၂၁ ရာစု မိန္းမ တစ္ေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္

၂၁ ရာစု မိန္းမ တစ္ေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္

ကျမချစ်သူကို ပြောခဲ့ဖူးတယ် ။ နောက် ၂နှစ်လောက်နေရင် ငါလက်ထပ်ဖြစ်လိမ့်မယ် ။ဒါပေမယ့် ငါလက်ထပ်တဲ့သူက နင်ဟုတ်ချင်မှ ဟုတ်လိမ့် မယ် ။နောက် ၂နှစ်လောက်နေရင် အဆင်ပြေတဲ့သူကို ငါ လက်ထပ်သွားမှာပဲလို့….။ကြားကြားချင်းတော့ သူစိတ်ဆိုးတယ် ။ နောက်တော့ သူ လက်ခံသွားတယ် ။

ကျမဆိုလိုတာက မိန်းမတစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ ….အချစ်က အဓိကမကျတော့ဘူး | ကိုယ်ချစ်တဲ့သူဆိုရင် တော့ ပိုကောင်းတာပေါ့ ။ဒီလူကို တစ်သက်လုံးအားကိုးရတော့မှာ တစ်သက်တာ မှီခိုရတော့မှာမဟုတ်လား ။

အချစ်က ထမင်းမကျွေးဘူး ။ ကိုယ် ထမင်းအငတ်ခံနိုင် တယ်ထား ကိုယ့်ရင်သွေးလေးတွေကို ပြည့်စုံအောင် ဖန်တီးဖြည့်စွမ်းချင်တယ် ။ကိုယ့်ကလေးကို သူများထက် အောက်မကျစေချင်ဘူး !!နောက်တစ်ခုက မိဘ , မိဘစိတ်ပူရတဲ့သားသမီး မဖြစ် ချင်ဘူး ။ငွေဆိုတာ ဒုတိယဘုရားသခင်လို့ခံယူထားတယ် !!

ကိုယ့် မိသားစုအတွက် ပြည့်စုံအောင်ရှာဖွေပေးနိုင်တဲ့ ယောကျ်ားကိုယူထားမှ စီးပွားရေးမပူပန်ရဘဲ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက်နွေးထွေးမှု အပြည့်အဝပေးနိုင်မှာလို့ပဲ ခံယူထားတယ် ။

ဒီအတွက် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တယ် ကိုယ့် ချစ်သူနဲ့ တစ်သက်လုံး အတူနေချင်တယ်ဆိုရင်ချစ်သူကအားကိုးလောက်တဲ့ အရည်အချင်း | ယုံကြည် လောက်တဲ့ စွမ်းရည်ရှိအောင် ကြိုးစားပေါ့ !!တစ်သက်လုံး တစ်နှစ်စောင့်လည်း ကြိုးစားနေတယ် ဆိုတဲ့ အဆင့်ကတက်မလာ | နှစ်နှစ်စောင့်လည်း စုဆောင်းမှုက နတ္ထိ ….
မျက်နှာလေးလာဖူးရတဲ့ဘဝမှာ ပျော်နေရုံနဲ့တော့ တစ်သက်နီးမှာ မဟုတ်ဘူး ။

မိန်းမတစ်ယောက်အနေနဲ့ အိမ်ထောင်ဖက်ကိုရွေးချယ် တဲ့နေရာမှာ ….သစ္စာရှိမှာလား , ကြင်နာတတ်လား , နွေးထွေးတတ်လား ဆိုတာတွေအပြင် အားကိုးရမှာလားဆိုတဲ့အချက်ကိုပါ ထည့်တွက်မှာ အသေအချာပဲ ။

ဒုံရင်း ဒုံရင်း မျက်နှာမော်ဖူးမယ့်ဘဝ ရတဲ့လစာလေးကို ချစ်သူနဲ့မုန့်စားရတဲ့ ဘောနပ်စ်လေးကို ချစ်သူနဲ့ လျှောက်ဖြုန်းနေတဲ့ အဆင့်နဲ့ မှန်းလို့ကတော့ တစ်နေ့ ကျန်ရစ်ဖြစ်မှာပဲ ။ဖြစ်ခဲ့ရင်လည်း ကိုယ်ညံ့လို့ အားကိုးထိုက်တဲ့ယောကျ်ားဆီ ပါသွားတယ်လို့ပဲ ယူဆလိုက်တော့ !!ယောကျ်ားဆိုတာ မိန်းမမယူခင်တည်းက စီးတဲ့ ရေ | ဆည်တဲ့ ကန်သင်းမူကို ကျင့်ရမှာပဲမဟုတ်လား …. ။

၂၁ ရာစု မိႏ္းမ တစ္ေယာက္ရဲ႕ ျဖင့္ဟဝႏၡံခ္က္

က်မခ်စ္သူကို ေျပာခဲ့ဖူးတယ္ ။ ေနာက္ ၂ႏွစ္ေလာက္ေနရင္ ငါလက္ထပ္ျဖစ္လိမ့္မယ္ ။ဒါေပမယ့္ ငါလက္ထပ္တဲ့သူက နင္ဟုတ္ခ်င္မွ ဟုတ္လိမ့္ မယ္ ။ေနာက္ ၂ႏွစ္ေလာက္ေနရင္ အဆင္ေျပတဲ့သူကို ငါ လက္ထပ္သြားမွာပဲလို႔….။ၾကားၾကားခ်င္းေတာ့ သူစိတ္ဆိုးတယ္ ။ ေနာက္ေတာ့ သူ လက္ခံသြားတယ္ ။

က်မဆိုလိုတာက မိန္းမတစ္ေယာက္ လက္ထပ္ဖို႔ ဆုံးျဖတ္တဲ့အခါ ….အခ်စ္က အဓိကမက်ေတာ့ဘူး | ကိုယ္ခ်စ္တဲ့သူဆိုရင္ ေတာ့ ပိုေကာင္းတာေပါ့ ။ဒီလူကို တစ္သက္လုံးအားကိုးရေတာ့မွာ တစ္သက္တာ မွီခိုရေတာ့မွာမဟုတ္လား ။

အခ်စ္က ထမင္းမေကြၽးဘူး ။ ကိုယ္ ထမင္းအငတ္ခံႏိုင္ တယ္ထား ကိုယ့္ရင္ေသြးေလးေတြကို ျပည့္စုံေအာင္ ဖန္တီးျဖည့္စြမ္းခ်င္တယ္ ။ကိုယ့္ကေလးကို သူမ်ားထက္ ေအာက္မက်ေစခ်င္ဘူး !!ေနာက္တစ္ခုက မိဘ , မိဘစိတ္ပူရတဲ့သားသမီး မျဖစ္ ခ်င္ဘူး ။ေငြဆိုတာ ဒုတိယဘုရားသခင္လို႔ခံယူထားတယ္ !!

ကိုယ့္ မိသားစုအတြက္ ျပည့္စုံေအာင္ရွာေဖြေပးႏိုင္တဲ့ ေယာက်္ားကိုယူထားမွ စီးပြားေရးမပူပန္ရဘဲ ကိုယ့္ သားသမီး ကိုယ့္မိသားစုအတြက္ေႏြးေထြးမႈ အျပည့္အဝေပးႏိုင္မွာလို႔ပဲ ခံယူထားတယ္ ။

ဒီအတြက္ ကိုယ္ခ်စ္တဲ့သူကို ပိုင္ဆိုင္ခ်င္တယ္ ကိုယ့္ ခ်စ္သူနဲ႔ တစ္သက္လုံး အတူေနခ်င္တယ္ဆိုရင္ခ်စ္သူကအားကိုးေလာက္တဲ့ အရည္အခ်င္း | ယုံၾကည္ ေလာက္တဲ့ စြမ္းရည္ရွိေအာင္ ႀကိဳးစားေပါ့ !!တစ္သက္လုံး တစ္ႏွစ္ေစာင့္လည္း ႀကိဳးစားေနတယ္ ဆိုတဲ့ အဆင့္ကတက္မလာ | ႏွစ္ႏွစ္ေစာင့္လည္း စုေဆာင္းမႈက နတၳိ ….
မ်က္ႏွာေလးလာဖူးရတဲ့ဘဝမွာ ေပ်ာ္ေန႐ုံနဲ႔ေတာ့ တစ္သက္နီးမွာ မဟုတ္ဘူး ။

မိန္းမတစ္ေယာက္အေနနဲ႔ အိမ္ေထာင္ဖက္ကိုေ႐ြးခ်ယ္ တဲ့ေနရာမွာ ….သစၥာရွိမွာလား , ၾကင္နာတတ္လား , ေႏြးေထြးတတ္လား ဆိုတာေတြအျပင္ အားကိုးရမွာလားဆိုတဲ့အခ်က္ကိုပါ ထည့္တြက္မွာ အေသအခ်ာပဲ ။

ဒုံရင္း ဒုံရင္း မ်က္ႏွာေမာ္ဖူးမယ့္ဘဝ ရတဲ့လစာေလးကို ခ်စ္သူနဲ႔မုန႔္စားရတဲ့ ေဘာနပ္စ္ေလးကို ခ်စ္သူနဲ႔ ေလွ်ာက္ျဖဳန္းေနတဲ့ အဆင့္နဲ႔ မွန္းလို႔ကေတာ့ တစ္ေန႔ က်န္ရစ္ျဖစ္မွာပဲ ။ျဖစ္ခဲ့ရင္လည္း ကိုယ္ညံ့လို႔ အားကိုးထိုက္တဲ့ေယာက်္ားဆီ ပါသြားတယ္လို႔ပဲ ယူဆလိုက္ေတာ့ !!ေယာက်္ားဆိုတာ မိန္းမမယူခင္တည္းက စီးတဲ့ ေရ | ဆည္တဲ့ ကန္သင္းမူကို က်င့္ရမွာပဲမဟုတ္လား …. ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *