အသက် ၈၅နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်ရသောအခါ….

အသက် ၈၅နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်ရသောအခါ….

ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါမှာအရမ်းကို အံသြသွားတဲ့ လူတစ်ယောက်ရဲ့ အဖြစ်ပဲဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါမှာ

ရုန်းကန်လှုပ်ရှားဖို့ တော်တော်လေးကို ခက်ခဲပါတယ်။စားရေးသောက်ရေး နေရေးထိုင်ရေးအတွက်တစ်ကိုယ် တည်း ရှာဖွေဖို့ဆိုတာ ပိုခက်ခဲပါတယ်။ ယခုလို ခက်ခဲတဲ့ကြားက အသက် ၈၅ နှစ်အရွယ်အဖွားအိုတစ်ယောက်က ကားငှားခြင်းကို ခံခဲ့ရတဲ့ လူတစ်ယောက်ဟာ လူမှုကွန်ယက်မှာ ယခုကဲ့သို့ မျှဝေခဲ့ပါတယ်။

ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့အသက် ၈၀ ကျော်အဖွားအိုတစ်ယောက်

သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးအလုပ် လုပ်နေတဲ့အဖွားကို လေးစားသောအားဖြင့် ပိုက်ဆံနဲ့ကန် တော့ပါရစေ ဆိုတော့

ဝမ်းသာလွန်းလို့ ဆုတွေတရစပ်ပေးနေတော့တာပဲ။၅၀၀၀ တန် ၅ ရွက်ကို မယုံနိုင်တဲ့မျက်လုံးနဲ့ ကြည့်ရင်း ဆုတွေတရစပ်ပေးနေတော့တယ်။

ဝမ်းသာ ဝမ်းနဲတဲ့ မျက်ဝန်းတွေနဲ့ ငေးကျန်ခဲ့တဲ့ အဖွား ကျန်းမာပါစေ။ပရိတ်သတ်ကြီးရေ Myozayar Lwin ရဲ့ စိတ်ဓါတ်လေးကို ချီးကျူးမိပါတယ်။ အဖွားအိုလည်း ကျန်းမာပါစေနော်။မိတ်ဆွေတို့လဲ သက်ကြီးရွယ်အို အဖိုး အဖွားများ ခက်ခဲရုန်းကန်နေတာတွေ့ရင် ယခုအချိန်မှာတတ်နိုင်သလောက်ကူညီ စောင်မပေးကြဖို့မေတ္တာထားပြီး တိုက်တွန်းဆော်အပ်ပါတယ်…။

အသက် ၈၅နွစ်အရယြ် သနပ္ခါးသည်အဘြားက ကားလာဌားလို့ လိုက္ပို့ပေးလိုက်ရေသာအခါ….







Be the first to comment

Leave a Reply

Your email address will not be published.


*