လူတစ်ယောက်ကိုရွေးချယ်တဲ့အခါသင်ဆိုရင် ဘာကိုကြည့်ပြီးရွေးချယ်ဖြစ်မှာလဲ….

လူတစ်ယောက်ကိုရွေးချယ်တဲ့အခါသင်ဆိုရင် ဘာကိုကြည့်ပြီးရွေးချယ်ဖြစ်မှာလဲ….

လူတစ်ယောက်ကို ရွေးတဲ့အခါပေါ့စိတ်ဓာတ်တစ်ခုတည်းကိုပဲ ကြည့်ပြီးရွေးတယ်သူ ပညာတွေဘယ်လောက်တတ်လဲ၊ရာထူးတွေဘယ်လောက်ရှိသလဲ ဆိုတာကို စိတ်မဝင်စားသလိုတစ်လဝင်ငွေဘယ်လောက်ရှိသလဲ၊စည်းစိမ်ဥစ္စာဘာတွေပိုင်လဲဆိုတာမျိုးကတော့ ကိုယ်နဲ့မသက်ဆိုင်တဲ့အပိုင်းလို့ခံစားရလို့ စိတ်ထဲတောင်မထည့်ဖူးပါဘူး..။

နင် ဘယ်လိုလူမျိုးကိုရွေးမလဲတဲ့ အမေးခံရတဲ့အပေါ်ငါကတော့သူကြောင့် ငါသိက္ခာမကျရရင် ရပြီသူကြောင့် ငါမျက်နှာမငယ်ရရင် ရပြီသူကြောင့်စိတ်မညစ်ရရင် လုံလောက်ပြီငါတွေးခေါ်သလို သူလိုက်တွေးခေါ်နိုင်စွမ်းရှိရင်ကို ရပြီလို့ပဲ အမြဲ ပြန်ပြောခဲ့တယ်…။

ကျွန်တော်ကိုယ်တိုင်ကလည်းလူတစ်ယောက်ကိုရွေးချယ်ပြီးရင် ကိုယ်ဘာလုပ်လုပ်အစစအရာရာ သူ့အတွက်ပါစဥ်းစားပေးတတ်တဲ့သူမို့အဲ့လိုလူမျိုးကိုစိတ်ရှည်ရှည်စောင့်မှရမယ်လက်တွေ့ဘဝမှာ အချစ်တစ်ခုတည်းမျက်နှာလိုက်နေလို့မရဘူး..။

လက်တွေ့ဘဝက ဝတ္တုမဟုတ်ဘူးဘယ်တော့မှတစ်ခန်းမရပ်ဘူးလူတစ်ယောက်ဟာ ကိုယ့်ဘဝထဲကို ဝင်လာပါပြီရက်ချစ်တယ်ကြိုက်တယ်ဆိုတာနဲ့တင်မပြီးဘူးတစ်ချိန်မှာ ကိုယ့်မိသားစုထဲကိုသူဝင်ရမယ်သူ့မိသားစုနဲ့ကိုယ်ကော အပ်စပ်မှုရှိရဲ့လားလေ့လာရမယ်..။

အဆုံးတစ်ချိန်မှာ သူဟာ ကိုယ့်ရင်သွေးလေးတွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်လာရမယ့်သူအဲ့အတွက် စိတ်ဓာတ်ကိုပဲ ကြည့်ရွေးတယ်လူတစ်ယောက်ဟာ ကိုယ့်ကိုဘယ်လောက်ချစ်တယ်၊မချစ်ဘူးဆိုတာထက်သူဟာ ကိုယ့်ကိုဘယ်လောက်ပျော်အောင်ထားနိုင်လဲကိုယ့်ဘဝကိုဘယ်လောက်ထိ Supportလုပ်ပေးနိုင်မလဲကိုယ့်အတွေးတွေနဲ့ကိုယ့်အပေါ်ဘယ်လောက်အလေးထားလဲဆိုတာကိုပဲ ပိုစဥ်းစားပါ..။

စိတ်ဓာတ်ပြည့်ဝတဲ့လူတစ်ယောက်က သူ့အနာဂတ်သူဘယ်လိုဆောက်ရမလဲသိလားသူ့Imageကို သူဘယ်လိုထားရမလဲသိတယ်တန်ဖိုးရှိတဲ့လူတစ်ယောက်ကိုပဲလိုချင်တယ်ကိုယ့်ကိုကိုယ်ချစ်တတ်တာမျိုးပေါ့ ကိုယ့်ကိုချစ်တယ်ဆိုတာဒီလုပ်ရပ်မျိုးငါမလုပ်နိုင်ဘူးစည်းတွေကိုငါမချိုးဖောက်ဘူးဆိုတဲ့ ကိုယ့်တန်ဖိုးကို ထိန်းတတ်တဲ့သူမျိုးပေါ့..။

ကိုယ့်ကြောင့်လည်းမင်းကို ဂုဏ်ပဲယူစေရမယ်အဲ့လိုပဲ မင်းကြောင့်လည်း ကိုယ်ဂုဏ်ယူရတာမျိုးပဲ ဖြစ်စေချင်တယ်မကျရှုံးရဘူးဆိုတာမဆိုလိုဘူးကိုယ်ဟာ လောကဓံတွေအကြောင်းသိထားပြီးသားသို့ပေမယ့်စိတ်ဓာတ်မပြည့်ဝတဲ့ကိစ္စတွေကြောင့်ကိုယ်စိတ်ညစ်မခံနိုင်တဲ့အတွက် စိတ်ထားပြည့်ဝတဲ့သူကိုပဲ ရွေးမယ်..။

ဘဝလမ်းကအကြာကြီးလျှောက်ရဦးမှာအခက်ခဲတွေကအများကြီး ကိုယ်တို့စိတ်တွေ ကြည်နေမှအဲ့အခက်အခဲတွေကိုကျော်ဖြတ်နိုင်မှာ…။

Credit

လူတစ်ယောက္ကိုရြေးခ်ယ္တဲ့အခါသင္ဆိုရင် ဘာကိုကြည့်ပြီးရြေးခ်ယ်ျဖစ္မွာလဲ….









Credit

Be the first to comment

Leave a Reply

Your email address will not be published.


*