
ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ)တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ်
ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ“စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာစပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီးရေစိမ်အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ
သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ်
ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်
ခြင်တွေတကယ်ပြေးလို့ခုတော့ကျွန်တော်ပျော်နေပြီအားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော်အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်…….
(ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ)
ခြင်ဆေး ၊ ခြင်ရိုက်ဘတ်တံတောင် လုံးဝမလိုတော့တဲ့အထိ ၁၀၀ရာခိုင်နှုန်း အာမခံနိုင်တဲ့ သဘာဝခြင်ပြေးနည်း
Leave a Reply