
6.10.2023 နေ့ မိုးလေဝသ အခြေအနေ
မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ အိန္ဒိယနိုင်ငံအတွင်းမှ လေစိုင်ဝဲဟာ ဘက်ဂလားဒက်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်လာနေပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ထိုင်းနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနဲ လေစိုင်ဝဲကြီးဟာ အနောက်ဖက်ကို ဦးတည်ရွှေ့လားနေပါတယ်။ ဆိုပါ လေစိုင်ဝဲကြီး၂ခုကြောင့် ယနေ့မှာတော့ မြန်မာနိုင်ငံမှာ မိုးပြန်ကောင်းလာမယ့်လို့ ခန့်မှန်းထားပါတယ်။
ရန်ကုန်တိုင်း တနင်္သာရီတိုင်း မွန်ပြည်နယ် ဧရာဝတီတိုင်း ကရင်ပြည်နယ် ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးရွာသွန်းမှာဖြစ်ပါတယ် ။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ နေရာကျဲကျဲမိုးရွာသွန်းပြီး မိုးထစ်ချုန်းနိုင်ပါတယ်။ ရခိုင်ပြည်နယ်၊ ချင်ပြည်နယ် မကွေးတိုင်း တို့မှာ မိုးရွာသွန်းမှု့လျှော့နည်းနေပါမယ်။
မနက်ဖြန် ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံမြောက်ဖက်ပိုင်းမှာ ဘင်္ဂလားဘက်က လေစိုင်ဝဲကြီးရဲ့ အရှိန်၊ တောင်ဘက်မှာ ထိုင်းနိုင်ငံဘက်ကနေဝင်လာမယ့် လေစိုင်ဝဲကြီးတို့အရှိန်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမှာဖြစ်ပြီး တစ်ချို့နေရာတွေမှာ မိုးကြီးနိုင်ပါတယ်။ အောက်တိုဘာက ၁၁ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း လေစိုင်ဝဲကြီးတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအရှေ့ဘက် ဗီယက်နမ်နိုင်ငံအတွင်းကို တိုင်ဖွန်းမုန်တိုင်းဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ် ။ အဆိုပါ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ မိုးနှောင်းရာသီမှာ မိုးကောင်းနေအုံးမယ်လို့ ခန့်မှန်းပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယပါစေ
Leave a Reply