပြင်ကိုထွက်နေပေးတဲ့မြို့ အဖြူ.အမဲတွေက မြို့လယ်မှာနေတဲ့မြို့ …!!တောင်ပြုန်းပွဲဆို တစ်နိင်ငံလုံးအခြောက်တွေလာစုတဲ့မြို့…!!မြန်မာနောက်ဆုံးမင်း နန်းဆိုက်ခဲ့တဲ့မြို့ …!!

ဆိုင်ကယ်စီးခွင့်မ၇တဲ့ မြို့ကလူတွေ မနာလိုဖြစ်ရတဲ့မြို့ …!!၁၂လရာသီ ပျော်ပွဲရွှင်ပွဲတွေနဲ့ဆက်နေတဲ့မြို့…!!ဘဲတွေ တော်ကီအကောင်းဆုံးမြို့..…!!စားပါဦးလို့မပြောဘဲ သုံးဆောင်ပါဦးလို့နန်းဆန်ဆန် ခုထိပြောတဲ့မြို့…!!

စားသောက်ပြီး ပိုက်ဆံရှင်းရင် ဘယ်လောက်ကျလဲ လို့မေး တတ်ပြီး စားပွဲထိုးက ၁၅၀၀ကို တစ်ထောင်နဲ့ မှ ငါးရာ လို့ ပြောတတ်တဲ့ မြို့!!မိန်းလေးတွေကျနော်ကျနော်ပြောတဲ့မြို့…!!တရုတ်ပစ္စည်းတွေအပေါဆုံးမြို့…!!

တခြားမြို့ကလူတွေက လိပ်စာမသိလို့မေးရင် အိမ်ထိလိုက်ပို့ကူညီတတ်တဲ့သူတွေနေတဲ့မြို့…!!ညဖက်အိမ်ပြန်နောက်မကျရဲတော့တဲ့မြို့ …!!
ဆက်ဖြည့်ပေးကြပါအုံး …!!

ဝက်သားဒုတ္ထိုးကို ထမင်းလြတ္စားသောမြို့…!!


မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့…!!ဝက်သားဒုတ်ထိုးကို ထမင်းလွတ်စားသောမြို့…!!ကားဝယ်ပီးရင် ဘုရားကြီးနဲ့ ဘိုးဘိုးကြီးကို ဦးတိုက်သောမြို့…!!ဘုရားပွဲဆိုဇာတ်စင်ကို လမ်းပိတ်ဆောက်တတ်သောမြို့…!!ကိုလေးဖြူ ရိုးပွဲ ဆိုရင် အချုပ်ကားပါ အဆင်သင့် ကားထိုးထားရသောမြို့…!!













ဆက်ဖြည့်ပေးကြပါအုံး …!!

Be the first to comment

Leave a Reply

Your email address will not be published.


*