
ကြော်ငြာရိုက်ကူးရင်း မထင်မှတ်တဲ့အပြုအမူလေးကြောင့် ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားရတဲ့ မိုးဟေကိုနဲ့ပိုင်တံခွန်တို့ရဲ့ဗီဒီယိုလေး
ပရိသတ်ကြီးရေ… မင်းသမီးချော မိုးဟေကိုနဲ့ မင်းသားချော ပိုင်တံခွန်တို့ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ မိုးဟေကို ဟာ အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို မကြာခဏ ဆိုသလို အတူတူတွဲဖက်လုပ်ကိုင်ရလေ့ရှိပြီး အပြင်မှာ လည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက် ထားတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာလည်း ပိုင်တံခွန်နဲ့ မိုးဟေကို က ဒီဇိုင်နာမင်းသက်စံရဲ့ မင်္ဂလာဝတ်စုံကြော်ငြာအတွက် ဓာတ်ပုံရိုက်ကူးရေးလုပ်ပေးခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပုံတွေမှာ ပိုင်တံခွန်နဲ့ မိုးဟေကိုက မျက်နှာ ချင်းကပ်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးရာမှ မျက်နှာချင်း ကပ်ရုံသာမကပဲ နှုတ်ခမ်းချင်းပါထိနေခဲ့ကြတာကို အခု လိုပဲ တွေ့ရပါတယ်။
ပိုင်တံခွန်နဲ့ မိုးဟေကိုကတော့ တစ်ယောက်နဲ့တစ် ယောက် ခင်မင်ကြတယ်ဆိုပေမယ့် အဆိုပါဗီဒီယိုတွေ ပျံ့နှံ့လာတဲ့အခါမှာတော့ ပရိသတ်တွေက အံ့အားသင့် နေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်တံခွန်က ချစ်သူရှိ တဲ့သူဖြစ်တဲ့အတွက် ပရိသတ်တွေက ပိုပြီး တအံ့တဩ ဖြစ်နေရတာပဲဖြစ်ပါတယ်။
Credit;
Credit;
Leave a Reply