
သင္လံုးဝထင္မထားေလာက္မယ့္ စားလို႔ရတဲ့ ထူးထူးဆန္းဆန္းအရာ ၇ မ်ိဳး
အရသာ အဆိပ် သစ်ခေါက် ကြက်ဥခွံ
အရသာ မကောင်းဘူးလို့ တွက်ထားလို့ပဲဖြစ်စေ၊ အဆိပ် ရှိမယ်လို့ ထင်ထားလို့ဖြစ်စေ၊ ဝါးလို့မရဘူးလို့ ထင်ထားလို့ဖြစ်စေ စားလို့ မရလောက်ဘူးလို့ လူတွေ သတ်မှတ်ထားတဲ့ အရာတွေ ရှိပါတယ်။ ဒါပေမယ့် ထိုအရာတွေထဲက အချို့ကတော့ အံ့သြစရာကောင်းစွာပဲ စားလို့ရပါတယ်တဲ့။ ဘာတွေကို ဘယ်လိုစားလို့ရလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
(၁) သစ်ခေါက်
သစ်ခေါက်ဆိုတာ ရှေးကတည်းက စားလို့ရတယ်လို့ သတ်မှတ်ထားခဲ့ကြတာပါ။ လူတွေ စားသုံးလေ့ရှိတာကတော့ သစ်ကြံပိုးခေါက်ပါ။ အခြားသစ်ခေါက်တွေကိုလည်း အမှုန့်ကြိတ်ပြီး ဂျုံအစားထိုးတောင် စားသုံးလို့ရပါတယ်တဲ့။ သစ်ခေါက်ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပြီး ဗီတာမင်စီ စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
(၂) ကြက်ဥခွံ
သဘာဝအတိုင်း ဥထားတဲ့ ကြက်ဥတွေက ကြက်ဥခွံတွေကို ၂၀၀ ဒီဂရီနဲ့ ပြုတ် သို့မဟုတ် ဖုတ်ပြီးနောက် အမှုန့်ဖြစ်အောင် ချေလိုက်ပါ။ ရလာတဲ့ အမှုန့်ဟာ သတ္တုဓာတ်ကြွယ်ဝတာကြောင့် ကယ်လ်ဆီယမ်အစားထိုး အာဟာရမှုန့်အဖြစ် စားသုံးနိုင်ပါတယ်တဲ့။
(၃) သားရေ
လူ့အသုံးအဆောင်တွေ ပြုလုပ်လေ့ရှိတဲ့ တိရိစ္ဆာန်သားရေတွေကို မာလွန်းလို့ စားလို့ မရဘူး ထင်ကောင်းထင်နိုင်မှာပါ။ ဒါပေမယ့် နိုက်ဂျီးရီးယားနိုင်ငံမှာဆို နွားသားရေတွေကို စားလေ့ရှိကြပါတယ်တဲ့။ စားလို့ရပေမယ့် အာဟာရဓာတ် မပါဝင်ဘူးလို့တော့ သိပ္ပံပညာရှင်များ စမ်းသပ်အတည်ပြုထားပါတယ်။
(၄) ဒုဓလီပန်း
ဒုဓလီပန်းတွေဟာ လှလည်းလှသလို စားသုံးဖို့လည်း အာဟာရဓာတ် ကြွယ်ဝလှပါတယ်။ ဗီတာမင် C, A, K ဓာတ်များ ကြွယ်ဝပြီး ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ အဖောအရောင်သက်သာစေတဲ့ ဆေးအဖြစ်တောင် ဖော်စပ်အသုံးပြုကြပါတယ်။
(၅) ရွှေ
ရွှေဟာ ဇီဝသဘောအရ ဓာတ်မပြုနိုင်တဲ့အတွက် စားသုံးလိုက်တဲ့အခါမှာလည်း အူအတွင်းထဲမှာ စုပ်ယူ ချေဖျက်နိုင်စွမ်း မဖြစ်စေပါဘူး။ စားသုံးလိုက်ရင် အန္တရာယ်မရှိစေပါဘူး။ ဒါကြောင့် တချို့ ဟင်းပွဲတွေ အချိုပွဲတွေမှာဆို အလှဆင်တဲ့အနေနဲ့ ရွှေမှုန်တွေကိုတောင် ဖြူးထားသေးတတ်တာကို တွေ့ရတာပါ။
(၆) ရွံှ့
အသားအရေ လှပဖို့ ရွှံလိမ်းလို့ရတယ်ဆိုတာတော့ သိထားကြပါတယ်။ ဒါ့အပြင် ရွှံ့ဟာ စားလို့ပါ ရပါသေးတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့မှာဆို ရွှံ့ကို အစားအစာတစ်ခုလိုတောင် စားကြပါတယ်။ ဒါ့အပြင် ဇင့်ဓာတ်ချို့တဲ့သူများကလည်း ရွှံ့ကို အားဖြည့်စာအနေနဲ့ စားကြပါတယ်။ အူထဲက အဆိပ်တွေတောင် ဖယ်ရှားပေးနိုင်ပါတယ်တဲ့။ တစ်ချက်သတိပြုရမှာကတော့ စားမယ့် ရွှံ့ဟာ အစားအစာအဖြစ် အရည်အသွေး ပြည့်မီကြောင်း သတ်မှတ်ထားမှသာ စားဖို့ စိတ်ချရမှာပါ။
(၇) မြေဖြူခဲ
မြေဖြူခဲတွေဟာ ကယ်လ်ဆီယမ်ကာဘွန်နိတ် သက်သက်သာ ဖြစ်တဲ့အတွက် ဘေးဥပါဒ်ကင်းတဲ့ ပစ္စည်းဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထူးတလည် ကောင်းကျိုးမပေးပေမယ့် စားလို့ ရနိုင်တဲ့ အရာဖြစ်ပါတယ်။ အချို့ဆို မြေဖြူခဲကိုမှ စားလိုစိတ် ပြင်းပြတဲ့ သူတွေတောင် ရှိပါသေးတယ်။
သငႅံုးဝထငၼထားေလာကၼယ့္ စားလို႔ရတဲ့ ထူးထူးဆႏ္းဆႏ္းအရာ ၇ မ္ိဳး
အရသာ အဆိပ္ သစ္ေခါက္ ၾကက္ဥခြံ
အရသာ မေကာင္းဘူးလို႔ တြက္ထားလို႔ပဲျဖစ္ေစ၊ အဆိပ္ ရွိမယ္လို႔ ထင္ထားလို႔ျဖစ္ေစ၊ ဝါးလို႔မရဘူးလို႔ ထင္ထားလို႔ျဖစ္ေစ စားလို႔ မရေလာက္ဘူးလို႔ လူေတြ သတ္မွတ္ထားတဲ့ အရာေတြ ရွိပါတယ္။ ဒါေပမယ့္ ထိုအရာေတြထဲက အခ်ိဳ႕ကေတာ့ အံ့ၾသစရာေကာင္းစြာပဲ စားလို႔ရပါတယ္တဲ့။ ဘာေတြကို ဘယ္လိုစားလို႔ရလဲဆိုတာ ဆက္ၾကည့္လိုက္ရေအာင္။
(၁) သစ္ေခါက္
သစ္ေခါက္ဆိုတာ ေရွးကတည္းက စားလို႔ရတယ္လို႔ သတ္မွတ္ထားခဲ့ၾကတာပါ။ လူေတြ စားသုံးေလ့ရွိတာကေတာ့ သစ္ႀကံပိုးေခါက္ပါ။ အျခားသစ္ေခါက္ေတြကိုလည္း အမႈန႔္ႀကိတ္ၿပီး ဂ်ဳံအစားထိုးေတာင္ စားသုံးလို႔ရပါတယ္တဲ့။ သစ္ေခါက္ေၾကာင့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရႏိုင္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ေလွ်ာ့ခ်ေပးၿပီး ဗီတာမင္စီ စုပ္ယူႏိုင္စြမ္းကို ျမႇင့္တင္ေပးပါတယ္။
(၂) ၾကက္ဥခြံ
သဘာဝအတိုင္း ဥထားတဲ့ ၾကက္ဥေတြက ၾကက္ဥခြံေတြကို ၂၀၀ ဒီဂရီနဲ႔ ျပဳတ္ သို႔မဟုတ္ ဖုတ္ၿပီးေနာက္ အမႈန႔္ျဖစ္ေအာင္ ေခ်လိုက္ပါ။ ရလာတဲ့ အမႈန႔္ဟာ သတၱဳဓာတ္ႂကြယ္ဝတာေၾကာင့္ ကယ္လ္ဆီယမ္အစားထိုး အာဟာရမႈန႔္အျဖစ္ စားသုံးႏိုင္ပါတယ္တဲ့။
(၃) သားေရ
လူ႔အသုံးအေဆာင္ေတြ ျပဳလုပ္ေလ့ရွိတဲ့ တိရိစာၦန္သားေရေတြကို မာလြန္းလို႔ စားလို႔ မရဘူး ထင္ေကာင္းထင္ႏိုင္မွာပါ။ ဒါေပမယ့္ ႏိုက္ဂ်ီးရီးယားႏိုင္ငံမွာဆို ႏြားသားေရေတြကို စားေလ့ရွိၾကပါတယ္တဲ့။ စားလို႔ရေပမယ့္ အာဟာရဓာတ္ မပါဝင္ဘူးလို႔ေတာ့ သိပၸံပညာရွင္မ်ား စမ္းသပ္အတည္ျပဳထားပါတယ္။
(၄) ဒုဓလီပန္း
ဒုဓလီပန္းေတြဟာ လွလည္းလွသလို စားသုံးဖို႔လည္း အာဟာရဓာတ္ ႂကြယ္ဝလွပါတယ္။ ဗီတာမင္ C, A, K ဓာတ္မ်ား ႂကြယ္ဝၿပီး ပိုတက္ဆီယမ္ဓာတ္လည္း ပါဝင္ပါတယ္။ အေဖာအေရာင္သက္သာေစတဲ့ ေဆးအျဖစ္ေတာင္ ေဖာ္စပ္အသုံးျပဳၾကပါတယ္။
(၅) ေ႐ႊ
ေ႐ႊဟာ ဇီဝသေဘာအရ ဓာတ္မျပဳႏိုင္တဲ့အတြက္ စားသုံးလိုက္တဲ့အခါမွာလည္း အူအတြင္းထဲမွာ စုပ္ယူ ေခ်ဖ်က္ႏိုင္စြမ္း မျဖစ္ေစပါဘူး။ စားသုံးလိုက္ရင္ အႏၲရာယ္မရွိေစပါဘူး။ ဒါေၾကာင့္ တခ်ိဳ႕ ဟင္းပြဲေတြ အခ်ိဳပြဲေတြမွာဆို အလွဆင္တဲ့အေနနဲ႔ ေ႐ႊမႈန္ေတြကိုေတာင္ ျဖဴးထားေသးတတ္တာကို ေတြ႕ရတာပါ။
(၆) ႐ြံွ႔
အသားအေရ လွပဖို႔ ႐ႊံလိမ္းလို႔ရတယ္ဆိုတာေတာ့ သိထားၾကပါတယ္။ ဒါ့အျပင္ ႐ႊံ႕ဟာ စားလို႔ပါ ရပါေသးတယ္။ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကတို႔မွာဆို ႐ႊံ႕ကို အစားအစာတစ္ခုလိုေတာင္ စားၾကပါတယ္။ ဒါ့အျပင္ ဇင့္ဓာတ္ခ်ိဳ႕တဲ့သူမ်ားကလည္း ႐ႊံ႕ကို အားျဖည့္စာအေနနဲ႔ စားၾကပါတယ္။ အူထဲက အဆိပ္ေတြေတာင္ ဖယ္ရွားေပးႏိုင္ပါတယ္တဲ့။ တစ္ခ်က္သတိျပဳရမွာကေတာ့ စားမယ့္ ႐ႊံ႕ဟာ အစားအစာအျဖစ္ အရည္အေသြး ျပည့္မီေၾကာင္း သတ္မွတ္ထားမွသာ စားဖို႔ စိတ္ခ်ရမွာပါ။
(၇) ေျမျဖဴခဲ
ေျမျဖဴခဲေတြဟာ ကယ္လ္ဆီယမ္ကာဘြန္နိတ္ သက္သက္သာ ျဖစ္တဲ့အတြက္ ေဘးဥပါဒ္ကင္းတဲ့ ပစၥည္းျဖစ္ပါတယ္။ က်န္းမာေရးအတြက္ အထူးတလည္ ေကာင္းက်ိဳးမေပးေပမယ့္ စားလို႔ ရႏိုင္တဲ့ အရာျဖစ္ပါတယ္။ အခ်ိဳ႕ဆို ေျမျဖဴခဲကိုမွ စားလိုစိတ္ ျပင္းျပတဲ့ သူေတြေတာင္ ရွိပါေသးတယ္။
Leave a Reply